ပန်းနုရောင်ဇာပုဝါတွေဟာနှလုံးသားကို လှလှပပ လာဖုံးအုပ်သည်။
"လူစိမ်း မင်းဘာတွေ ငေးနေတာတုန်း သခင်ကြီးသိရင်ခေါင်းပြတ်တော့မှာပဲ မျက်လုံးနဲ့တောင်ဝင့်မကြည့်ပါနဲ့ဆိုတာကို ပေါ်တင်ငေးနေလို့မဖြစ်ဘူးလေ"
သူပြောပုံအရဆို ထိုပုံရိပ်ကလေးကို မြင်လိုက်ဟန်မတူ။Li ခေါင်းသာခါလိုက်ပြီး
"ခင်ဗျားက တော်တော်ကြောက်တတ်တာပဲ ကိုယ့်ရုပ်ရည် ကိုယ့်ဗလမှအားမနာ ပြီးတော့ကျွန်တော့်နာမည်လူစိမ်းမဟုတ်ဘူး Lali''
"ဘာဖြစ်ဖြစ်ကွာ မင်းဆရာတော်နဲ့မတွေ့ဘူးလား ငါကအားယားနေတာမဟုတ်ဘူး အလုပ်တွေရှိတယ်"
''ခင်ဗျားကလည်းစိတ်ချည်းပဲ''
**********************************
"တပည့်တော် ဦးတိုက်ပါတယ်ဆရာတော်ဘုရား"
"အေးကွယ် ကျန်းမာချမ်းသာပါစေဒါနဲ့ ဒီသူငယ်က"
"မှန်ပါ့ ဆရာတော်ဘုရားကိုလာရှာတာလို့ပြောလို့တပည့်တော် လာရောက်ပို့ပေးခြင်းပါဘုရား"
"ဪ အေးအေး"
"မှန်ပါ့ တပည့်တော် အလုပ်ကလေးတွေရှိလို့ ပြန်ခွင့်ပြုပါဘုရား"
"ကောင်းပါပြီကွယ်"
ထယ်ဝူ နှုတ်ဆက်ပြီးပြန်သွားသည်နှင့် ဆရာတော်ဘုရားက Li ကိုကြည့်ကာ
"မောင်မင်းက ဘာပြုလို့ကျုပ်ကိုရှာသတုံး'
"မှန်ပါ့ဘုရား တပည့်တော်အစ်ကို ရှာခိုင်းလို့ပါဘုရား"
"မောင်မင်းအစ်ကိုကဘယ်သူတုန်း"
"Anne Manobanပါဘုရား"
"ဟေ ငါလူ့ဘဝတုန်းက အစ်ကိုရဲ့သားကြီးပဲ ဒါဆိုမောင်မင်းက"
"မှန်ပါ့ Lali Manoban ပါဘုရား Rick Manoban ရဲ့သားအငယ်ပါ"
"အင်း လောကီကိုစွန့်ခွာပြီး လောကုတ္တရာဘက်ကို ကူးပြောင်းခဲ့တယ်ဆိုပေမဲ့ သွေးသားကျေးဇူးကရှိခဲ့ဖူးလေတော့ မျက်နှာလွှဲလို့တော့ တယ် မကောင်းလှဘူး ကပ္ပိယကြီးရေ"
"ဘုရား .....လာပါပြီဘုရား အမိန့်ရှိတော်မူပါ"
"Lali ကိုမင်းနဲ့အတူခေါ်ထားလိုက်ပါကွယ် ကျောင်းဝေယာဝစ္စလေးတွေကူခိုင်းပေါ့ ကဲ Lali မောင်မင်းသူနဲ့လိုက်သွား "
"ကျေးဇူးကြီးလှပါတယ်ဘုရား"
ဦးသုံကြိမ်ချကန်တော့ကာ ကပ္ပိယကြီးနောက်လိုက်ခဲ့သည်။
*****
"ကပ္ပိယကြီး"
"ငါ့ကို ဘထွေး လိုသာခေါ် မင်းလည်းဒီမှာဘုန်းကြီးကျောင်းသားပဲဟာ"
"ဟုတ်ပါပြီဗျာ ဘထွေး ကျွန်တော်မေးစရာရှိလို့"
"အေး မေး"
"ဒီရွာမှာ အာဏာအကြီးဆုံးက Jane သခင်ကြီးဆို"
"မင်းရောက်ခဲ့ပြီးပြီမလား ဘာလို့မေးနေလဲ"
"သိချင်လို့ပေါ့ဗျ"
"Janeသခင်ကြီးကအာဏာအရှိဆုံးဆိုတာမှန်တယ် ဒါပေမဲ့သူ့ထက်အာဏာရှိတဲ့လူရှိတယ်"
"ဘယ်သူများလဲ"
"ငါတို့ဆရာတော်ပဲ"
Liမှာမျက်လုံးအဝိုင်းသားနဲ့တအံ့တဩ။ဘထွေးကိုကြည့်မိသည်။
"ဘထွေး မနောက်နဲ့နော်"
"ဟကောင်ရ မင်းငါနောက်လို့ဘာရမတုန်း တကယ်ပြောတာ ဆရာတော်ဘုရား က Janeသခင်ကြီးနဲ့ ငယ်ပေါင်း အရင်ဆရာတော်ဘုရား ပျံလွန်တော်မူတော့ ဆရာတော်ဘုရားက အခုကျောင်းထိုင်ဖြစ်လာတယ် Janeသခင်ကြီးကလည်း သူ့အဖေသခင်ကြီးသေတော့ နေရာဆက်ခံတယ် ဒီရွာမှာ ဆရာတော်ဘုရားကို မင်းဆရာ လိုကိုးကွယ်မြတ်နိုးကြတာ နှုတ်ကထွက်သမျှကရွှေပဲ ဒါကြောင့်ဆရာတော်ဘုရားကသာ အာဏာအကြီးဆုံးလို့ပြောတာ သဘောပေါက်ပြီလား မင်းပြောရတာမောတယ် ဒီနေရာမှာမင်းအိပ်လို့ရတယ် ခေါင်းအုံး စောင်ငါအခုပေးထားတယ်"
"ကျေးဇူးပါ ဘထွေး"
"ကျေးဇူးလုပ်မနေနဲ့ ရွာထဲလိုက်ခဲ့ဦး ဆရာတော် ခိုင်းထားတာရှိလို့"
"ဟုတ်"
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
