CH- 50

750 101 2
                                    

  အခန်း ၅၀ အဲ့တာက ဘယ်လိုဖြစ်နိုင်မှာလဲ?!

  ကျွော့ချင်းက သူမ၏အတွေးထဲတွင် နစ်ဝင်နေပြီး လို့ရှီးယန်နှင့် ဘေးချင်းကပ်လျက် လျှောက်သွားခဲ့သည်။ လို့ရှီးယန်ကတော့ ဘာအလွဲအချော်မှ မရှိပုံရပြီး ပုံမှန်ကဲ့သို့ပင်။ ကောင်းကျင်းက ခေါင်းငုံ့နေကာ သူ့မျက်လုံးများထဲမှ ရှုပ်ထွေးနေသော အလင်းရောင်ကို ဖုံးကွယ်ထားသည်။ လူသုံးဦးက ခန်းမနောက်ဘက်သို့ ဦးတည်၍ လှည့်ပတ်သွားလာပြီးနောက် ပင်မခန်းမထက် အနည်းငယ်သေးငယ်သော နန်းတော်ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ ခန်းမအတွင်းတွင် ဖယောင်းတိုင်မီးများထွန်းထားသော်လည်း တံခါးများကို တင်းကျပ်စွာ ပိတ်ထားသည်။

  ကျွော့ချင်းက မျက်လုံးများကို မော့ကြည့်လိုက်သော်လည်း မမျှော်လင့်ဘဲ ပင်မခန်းမကြီးမှ ပျောက်ကွယ်သွားသည့် ချင်းလင်ကို တွေ့လိုက်ရသည်။ သူမကို သက်တော်စောင့်များက စောင့်ကြပ်နေသည်။ သူမတို့မျက်လုံးများက ခဏတာအတွင်း ဆုံမိသွားကြပြီး ချင်းလင်၏ မျက်လုံးများတွင် မေးခွန်းများစွာကို သူမမြင်သော်လည်း သူမ မတတ်နိုင်ပေ၊ မူလက အလွန်ရင်းနှီးသော ညီအစ်မများဖြစ်သော်လည်း သူမကတော့ ထိုကဲ့သို့ မဟုတ်တာကြောင့် ဘယ်လိုရှင်းပြရမလဲဆိုတာကို မတွေးတောနိုင်တော့ပါဘူး။

  "ဧကရာဇ်အရှင်က ချင်းလင်ကို နန်းတော်ထဲ ၀င်ဖို့ အမိန့်ပေးပါတယ်" ကောင်းကျင်းရဲ့ အသံက သာမန်မိန်းမစိုးများ၏ အသံနှင့် မတူဘဲ လေးလေးပင်ပင်ရှိနေသည်။

  ချင်းလင်က ကျွော့ချင်းကို လေးလေးနက်နက် စေ့စေ့ကြည့်ပြီးနောက် နန်းတော်ခန်းမ၏ တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။ နန်းတော်ခန်းမအတွင်းမှ ကြွေထည်ကွဲအက်သံများ ရုတ်တရက် ထွက်ပေါ်လာတဲ့ အချိန်အထိ ကျွော့ချင်းက သူမစိတ်ထဲတွင် ရှုပ်ထွေးနေသော ကိစ္စများကို တွေးတောကာ တွေဝေနေဆဲဖြစ်သည်။

  သူမနှင့် လို့ရှီးယန်က နန်းတော်အပြင်ဘက် ကျောက်ခမ်းလမ်းပေါ်တွင် ရပ်နေခဲ့သည်။ အလှမ်းဝေးတာကြောင့် သူတို့ပြောနေသည့်စကားများကို မကြားနိုင်သော်လည်း အတွင်းမှ ကျယ်လောင်သော ဆူညံသံက အတွင်းမှလေထုကို ပြသရန် လုံးဝ လုံလောက်နေခဲ့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now