.........................
"မောင် ဘယ်လိုဖြစ်နေတာလဲ မယ်မယ်တို့မြင်သွားရင်မကောင်းဘူး"
"ဘာဖြစ်လို့လဲကွာကိုယ့်မိန်းမ ကိုယ်ဖက်တာပဲကျုပ်မိန်းမနဲ့ကျုပ်သားအနားမှာ ကျုပ်ကနေခွင့်မရှိဘူးလား"
"နေခွင့်ရှိပါတယ် ဖက်ထားတာလွှတ်ဦး"
ရူဘီ့ဘေးမှာ အတင်းဝင်လှဲရင်းကလေးဆိုးလုပ်နေတဲ့ ခင်ပွန်းကြောင့်ပြုံးမိရသည်။
"ဖေကြီးကို စိတ်ဆိုးနေသေးလား"
"မဆိုးပါဘူး မင်းသမီးရယ်"
"တော်သေးတာပေါ့ ရှင်နဲ့ဖေကြီး အဆင်မပြေမှာကိုတွေးကြောက်နေခဲ့ရတာ ဖေကြီးကို စိတ်မညစ်စေချင်သလို ရှင့်ကိုလည်း မနာကျင်စေချင်ဘူး"
"ကျုပ်နားလည်ပါတယ် မင်းသမီးရယ်"
ဟုပြောကာပက်လက်အနေအထားပြောင်းအိပ်ပြီး လက်ကိုဆန့်တန်းကာ ရူဘီဘခေါင်းအောက်ကိုထည့်ရင်း အုံးစေပြီး
"ညတိုင်း ကျုပ်လက်မောင်းပေါ်မှာခေါင်းတင်အိပ်ရမှ အိပ်ပျော်ပါတယ်ဆိုပြီး သားလည်းရရော မအိပ်ရလည်းပျော်ပါတယ်ဖြစ်သွားတာပဲ ခင်ဗျားက"
"ဘယ်လိုလုပ် ပျော်မှာလဲ ညတိုင်း ရှင်အိပ်တဲ့အချိန်လာခိုးကြည့်ပြီး ရှင့်နှဖူးကို နမ်းနေရတာ"
"မယုံဘူး လက်တွေ့ပြ"
"မနမ်းချင်ပါဘူး ရှက်စရာကြီး မယ်မယ်တို့ဝင်လာလို့တွေ့သွားရင် ဘယ်လိုလုပ်မလဲ"
"အခုဘယ်သူမှမရှိဘူး လုပ်ပါ နမ်းပါဆို"
"ဟင့်အင်း ရှက်တယ်"
နမ်းပါပြောတိုင်း အရှက်သဲစွာငြင်းတတ်တဲ့မင်းသမီးဟာ တကယ်ကိုအသဲယားစရာ။ဒီမိန်းမကတော့ လာလီ့ကိုလာစမ်းနေတာပဲ။
"ရတယ် အဲ့တာဆို ခင်ဗျားမနမ်းရင် ကျုပ်နမ်းမယ်"
"အိုး လာလီ ဘယ်လိုဖြစ်......."
စကားများဆက်ခွင့်မပေးနိုင်ပါ။နှုတ်ခမ်းဖူးဖူးလေးကိုသာငုံထွေးရင်း စုပ်ယူနမ်းရှိုက်လိုက်သည်။ထိုအချိန်မှာပင် သားလုပ်သူဟာ ဝါး ခနဲ။
ဒိုဟွန်းလေးငိုသံကြောင့်သခင်ကြီးမှာပြာပြာသလဲ ရောက်ချလာပြီးမှ အခန်းထဲကမြင်ကွင်းကြောင့် ရှေ့တိုးရခက် နောက်ဆုတ်ရခက်ဖြစ်နေပြီ။တယ် ခက်တဲ့ကောင်။အဆုံးအစွန်အထိကို မျက်နှာကြောတည့်မနေဘူး။အနောက်မှကပ်လိုက်လာသည့် အိမ်သူက
"ဘာလို့လဲ အစ်ကို Jane"
"ဟေ ဘာလို့ရမလဲကွ မကြားဘူးလား မင့်မြေးငိုတာ"
ဟုပြောပြီး အလျင်အမြန်ပြန်ထွက်သွားတော့သည်။သခင်မကြီးမှာလည်း ခင်ပွန်းသည်အားကြည့်ကာ မရယ်ဘဲမနေနိုင်တော့။
ဘဝမှာ ဇနီးချောချောလေးရယ် သားလေးတစ်ယောက်ရယ် ရွာသူရွာသားတွေရယ် ရှိနေတော့ဘာမှမလိုတော့ဘူး။အင်း ပြောရင်တော့ ယုံနိုင်ဖွယ်ရာမရှိဘူးပေါ့။အစကနေအဆုံးထိဖြစ်ပျက်သွားတာတွေကအားလုံးအံဝင်ခွင်ကျ။တစ်ခုတော့ရှိတာပေါ့
ခင်ဗျားတို့သိထားရမှာက ကျုပ်က
ဆုတောင်းကောင်းနဲ့လာတဲ့သူ။။ ။။
{.The End }
#မကောင်းမကမ်းကို လိုက်ခဲ့ပေးကြတဲ့လူတွေကို ကျေးဇူးတင်ပါတယ် Day by day ကို ချစ်ခင်ပေးကြပါဦး။။ ပြန်တွေ့ကြမယ် ရောယောဘွန်း
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
Final
Start from the beginning
