CH- 85

449 57 1
                                    

အခန်း ၈၅ နောက်ထပ်သားကောင်က ဘယ်သူလဲ?

  လို့ရှီးဝူက ကြောက်ရွံ့မှုကြောင့် ထိတ်လန့်တကြားနဲ့ တံတွေးမျိုချလိုက်ပြီး နံဘေးသို့ အနည်းငယ်တိုးကာ ထိုင်ချလိုက်သည်။ တစ်ခါတစ်ရံတွင် သူမ၏ဤယောင်းမက အရမ်း ထူးဆန်းနေသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။

  မည်သို့ပင်ဆိုစေကာမူ ကျွော့ချင်းကတော့ သူမ၏ကိုယ်ပိုင်အတွေးထဲသို့ နစ်မြုပ်သွားခဲ့သည်။ ဤကိစ္စတွင် လူသတ်သမား၏လူသတ်နည်းနှင့် ကျွမ်းကျင်မှုက အလွန်ထူးဆန်းနေပြီး ထိုကဲ့သို့ ပုံမှန်မဟုတ်သော နည်းလမ်းများကို ရွေးချယ်ခြင်းက များသောအားဖြင့် ကွင်းဆက်လူသတ်သမားများ၏ပုံစံပင် ဖြစ်သည်။ သူက ရဲမက်များကို ရန်စရန် ကြိုးစားချင်ခြင်း သို့မဟုတ် လူထုကို ထိတ်လန့်စေနိုင်သော အငွေ့အသက်ကို ဖန်တီးရန် ကြိုးစားချင်ခြင်းတို့ကြောင့် ဤအထူးလူသတ်နည်းကို ရွေးချယ်ခြင်းဖြစ်နိုင်သည်။ ထိုကဲ့သို့မဟုတ်လျှင် ပုံမှန်မဟုတ်သော ဝါသနာကြောင့် လူသတ်မှုကျူးလွန်ခြင်းလည်း ဖြစ်နိုင်သည်။ သူမက ဒီကိစ္စကို တော်တော်လေး စိတ်ဝင်စားနေခဲ့ပေမယ့် ရှန်ယုလန်က သူမဆီကို အကူအညီတောင်းဖို့ ‌ရောက်မလာခဲ့တာကြောင့် ဒီကိစ္စက သိပ်မခက်ခဲဘူးဟု သူမ တွေးလိုက်မိသည်။

  လို့ရှီးယန်က သူမ အနားယူနေခြင်းနှင့် ပြန်လည်ထူထောင်နေခြင်းကို မည်သူမှ မနှောင့်ယှက်ရန် အမိန့်ပေးထားသည်ကို သူမ မသိခဲ့ပေ။ တကယ်တော့ ရှန်ယုလန်က တစ်ကြိမ်ရောက်လာခဲ့ပြီး သူမကို မတွေ့ရဘဲ ပြန်လှည့်ထွက်သွားခဲ့ရခြင်းပင်။

  သူမတို့နှစ်ယောက်က သူမတို့၏ကိုယ်ပိုင်အတွေးတွေထဲမှာ အသီးသီး နစ်ဝင်နေချိန်တွင် ဝင်းတံခါးအပြင်ဘက်သို့ရောက်လာသော အေးစက်ပြီး အရပ်ရှည်တဲ့ အသွင်အပြင်ကို တစ်ချက်လေးတောင် သတိမထားမိလိုက်ကြပါဘူး။ ဆုအာက ထိုလူကိုရှင်းရှင်းလင်းလင်း မြင်လိုက်ရတာကြောင့် ကပျာကယာ သတင်းပို့လိုက်သည်။ "သခင်မလေး၊ စုသခင်လေး ရောက်လာပါတယ်"

  ထိုအသံကြောင့် လို့ရှီးဝူနှင့် ကျွော့ချင်းတို့က သတိပြန်ဝင်လာပြီး တံခါးဝကို လှမ်းကြည့်လိုက်ကြကာ သူမတို့ နှစ်ယောက်လုံးက အနည်းငယ် မှင်သက်သွားကြသည်။ အဖြူရောင်၀တ်စုံကို ဝတ်ဆင်ထားသော စုမူဖုန်းက နွေရာသီ၏ နေရောင်အောက်တွင် ဖြည်းညှင်းစွာ လမ်းလျှောက်လာနေခဲ့သည်။ သူ၏ပုံရိပ်က သူ့နာမည်နှင့်တူနေပြီး ယေဘူယျအားဖြင့် လေညင်းကဲ့သို့ အေးမြသော အသက်ရှုသံများ သူ့ပတ်ဝန်းကျင်တွင် အမြဲရှိနေသကဲ့သို့ဖြစ်နေကာ ရာသီဥတု၏ အပူငွေ့နှင့် တောက်လောင်မှုတို့က သူ့အနီးအနားသို့ မချဉ်းကပ်နိုင်ပုံရသည်။ ဒီလိုအေးမြပြေပြစ်ပြီး ကျက်သရေရှိသော အမူအရာမျိုးက လူတွေကို သူ့အနားမကပ်ရဲစေပေမယ့် အဝေးမှာလည်း မနေချင်ပြန်ဘူး။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now