C 14

925 58 2
                                        

ကလေးနာမည်ပေးပွဲကို ဖြောင်းဒုံက တစ်ရွာလုံးရွာလုံးကျွတ်လိုက်လာကြတာမို့ ချန်းဂူရွာဟာ ပွဲဈေးလို စည်ကားနေသည်။
     "အစားအသောက်ပြည့်စုံရဲ့လား ဒေါ်ကြီး"
  "အမလေး ပြည့်စုံလိုက်တာမှရေသောက်ဖို့နေရာတောင်မကျန်တော့ဘူး ချန်းဂူရွာ ဆိုတာကြားပဲကြားဖူးခဲ့တာ အခုတကယ်ရောက်တော့ မှော်ဆန်ချက်တော် ကျုပ်တို့ရွာက သူကြီးအိမ်တောင် ဒီက ဆင်းရဲသားအိမ်လောက်မကောင်းဘူး"
ဒေါ်ဟယ်လင်းဟာ ဧည့်ဝတ်လာပြုသူ ရူဘီလေးရဲ့ အထိန်းတော် အပျိုကြီးမာဘို့ဆွန်း။ဆရာတော်ဘုရားကျောင်းမှာ ကျွေးမွေးဧည့်ခံတာမို့ ဆရာတော်ဘုရားဟာလည်း မွေးနေ့မင်္ဂလာတရားကိုဟောကြားပြီးနောက် ကျက်သရေဆောင်မှာ ထိုင်တော်မူသည်။
   "ဆရာတော်ဘုရား မြေးလေးကိုနာမည် ချီးမြှင့်တော်မူပါ"
   သခင်ကြီး ဟာ မြေးအတွက်နာမည်တောင်းသည်။
    "အိမ်း ယောက်ျားလေးဆိုတော့ ဒိုဟွန်း လို့သာမှည့်လိုက် ဒိုဟွန်းမာနိုဘန် ပေါ့"
       "တင်ပါ့ဘုရား"
သခင်ကြီးကြည့်ရတာ သိပ်ကျေနပ်ချင်ပုံမရ။တစ်ဦးတည်းသော မြေးဦးလေးအား ဇာတာမတွက် ဘဲ လက်တန်းပေးလိုက်တာ ဆရာတော်ဘုရားကဘာသဘောပါလိမ့်။ရွာရဲ့ကိုးကွယ်ရာ ဆရာသခင်ဖြစ်တာမို့ ဘာသာကိုင်းရှိုင်းသူသခင်ကြီးဟာချစ်ကြောက်ရိုသေပါတယ်။သို့သော်ငြားတစ်ခါတစ်ရံမှာ ငယ်သူငယ်ချင်းဆိုတဲ့ စိတ်အခံလေးကရှိတော့ ဂျစ်ကျချင်တာကလည်း တစ်ဖုံပေါ့။ဒါပေမဲ့ နှုတ်ကနေတော့အထွန့်မတတ်ရဲခဲ့။
ဒါကြောင့် စိတ်ပြေစေဖို့ရာ မြေး‌‌ေလးအားချီပိုးရန် ရည်ရွယ်၍ ဒေါ်ဟိုလင်းဆီသို့လှည့်ကာ အနားသို့သွားလိုက်သည်။
    "အိုး အို့ အို တိတ်ပါ မင်းသားလေးရယ် အဘွားလက်ပေါ်မနေချင်လို့လား"
  ကော့လန်ထိုးကာငိုနေတဲ့ နီတာရဲလေးဟာ အသံလျော့မသွား။
     "အမေ ကျွန်တော့်ကိုပေး ကျွန်တော်ချော့ကြည့်မယ်"
  မနေနိုင်တော့တဲ့လာလီဟာသားငယ်မပင်ပန်းစေချင်တော့တာကြောင့် အငိုတိတ်လို့တိတ်ငြား ချော့ဖို့ပြင်တုန်းရှိသေး
    "မြေးလေးကျုပ်ကိုပေးပါ"
   "ခဏလေးပါ သူဌေးမင်းကြီးရယ် ကျွန်မခဏလောက်ချီထားပါရစေလားရှင်"
ဒေါ်ဟိုလင်းဟာမျက်နှာငယ်လေးနှင့်တောင်းဆိုတော့ ပြူးကြီးက
    "ဒေါ်ဟိုလင်းကြီးကလည်းဗျာ သခင်ကြီးကိုပေးချီလိုက်ပါ ရွာပြန်ရောက်ရင်လည်းတစ်ဝကြီးချီထားလို့ရတာပဲကို"
ဟုထပြောရာ သခင်မျက်နှာကွက်ခနဲပျက်သည်။
   "ဒါက ဘာစကားတုန်း"
  ပြူးကြီးမှာခေါင်း‌ကလေးပုသွားရှာသည်။
သခင်ကြီးကလာလီ့ကိုသေသေချာချာစိုက်ကြည့်လိုက်ပြီး
  "မောင်မင်းကဘာတွေတွေးနေတာလဲ ရူဘီလေးကိုထပ်ပြီး အိမ်ကခေါ်‌ထုတ်သွားဦးမလို့လား"
"‌ဪ ဒကာကြီးရယ် သူ့ဇနီးလေ သူဘယ်မှာထားထားပေါ့"
ဆရာတော်ဘုရားကဝင်မိန့်တော့သခင်ကြီးဟာတစ်ထစ်လျှော့သည်။
    "အဲ့လိုကြီးကျ မကောင်းပါဘူး‌ဘုရား ရူဘီလေးကိုယူပြီးမိဘနဲ့ခွဲထားဖို့လုပ်တာ"
  "မောင်မင်း သမက်လေ ဟေ့ကောင်မပြန်နဲ့ အိမ်မှာပဲနေလို့ ခေါ်ထားလိုက်ရင်ရော မပြီးဘူးလား"
  ''ဒါပေမဲ့......"
   "ဘာတွေ အတ္တကြီးနေတုန်း"
  "မဟုတ်ရပါဘူးဘုရား"
သခင်ကြီးနဲ့ဆရာတော်ဘုရား စကားပြောနေတုန်း လုံးဝအငိုမရပ်တဲ့ ကလေးငယ်ဟာ ဒေါ်ဟိုလင်းလက်ကနေ မာဘို့ဆွန်းလက်ထဲရောက်သွားသည်။ထို့ကြောင့်သခင်ကြီးက လက်ကိုဆန့်တန်းကာ
   "မြေးလေးကိုပေးပါ"
   "သူနို့တိုက်မှာ"
ဟုဆရာတော်ဝင်မိန့်တော့ သခင်ကြီးမျက်နှာဟာရဲခနဲ။အနားရှိလူ‌ေတွဟာလည်းရယ်ချင်စိတ်ကိုအတင်းမျိုချလိုက်ကြရလို့ မျက်နှာပိုးမသတ်နိုင်ပြုံးစိစိ။သခင်ကြီးဟာ ဆရာတော်ဘုရားကို မော်ဖူးတော့ ခပ်အေးအေးပင်ထပ်မိန့်လာသည်က
    "မောင်မင်း‌ နို့တိုက်ဖို့သူ့အမေဆီခေါ်သွားမလို့မလား အဲ့တာပြောတာပါ"
ဆရာတော်နှယ် ခက်ပါဘိ။တကယ်ကိုပြန်ပြောလို့ရတဲ့လူမဟုတ်လေတော့ သခင်ကြီးရင်ထဲတကျိကျိ။ကလေးကလည်း တကယ်ကို တအားငိုနေပြီမို့သူ့အမေဆီပို့ပေးရန် ဟယ်အင်းကိုပြောရသည်။

