CH- 31

816 97 4
                                    

အပိုင်း ၃၁ ကံဆိုးမှု (အပိုင်း ၁)

  ညမိုးချုပ်လာပြီး လမင်းကြီးက သစ်ကိုင်းထိပ်ဖျားသို့ရောက်လာကာ အချိန်က ဟိုင်ရှီ(ည ၉နာရီမှ ၁၁နာရီအထိ)ဖြစ်နေသော်လည်း ခန်းမဆောင်ကြီးထဲတွင် မီးလုံးများက လင်းထိန်နေသေးသည်။ လို့ရှီးယန်က ပင်မထိုင်ခုံတွင် ထိုင်နေပြီး သစ်သားကုလားထိုင်၏လက်ကိုင်ကို လက်ညိုးဖြင့် ညင်သာစွာ တောက်နေတာကြောင့် အသံများထွက်နေသည်။ အသံက အကျယ်ကြီး မဟုတ်ပေမယ့် တိတ်ဆိတ်နေတဲ့ ခန်းမကြီးထဲမှာတော့ ထူးထူးခြားခြား ရှင်းရှင်းလင်းလင်း ကြားနေရသည်။ လို့ရှီးဝူက ခေါင်းကို အနည်းငယ်မော့ကာ လို့ရှီးယန်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူမ အစ်ကိုကြီးက သူမကို စကားမပြော၊ မအော် မငေါက်ဘဲ၊ သူ့၏ မျက်နှာပေါ်တွင် စိတ်ခံစားမှုနှင့် ဒေါသများ ကင်းမဲ့နေသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သူမ ခေါင်းမှခြေဖျားအထိ စိုစွတ်နေသည်။ ယခုအခါ သူမက အအေးဒဏ်နှင့် ဆာလောင်မှုကြောင့် တုန်လှုပ်နေသည်။ သို့သော် လို့ရှီးဝူက စကားတစ်ခွန်းမှ မပြောရဲဘဲ နာခံစွာ ခေါင်းငုံ့ထားဆဲဖြစ်သည်။

  သူမ စာတစ်စောင်ကို ချန်ထားခဲ့ကာ ထွက်ပြေးသွားခဲ့တာက စိတ်အားထက်သန်နေသော တွန်းအားတစ်ခုကြောင့်သာ ဖြစ်ခဲ့သည်။ ပြီးတော့ သူမ မပြန်တက်တော့ပေ။ ကျင်းစနဲ့ သူမအစ်ကိုက မကြာခင်မှာ သူမကို ရှာတွေ့တော့မယ်လို့ သူမ မှန်းဆပြီး တကယ်လဲ လာရှာမည်ဟု တွေးထားခဲ့သည်။ ဒီလိုမိုးသည်းစွာရွာမယ်ဆိုတာနဲ့ သူမအစ်ကိုကြီးက ဒီလောက်ကြောက်စရာကောင်းမှန်းသိခဲ့ရင် သူမ အပြင်မထွက်ရဲပါဘူး။ အခုလည်း သေတောင် မပြေးရဲတော့ဘူး!

"မော့ဘိုင်" လို့ရှီးယန်၏ လေးနက်သောအသံက ရုတ်တရက် ထွက်ပေါ်လာပြီး လို့ရှီးဝူကို ထိတ်လန့်စေသည်။ သူမ နောက်တစ်ကြိမ် ချောင်းကြည့်သောအခါ လို့ရှီးယန်က သူမကို လုံးဝမကြည့်တော့သည်ကို တွေ့လိုက်ရသည်။ သူက အနားရှိ မော့ဘိုင်အား တိုးတိုးလေးနဲ့ "ချင်းဖုန့်၊ ထျန်းယုနဲ့ တခြားသူတွေကို သွားပြောလိုက်ပါ။ ရှီဝူကို ရှာတွေ့ပြီလို့၊ ထပ်ရှာစရာ မလိုတော့ဘူး"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now