CH- 106

332 43 0
                                    

အခန်း ၁၀၆ မင်္ဂလာပွဲမှ နှောင့်နှေးမှု (အပိုင်း ၂)

 "ခဏနေပါဦး!" ဖြူစင်သော လက်လေးတစ်ဖက်က ပေါ့ပေါ့တန်တန် ပင့်တက်လာပြီး အနီရောင်တောက်တောက် ခေါင်းဆောင်းပုဝါလေးက မြေပြင်ပေါ်သို့ ကျသွားကာ အေးစက်ကြည်လင်သော အမျိုးသမီးအသံတစ်ခုက အဆောတလျင် ထွက်ပေါ်လာသည်။

  သူမ၏ခေါင်းဆောင်းပုဝါကို ကိုယ်တိုင်ချွတ်ခဲ့သော သတို့သမီး အနည်းငယ်မျှသာ ရှိပြီး သူမ၏ရိုးစင်းသော မျက်နှာက မိတ်ကပ်လုံးဝမလိမ်းထားဘဲ သူမမျက်နှာပေါ်ရှိ အမာရွတ်များကိုပင် လုံးဝ ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။ သာမာန်သတို့သမီးလေးများကဲ့သို့ ချစ်စရာကောင်းပြီး နူးညံသော အသွင်မပေါ်နေပေမယ့် သူမ၏လှပသော မျက်နှာသွင်ပြင်နှင့် ကြည်လင်ပြတ်သားသော စိတ်နေစိတ်ထားက လူတိုင်းကို ဖုံးလွှမ်းသွားခဲ့သည်။ သူမ၏ တည်ငြိမ်အေးစက်မှုနှင့် မာန်မာနပြည့်နေသော တသီးတဆန်မှုတို့က မြင်နေရသူတိုင်းကို ပင့်သက်ရှိုက်မိစေသည်။

  ရှန်ယုလန်က ကျွော့ချင်းနှင့် အကျွမ်းတဝင်ရှိပြီး ဤအမျိုးသမီး၏ စွမ်းရည်သတ္တိနှင့်အရည်အချင်းများကို သူ သဘောကျခဲ့သည်။ သူက သူ့လက်ကို အနည်းငယ် လက်ခုပ်အုပ်လိုက်ကာ "ကိစ္စရှိသေးလို့သေးလား သခင်မ?"

 ကျွော့ချင်းက ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း စုလင်းနှင့် ရှန်ယုလန်ကြားတွင် ရပ်လိုက်ပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။ "စစ်သူကြီးစု၊ ရှန်လူကြီးမင်း၊ ဒီနေ့က ကျွန်မတို့ရဲ့ မင်္ဂလာရက်ပါ၊ ကျွန်မတို့မှာ လုပ်စရာ ဓလေ့ထုံးတမ်းလေးတွေ နည်းနည်း ကျန်သေးတယ်၊ အဲ့ဒါပြီးရင် မင်္ဂလာပွဲက အောင်မြင်တယ်လို့ ယူဆနိုင်ပါတယ်၊ အဲ့ဒါက ဖြစ်နိုင်မလားတော့ မသိပေမယ့် ချင်းလင်က နည်းနည်းလောက် အတင့်ရဲပြီး တောင်းဆိုချင်ပါတယ်၊ ကျေးဇူးပြုပြီး လူကြီးမင်းနှစ်ယောက်က တစ်ရှီးချန်ရဲ့ လေးပုံတစ်ပုံလောက် အချိန်ပေးနိုင်မလားလို့ပါ"

  စုလင်းနှင့် ရှန်ယုလန်တို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်မိကြသည်။ ဤကဲ့သို့သော တောင်းဆိုမှုမျိုး ရှိလာမည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားပေ။ လို့ရှီးယန်က ဆွေစဥ်မျိုးဆက်ကိုးခုအထိ သတ်ပစ်နိုင်သည့် ခွင့်မလွှတ်နိုင်သော နိုင်ငံတော်ပုန်ကန်မှုဖြင့် ရာဇဝတ်သင့်နေကာ အကျဉ်းချခံရတော့မည်ဖြစ်သည်။ အိမ်ထောင်မပြုထားရင် သူမမှာ လွတ်မြောက်ဖို့ အခွင့်အလမ်းရှိတုန်းပါပဲ၊ ဒါပေမယ့် အခုတော့ သူမက သေခြင်းတရားကို ရိုးရှင်းစွာ တောင်းဆိုခြင်းပင်။ သို့သော် ကျွော့ချင်း၏ခိုင်မာအေးစက်သောမျက်လုံးများနှင့် ရင်ဆိုင်နေရချိန်မှာ သူတို့မှာ ပြန်ပြောစရာ မရှိတော့တာ အမှန်ပါပဲ။ ယခုအချိန်တွင် လူများကို ဖမ်းဆီးရန်လာခဲ့ခြင်းက သူတို့၏ဆန္ဒမဟုတ်ပေ။ ထို့ကြောင့် ဤတောင်းဆိုချက်ကို သဘောမတူပါက၊ ဤအရာက အလွန်များသွားပေလိမ့်မည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now