စုလင်းက သူမကို ပြန်မဖြေဘဲ အေးစက်နေသောမျက်လုံးများဖြင့်သာ စိုက်ကြည့်နေခဲ့သည်။ ကျွော့ချင်းကလည်း သူ ထိုကဲ့သို့တုန့်ပြန်လာမည်ကို ကြိုတင်မှန်းဆပြီးသားဖြစ်နေတာကြောင့် လုံးဝကို စိတ်ထဲထားမနေတော့ဘူး။

  "ဘာတွေဖြစ်နေလို့လဲ၊ အခု အခြေအနေ ဘယ်လိုလဲ"

ကုယွင်၏ အက်ရှရှဖြစ်နေသော အသံကျယ်ကျယ်ကြောင့် ကျွော့ချင်းက မျက်မှောင်ကြုတ်သွားသည်။ လမ်းတစ်လျှောက်လုံး ပြေးလွှားလာခဲ့ရတာကြောင့် သူမ မောပန်းနွယ်နယ်နေမှာ သေချာနေသည်။ ကျွော့ချင်းက ရထားလုံးရဲ့ ကန့်လန့်ကာကို ပင့်တင်လိုက်ပြီး အသံတိုးတိုးလေးနဲ့ "ငါတို့ မှုခင်းဖြစ်ပွားတဲ့နေရာကို အရင်သွားရအေင်၊ သွားနေရင်းနဲ့ ရထားလုံးပေါ်မှာ စကားပြောကြမယ်"

  "ကောင်းပြီ" ကုယွင်က ရထားလုံးဆီသို့ သွက်သွက်လပ်လပ် လျှောက်သွားပြီး ကျွော့ချင်းက သူမနောက်သို့ လိုက်သွားခဲ့သည်။ အစကနေ အဆုံးအထိ ကုယွင်က စုလင်းကို လုံးဝ မကြည့်ဘဲ မသိလျှင် သူတို့နှစ်ယောက်အတူလာခဲ့တာ မဟုတ်သလိုပင်။ (T/N: လမ်းမှာ ဘယ်နှခါလောက် ရန်သတ်လာလဲမှ မသိတာ)

  နောက်ပိုင်းတွင် စုလင်း၏မျက်နှာက အေးစက်လာပြီးရင်း အေးစက်လာတာကို သဘောပေါက်သွားပေမယ့် ချန့်ယန့်က မိုက်မိုက်ကန်းကန်းနဲ့ ရယ်ရယ်မောမော အသွင်ဖြစ်အောင် ပြင်ဆင်လိုက်ရင်း "ဗိုလ်ချုပ်စု၊ ဗိုလ်ချုပ်က မြို့တော်ကို ပြန်လာမယ်လို့ ကျွန်တော် မမျှော်လင့်ထားမိဘူး။ ကျွန်တော်က စုမိသားစုရဲ့ ဂုဏ်သတင်းကို အမြဲလေးစားနေခဲ့တာပါ ..."

  သူ့စကားမဆုံးခင် စုလင်းက မြင်းပေါ်ပြန်တက်သွားပြီး ရထားလုံးထွက်ခွာမည့်လမ်းကြောင်းကို ဦးတည်လိုက်လေသည်။ ချန်ဟန့်က ထိုနေရာတွင် အဆင်မပြေစွာ ရပ်ကျန်နေခဲ့ပြီး လို့ရှီးယန်က ရှေ့သို့ တိုးလာကာ သူ့ပခုံးကို ပုတ်လိုက်ပြီး ပြုံးလျက် "သွားရအောင်၊ ဗိုလ်ချုပ်စုလည်း အရမ်းပင်ပန်းနေလိမ့်မယ်"

  "ဟုတ်ကဲ့" ဗိုလ်ချုပ်စုက တကယ်ကို ပင်ပန်းနေပုံပေါ်နေတာကို သိပေမယ့် ချန်ဟန့်က အနည်းငယ် စူးစမ်းချင်နေတာကြောင့် "လို့လူကြီးမင်း၊ အဲဒီမိန်းကလေးက ဘယ်သူလဲ"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now