Ch-57

697 91 4
                                    

အခန်း ၅၇ အကြံဉာဏ်တောင်းခြင်း

  ကျွော့ချင်းက သူမကို ရှန်ယုလန်လာရှာရတဲ့ အကြောင်းရင်းက အလောင်းခွဲစိတ်မှုနဲ့ ဆက်စပ်နေပုံရတယ်လို့ သူမစိတ်ထဲမှာ မှန်းဆနေခဲ့သည်။ အဲဒီနေ့ကတွေ့ခဲ့ရတဲ့ သူ့ရဲ့စိတ်အားထက်သန်မှုနဲ့ဆိုရင် အလောင်းတွေကို ခွဲစိပ်ဖို့ ဇွဲရှိရှိနဲ့ သူမဆီ သေချာပေါက် ရောက်လာမယ်ဆိုတာ သူမ သိပေမယ့် ဒီလောက်မြန်မြန်ရောက်လာမယ်လို့တော့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။

  သူမက အိမ်ရှေ့ခန်းမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာချိန်တွင် မနီးမဝေးတွင် အပြာနုရောင်ပုံရိပ်တစ်ခုက ပြေပြစ်စွာ လျှောက်လှမ်းနေခဲ့သည်။ ပန်းရိပ်ကျောက်တုံးများက ဧည့်သည်များ၏ မျက်နှာကို ရံဖန်ရံခါ ပိတ်ဆို့ထားနိုင်သော်လည်း ကျွော့ချင်းက အရပ်ရှည်သောလူ၏ အသွင်အပြင်နှင့် စိတ်နေစိတ်ထားကိုကြည့်ကာ အဲဒီလူက ဘယ်သူဆိုတာကို ရိပ်မိနေပြီ ဖြစ်သည်။ သူမက "လို့ရှီးယန်" ဟု အသံတိုးတိုးနဲ့ ခေါ်လိုက်သည်။

  ခဏအကြာတွင် လို့ရှီးယန်က သူ့၏ပေါ့ပါးသော အပြုံးကို မြှင့်တင်ကာ သူမဆီသို့ လျှောက်လာသည်။

  "ရှင် ဘာလို့ အိမ်မှာရှိနေတာလဲ" ဒီရက်တွေမှာ သူက စောစောထွက်သွားပြီး နောက်ကျမှပြန်လာနေကျ မဟုတ်ဘူးလား??

  လို့ရှီးယန်က ဒီမေးခွန်းကို ဖြေဖို့ မရည်ရွယ်ဘဲ ပေါ့ပေါ့တန်တန် ချောင်းဟန့်လိုက်ပြီး "လင်အာ၊ တစ်ချိန်လုံး ကိုယ့်ကို နာမည်တပ်ခေါ်နေတာ မသင့်တော်ဘူးလို့ မထင်ဘူးလား?"

  ဘာမှားနေလို့လဲ? ကျွော့ချင်းကတော့ သာမာန်ပဲလို့ ထင်နေတာပါပဲ။ ဒါပေမယ့် သူ့ရဲ့ လေးနက်ဟန်ဆောင်ထားတဲ့ အသွင်အပြင်နဲ့ သူ့ရဲ့ "လင်အာ"ဆိုတဲ့ အသံကို ကြားလိုက်ရတော့ ကျွော့ချင်းက အပြန်ပြန် အလှန်လှန် ဆက်ဆံလိုက်တာက ပိုကောင်းမယ်ဟု ဆုံးဖြတ်လိုက်သည်။

 ကျွော့ချင်းက ခဏလောက် စဉ်းစားဟန်ဆောင်နေပြီးမှ "ဒါဆို ကျွန်မ ရှင့်ကို ဝန်ကြီးချုပ်လို့ လို့ ခေါ်ရမလား?"

  "ယဉ်ကျေးလွန်းတယ်"

  "လို့သခင်လေး?"

  "တစိမ်းဆန်လွန်းတယ်"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now