CH- 15

976 116 7
                                    

အခန်း ၁၅- ရာဇဝတ်မှုများနှင့် အကြုံပြုချက်များ (အပိုင်း ၂)

  သူမ အံမခန်း သမ်းဝေနေစဉ်တွင် ရှန်ယုလန်က အချုပ်ခန်းတံခါးထဲသို့ လှမ်းဝင်ပြီး သူမထံသို့ တည့်တည့် လှမ်းလာခဲ့သည်။ " မင်းပြောတာတွေက အမှန်တွေပဲ၊ စကားလုံးရဲ့ အဓိပ္ပါယ်က မှန်ကန်တယ်။ မင်းရဲ့နာမည်က ဘာလဲ၊ မင်း ဘယ်မှာနေတာလဲ၊ အဲဒီကနေ သင်ယူခဲ့တာလား?"

  အမှန်တော့၊ ဒီလူငယ်က ဝမ့်ပမ်ရှန့်ကို မကြိမ်းမောင်းမီကပင် သူ ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။ သူ နှုတ်ဆိတ်နေရသည့် အကြောင်းရင်းမှာ အလောင်းခွဲစိတ်မှု အကြောင်းကို ထိုလူငယ် မည်မျှသိသည်ကို သိချင်သောကြောင့် ဖြစ်သည်။ လူငယ်က လူတိုင်းမျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပြီး သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။

အလောင်းအစက်အပြောက်များအကြောင်း လူငယ်၏နားလည်မှုက သာမန်လူများထက် များစွာသာလွန်ကောင်းမွန်ပြီး စေ့စေ့စပ်စပ်သိနေသည်။ သူ့မေးခွန်းက ရုတ်တရက်ဆန်နေကြောင်း ရှန်ယုလန်က သိသော်လည်း မီးခိုးရောင်ဝတ်ထားသည့် ထိုလူငယ်၏အထောက်အထားကို သူ့နှလုံးသားထဲကနေ သိချင်နေခဲ့သည်။ အထူးသဖြင့် သူ့ဆရာက မည်သို့သော ပုံစံဖြစ်မည်ကို သိချင်သည်။ ဘယ်သူက ဒီလိုတပည့်တစ်ယောက်ကို သွန်သင်ဆုံးမနိုင်ခဲ့တာလဲ?

    ကျွော့ချင်းရဲ့ ပါးစပ်ထောင့်က အေးခဲသွားသည်။ ဒီလူက မေးခွန်းတွေ မေးတာ အရမ်းမိုက်တယ်!

ကျွော့ချင်းက သမ်းဝေနေလို့ အုပ်ထားတဲ့ သူမရဲ့လက်တွေကို အောက်ချလိုက်ပြီး စိတ်ဝင်စားမှုကင်းမဲ့တဲ့ အေးစက်တဲ့အသံနဲ့ ပြန်ပြောလိုက်သည်။ "တရားသူကြီးမင်း၊ ခင်ဗျားက အမှားလုပ်မိတယ်လို့ ကျွန်တော် ထင်တယ်၊ ကျွန်တော်က ခင်ဗျားရဲ့လက်အောက်ငယ်သား မဟုတ်ဘူး၊ အကျဉ်းသားလည်း မဟုတ်ဘူး၊ ကျွန်တော်ကို မေးခွန်းထုတ်ဖို့ ခင်ဗျားမှာ အခွင့်အရေးရှိတယ်။ ဒါပေမယ့် ဖြေမလား မဖြေဘူးလားဆိုတာ ကျွန်တော့ရဲ့စိတ်နေစိတ်ထားပေါ်မှာပဲ မူတည်တယ်"

  ရှန်ယုလန်က သူ့ကို ဒီလိုပြန်ဖြေလာမယ်လို့ မမျှော်လင့်ထားပါဘူး။ သူ့ စိတ်တွေ ခဏလောက် ဝေဝါးသွားသည်။ လို့ရှီးယန်ရဲ့ ပါးစပ်ထောင့်က အပြုံးက ပိုပိုပြီး ထင်ရှားလာသည်။ လူငယ်လေးရဲ့စရိုက်နဲ့ပုံစံက မရိုးသားသလို အထိမ်းအကွပ်လည်း မရှိပေ။ ခုအခြေအနေကို တွက်ကြည့်ရင် မနေ့ညက သူ့အပေါ်မှာ တော်တော်ယဥ်ယဥ်ကျေးကျေး ဆက်ဆံခဲ့တာဖြစ်သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Kde žijí příběhy. Začni objevovat