CH- 71

514 63 0
                                    

အခန်း ၇၁ ၊ အတင်းအကျပ် လက်ထပ်ပေးခြင်း ( အပိုင်း ၂ )

"ဘာလဲ"

အော်လိုက်တာက လို့ရှီးယန် မဟုတ်ပါဘူး၊ အနီးနားမှာ ထိုင်နေတဲ့ ကျွော့ချင်း ပါ။ မင်းသမီးလေးက သူမကို တစ်ခါမြင်ပြီးတာနဲ့ ဘယ်တော့မှ မေ့ပျောက်လို့မရနိုင်လောက်အောင် လှပတဲ့ မိန်းကလေးတစ်ယောက်ဆိုတာကို သူမ သတိရမိသွားသည်။ သူမက ဂုဏ်သိက္ခာရှိပြီး နူးနူးညံညံနဲ့ တိတ်တိတ်ဆိတ်ဆိတ် နေတက်တဲ့ မိန်းခလေး ဖြစ်ပုံရတယ်။ သူမက ဘာကြောင့် သတ်သေခဲ့တာလဲ?

သူမက သူမဘေးနားမှာ ရှိနေတဲ့ လို့ရှီးယန်ကို ကြည့်လိုက်တော့ သူ့မျက်နှာမှာ အံ့အားသင့်နေတာတွေ မရှိဘဲ သူက အသံတိုးတိုးဖြင့် မေးလိုက်သည်။ "မင်းသမီး အဆင်ပြေရဲ့လား"

"နန်းတွင်းအစေခံက အချိန်မီ ရှာတွေ့ခဲ့တယ်၊ ဒါကြောင့် အဆင်ပြေနိုင်ပါတယ်။ တော်ဝင်သမားတော်တွေကတော့ ကုသပေးနေတုန်းကြပဲ"

ကံကောင်းထောက်မစွာနဲ့ အားလုံးအဆင်ပြေတယ်။ ကျွော့ချင်းက​​ လို့ရှီးယန် သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်လိုက်တာကို ခံစားလိုက်ရသည်။ မင်းသမီး သတ်သေရတဲ့ အကြောင်းရင်းကို သူ သိနေပုံပေါ်သည်။ ကျွော့ချင်းက သူ့မျက်လုံးတွေကို စိုက်ကြည့်ရင်း "ဘာလို့ သတ်သေတာလဲ"

လို့ရှီးယန်က အနည်းငယ် မျက်မှောင်ကြုတ်သော်လည်း မည်သို့ဖြေရမည်ကို သူလည်း မသိတော့ပေ။ ရွှယ်အာက သူမကိုယ်သူမ ဘာကြောင့် သတ်သေလဲဆိုတာကို မှန်းဆနေဖို့တောင် မလိုပါဘူး။ သူကြောင့်ဆိုတာကို သူ သိပေမယ့် လင်အာက နားလည်မှုလွဲသွားမှာကိုလည်း သူ မလိုလားပါဘူး။

ကျွော့ချင်းက ထိုနေ့က ပင်မခန်းမထဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်တွေးကြည့်ရင်း ကောင်မလေး၏ နူးညံ့သော မျက်လုံးများက မျက်ရည်ကျလုနီးပါးဖြင့် သူမကို စိုက်ကြည့်နေတာကို သတိရမိသွားသည်။ ယခုအချိန်တွင် ဖြစ်နေသော သူ့အမူအရာကို ခန့်မျန်းလိုက်ပြီး အတူ ကျွော့ချင်း က "ရှင်လက်ထပ်မယ့် သတို့သမီးက သူ(မ)မဟုတ်လို့လား? "

လို့ရှီးယန်က ပြန်မဖြေသေးဘဲ ကျင်းစကို တည်ငြိမ်စွာ လှမ်းပြောလိုက်သည်။ "ရထားလုံး ပြင်ထားလိုက်"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Onde as histórias ganham vida. Descobre agora