................

သားလေး အမည်ပေးကင်ပွန်းတပ်ဟာထင်တာထက်ပိုစည်လို့ လာလီကျေနပ်ရသည်။ ဟိုလျှောက်ဒီလျှောက်လုပ်နေတုန်း အုန်းလက်နဲ့လုပ်ထားတဲ့ မြွေရုပ်ကလေးဟာ ခြေရင်းနားမှာ။လာလီကောက်ကြည့်လိုက်တော့ အစိမ်းရောင်မှ အညိုပြောင်းကာ ခြောက်စပြုနေပြီ။လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင် ရယ်မိသည်။မျက်ဝန်းမှမျက်ရည်စတွေဟာတွဲခိုလျက် ထို့နောက်အသံကုန်ဟစ်ကာ
    "Anne မင်းဘယ်မှာလဲ"
  ပြန်ဖြေမည့်သူမရှိ။လာလီ့အသံသာပဲ့တင်ထပ်လျက်
   "ဒီအရုပ်လေးပဲပစ်ချသွားလို့ရမလားကွ ငါ့ကိုထွက်တွေ့လေကွာ ငါ့သား မင်းရဲ့တူ ဘယ်လောက်ချောကြောင်းမင်းမကြည့်တော့ဘူးလား မချီကြည့်တော့ဘူးလား"
    "Anne ငါ့ကိုထွက်တွေ့ပါကွာ ငါမင်းမရှိဘဲရပ်တည်နေနိုင်ပြီလေ မင်းကိုတလှည့် ငါရှာကျွေးမှာပေါ့ကွ"
   "ဒီအရုပ်ကမင်းလက်ရာဆိုတာငါသိတယ် ငါငယ်ငယ်က ငိုတိုင်း ငါ့ညီလေးဆော့ဖို့ဆိုပြီးမင်းလုပ်ပေးခဲ့တာလေကွာ ထွက်တွေ့ပါ Anne ရာ"
နာရီဝက်ကြာသည်အထိ တုန့်ပြန်သူမရှိ။လာလီလည်းအားရအောင် အော်‌ငိုပြီးတဲ့နောက် ဘုန်းကြီးကျောင်းဘက်ကိုပြန်ခဲ့သည်။

လာလီထွက်သွားမှသစ်ပင်အကွယ်တစ်ခုမှာပုန်းနေတဲ့လူဟာလည်း။မျက်နှာဖုံးကိုဆွဲချွတ်ကာငိုချသည်။
   "ဝမ်းသာတယ် လာလီ ငါညီလေး"
  "ခွေးကောင်လေး တော်တော်စကားတတ်နေတယ် မင်းက အလင်းဘက်ကလူ ငါကအမှောင်ဘက်ကလူ ဓားပြတစ်ယောက်ရဲ့ညီဆို မင်းသိက္ခာတွေကျသွားမှာပေါ့ ငါ့တူလေးကိုလည်းချီချင်တာပေါ့ကွာ ငါရုန်းထွက်မှာပါ ငါရုန်းမှာပါ ဒါပေမဲ့...."
တစ်ယောက်တည်းရေရွတ်နေသူဟာ ချက်ချင်းပဲ မျက်နှာဖုံးပြန်စွပ်ကာ တောလမ်းအတိုင်းတရွေ့ရွေ့ထွက်ခွာသွားသည်။
  အမှောင်ကနွံပဲ တစ်ခါနစ်ပြီးရင် ဘယ်တော့မှ ဘယ်သောအခါမှ..........

#next part coming
#new fic လေး မိတ်ဆက်ထားတယ် ဝေဘင်ပေးဦး

H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡Where stories live. Discover now