လာလီ တို့ချန်းဂူရွာကနေထွက်ပြေးလာပြီး အခုဖြောင်းဒုံရွာမှာ သောင်တင်နေခဲ့တာ တစ်ပတ်ရှိပြီ။ ဆန်မုန့်ရောင်းတဲ့ အမေအိုကြီး ဟိုလင်း ကသူတို့ကိုမွေးစားကာ အိမ်ပေါ်ခေါ်တင်ထားသည်။
"မင်းသမီးရေ အမေ မုန့်သွားရောင်းလိုက်ဦးမယ် သမီးတို့စားဖို့ အမေ ဆန်မုန့်ေလးခုထားခဲ့တယ် ပြန်လာမှ ကင်မ်ချီထမင်းကြော်ပေးမယ် ဝက်ကလီစာလေးချက်မယ်"
အသက် ၇၀ အရွယ်နှင့်မလိုက်ပေါ့ပါးလွန်းသော အပျိုကြီး ဟိုလင်းက ဝါးကြမ်းကို တစ်ဂျွမ်းဂျွမ်းနင်းရင်း မုန့်ဗန်းရွက်ကာ အောက်ဆင်းရန်ပြင်သည်။
"ရပါတယ် အမေ ကျွန်မ တို့ကဘာနဲ့စားစားပါ ပြီးတော့ မင်းသမီးလို့မခေါ်ဘဲ ရူဘီလို့ပဲခေါ်ပါလို့ ကျွန်မပြောထားပါသေးရဲ့"
"ဪ မင်းသမီးရယ် အမေက ဒီလိုပဲ ခေါ်ရတာအဆင်ပြေလို့ပါဆို ကဲ အမေသွားမယ် လူချောလေးနိုးလာရင်နှစ်ယောက်သားအတူ အဆာပြေစားထားနှင့်ကြ"
ဟု မှာကာ ထွက်သွားလေသည်။
ရူဘီမှာ ဒေါ်ဟိုလင်း မြင်ကွင်းထဲမှပျောက်သည်အထိထိုင်ကြည့်ပြီးမှ ကွက်ပျစ်ပေါ်အိပ်နေသောလာလီကို ရိုက်ကာနှိုးလိုက်သည်။
"လာလီ လာလီ ရှင်ထဦး"
"ဘာလဲ မင်းသမီးရယ် ကျုပ်အိပ်ပါရစေဦး"
"ရှင်ဘယ်ချိန်ထိအိပ်မလို့လဲ အချိန်လည်းကြည့်ဦး"
"...."
"ရှင် ဘုန်းကြီးကျောင်းမှာတုန်းကလည်းအဲ့လိုပဲအိပ်နေတာပဲလား"
"ဟ ဘုန်းကြီးကျောင်းမှာတော့အဲ့လိုအိပ်ပါ့မလား ခင်ဗျားကလည်း"
"အဲ့တာဆိုလည်း အခုထတော့ အမေတောင်ဈေးရာင်းထွက်သွားပြီ အဆာပြေလေးဘာလေးထ စားဦး"
"အေးပါ"
"ကျွန်မတို့ဒီရွာရောက်ကတည်းက အမေက တင်ကျွေးထားတာ ခြေအကောင်းလက်အကောင်းနဲ့ အဘွားအိုကြီးလုပ်စာထိုင်စားနေရတာ ကျွန်မတော့ရှက်လာပြီ ရှင့်ကြည်တော့လည်း အိပ်ချည်းနေတာပဲ ရှင်ပိုက်ဆံမရှာဘူးဆိုရင်လည်း ကျွန်မအမေနဲ့လိုက်ပြီးဈေးရောင်းမယ်"
ရူဘီ့စကားဆုံးတော့ ဆက်ခနဲ ထထိုင်လိုက်တဲ့သူ့ကြောင့်ရင်ဘတ်ကိုကဗျာကယာဖိမိရသေးသည်။
"ကျုပ်မှာအကြံရှိပါတယ်ဗျာ မင်းသမီးဈေးရောင်းမှ ကျုပ်တို့စားရမှာမဟုတ်ပါဘူး"
"ကျွန်မတော့ ရှင်အိပ်နေတာပဲတွေ့တယ်"
ရူဘီမျက်စောင်းထိုးကာပြောတော့သူက ခပ်ဟဟ ရယ်ကာ မျက်နှာသစ်ရန်ထသွားသည်။
တကယ်ပါ စတွေ့ကတည်းက ရုပ်ကလေးဖြူဖြူနုနုနဲ့ ကြွကြွရွရွ သူ့ပုံစံဟာ လက်တစ်ခါခါ ခြေတစ်ခါခါနဲ့ ပေါ်ကြော့ ပုံစံပေါက်နေပေမဲ့ ရူဘီ မသိစိတ်ထဲကသူ့ကိုတစ်ခါမှအထင်မသေးခဲ့ဖူးဘူး။ယုံကြည်မှုဆိုတာလည်းထုနဲ့ထည်နဲ့။ဒါကြောင့်လည်းလိုက်လာခဲ့မိတာထင်သည်။တခြားသောအကြောင်းပြချက်တစ်ခုလည်းပါမှာပေါ့။
ပြေးရင်း ပြေးရင်း ဖြောင်းဒုံရွာကိုရောက်တော့ သူတို့နဲ့အသွေးအမွေးမတူတဲ့ ရူဘီနဲ့လာလီတို့နှစ်ယောက်ကို အသည်းအသန်လိုက်ကြည့်ကြသေးသည်။သူကြီးအိမ်ရောက်တော့လည်း အထူးတဆန်း။မှတ်မိနေသေးသည် ထိုနေ့က
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
