CH- 46

761 110 6
                                    

  အခန်း ၄၆ ၊ ခွဲစိတ်မှု

  "မင်း...မင်းက တော်တော် စက်ဆုပ်ရွံရှာဖို့ကောင်းတာပဲ!!"

ကျွော့ချင်း၏ စကားကို ရှင်းရှင်းလင်းလင်း ကြားပြီးနောက် ရှရွှင်းစစ်က ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။

နောက်ဆုံးတွင် ရှရွှင်းစစ်၏ အရပ်ရှည်ရှည်နှင့် ပိန်လှီသော အသွင်အပြင်က စိတ်လှုပ်ရှားနေသော အော်ဟစ်သံနှင့်အတူ ကျွော့ချင်းထံသို့ ချဉ်းကပ်လာသည်။ "ရယ်စရာကောင်းလိုက်တာ!! ငါက ဘယ်လိုလုပ် ငါ့ရဲ့သွေးရင်းသားရင်းညီမလေးကို ဒုက္ခပေးနိုင်မှာလဲ!"

  ကျွော့ချင်းက သူမ၏ ပခုံးပေါ်တွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး လို့ရှီးယန်က သူမကို သူ့ဘက်သို့ ညင်သာစွာ ဆွဲယူလိုက်ခြင်းပင်။ သူ၏ ထူးခြားရှင်းလင်းသော အသံက သူမ၏ နားထဲသို့ ဝင်ရောက်လာသည်။ "တတိယမင်းသား၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ"

  ရှရွှင်းစစ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ထဲမှ မကျေနပ်မှုများကို မျိုသိပ်လိုက်သည်။ သူက လို့ရှီးယန်နှင့် ထိပ်တိုက် ရင်မဆိုင်ရဲတာကြောင့် နောက်ပြန်လှည့်ကာ လက်နှစ်ဖက်နောက်ပစ်ပြီး မတ်တပ်ရပ်နေလိုက်သည်။ ဒါပေမယ့် သူ့လေသံက အလွန် ပြင်းထန်နေသေးသည်။ "ဘာပဲဖြစ်ဖြစ် သူ(မ)က သေပြီးနေပြီ၊ အဲ့တာကို မင်းတို့က သူ(မ)ကို အဲ့လို ဆက်ဆံကြတယ်ပေါ့၊ မင်းတို့အားလုံးက သူ(မ)ကို ဒီလို ရက်စက်တဲ့ လုပ်ရက်မျိုး လုပ်ချင်နေတယ်၊ သူ(မ) သေပြီးတာတောင် အရှက်ရပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေနိုင်မှာ မဟုတ်ဘူး၊ ပန်းဝမ်က (ဒီမင်းသားက) လုံးဝ သဘောမတူဘူး"

  အချိန်အတော်ကြာအောင် လေထုက တင်းမာနေတာကြောင့် ရှန်ယုလန်၏ တည်ကြည်သောမျက်နှာတွင် ရှားရှားပါးပါး စိုးရိမ်သောကရိပ်များ ပေါ်လာခဲ့သည်။ မင်းသမီးလေး၏ ဦးခေါင်းနောက်ဘက်ရှိ အပေါက်ကြောင့် သေဆုံးခြင်း ဟုတ်မဟုတ် ဆိုသည်မှာ ကျွော့ချင်း၏ ခန့်မှန်းချက် သက်သက်သာ ဖြစ်နေသည်။ တတိယမင်းသားက အရမ်းပြတ်သားနေတာကြောင့် သူတို့က အလောင်းကို ခွဲစိပ်စစ်ဆေးရန် အတင်းအကြပ် လုပ်လို့ မရပေ။ နောက်ဆုံးတွင် တခြားနိုင်ငံက မင်းသမီးက သေဆုံးခဲ့တာ အမှန်ပါပဲ။ အခု သူတို့ ဘာလုပ်သင့်သလဲ!?

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now