နှစ်ယောက်သား တစ်ချိန်တည်း အကြည့်ပြန်လွှဲလိုက်ကြပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်ကြသည်။

  သူတို့ တိတ်တဆိတ် သဘောတူလိုက်တာကြောင့် ကျွော့ချင်းက မျက်မှောင်ကြုတ်ကာ သူမကို စိုက်ကြည့်နေသော လို့ရှီးယန်ဆီသို့ လျှောက်သွားလိုက်သည်။ သူမက သူမလက်ကို ဖြည်းညှင်းစွာ ဆန့်တန်းကာ သူ့လက်ကို ဆွဲကိုင်လိုက်သည်။ သူက အရင်က သူမဆီသို့ သူ့လက်ကို အမြဲတမ်း ကမ်းပေးထာခဲ့သည်။ ဒီနေ့တော့ သူမက သူမဘဝရဲ့အရေးကြီးဆုံး အစိတ်အပိုင်းကို သူ့လက်ကို တွဲပြီး ဆက်လျှောက်မှာပါ။

  "ချင်းအာ..." သွယ်လျသောလက်ချောင်းလေးများက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာခဲ့ပြီး သူမ၏လက်ဖဝါးမှ နွေးထွေးမှုများက သူ့လက်ဆီသို့ စီးဝင်လာနေခဲ့သည်။ လို့ရှီးယန်က အကျဉ်းချခံရမှုကြောင့် ခံစားချက်တစ်စုံတစ်ရာကို မခံစားခဲ့ရသော်လည်း အခုအချိန်မှာတော့ လှိုင်းလုံးကြီးများလိမ့်တက်သလို ခံစားမှုမျိုးကို ရင်ဆိုင်နေရပြီး သူ့တကိုယ်လုံး တုန်ယင်နေခဲ့သည်။

  သူ စကားမဆုံးခင် ကျွော့ချင်းက သူမရဲ့ နှုတ်ခမ်းထောင့်တွေကို ပင့်တင်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာတော့ သူမရဲ့ဆုံးဖြတ်ချက်ခိုင်မာမှုကြောင့် ထွက်ပေါ်လာတဲ့ အလင်းရောင်တွေက အနည်းငယ် ပြိုးပြိုးပြက်ပြက် ဖြစ်နေပြီး သူမရဲ့ ကြည်လင်ပြတ်သားတဲ့ အသံက "ဒီနေ့ ရှင့်ရဲ့ ဇနီးဖြစ်ချင်တယ်၊ ရှင်က ရာထူးကြီးတဲ့ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ် အကျဉ်းသားပဲဖြစ်ဖြစ်၊ ဒီနေ့ ကျွန်မ ရှင့်ရဲ့ဇနီး ဖြစ်ကို ဖြစ်ရမယ်!!"

 လူတိုင်းက မိတ်ကပ်မလိမ်းထားဘဲ အနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးကို လုံးလုံးလျားလျား စိုက်ကြည့်နေကြသည်။ သူမ၏အပြုအမူက မိုက်မဲသည်ဟု လူအများက ထင်နေကြသော်လည်း ထိုအမျိုးသမီးကို လေးစားမှုနှင့် စိတ်ခံစားမှုများ ပိုတိုးလာခဲ့သည်။ နောက်ဆုံးတွင် သူတို့က စည်းစိမ်ဥစ္စာနှင့် အခက်အခဲများကို မျှဝေခံစားနိုင်ကြသည်။ လို့မူဟိုင်က ကျွော့ချင်းကို ဘယ်တုန်းကမှ ကောင်းကောင်းမကြည့်ခဲ့ဖူးသည့်တိုင် ယခုအခိုက်အတန့်တွင် သူက ကျွော့ချင်းကို ပြုံးပြနေခဲ့သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now