1950ခုနှစ် တောင်ကိုရီးယား ဂျယ်ဂျူဒို။
"Li ငါပြောတာသေချာနားထောင်"
ညစာစားပြီး အိမ်ရှေ့မှာ လေညှင်းခံရင်းခုံတန်းလျားမှာထိုင်နေတုန်း ဒဏ်ရာ ဗလပွနဲ့ Anne ကရောက်လာပြီး Lali လက်တွေကိုဆွဲယူကာ ငွေစတစ်ချို့ပါသည့် လက်ကိုင်ပဝါအားလက်ထဲထည့်ကာ ပြောလာခြင်းဖြစ်သည်။
"ဘာဖြစ်လာတာလဲ Anne ရာ ရုတ်တရက်ကြီး"
"ငါ တို့ဒီမှာဆက်ရှိနေလို့မရတော့ဘူး ပြေးရတော့မယ် ငါမရှိလည်း မင်းကောင်းကောင်းရှင်သန်နိုင်မယ်မလား"
"Anne!"
"မင်းဒီကနေထွက်သွားပြီးရင် ကောင်းကင်ဘုံ လို့အဓိပ္ပာယ်ရတဲ့ရွာကိုရှာပါ အဲ့မှာဆိုမင်းလုံခြုံမယ် မင်းအခုပြေးတော့ နောက်လှည့်မကြည့်နဲ့"
"မင်း မင်းကရော Anne"
"ငါလိုက်လာမှာပါ သွားတော့ညီလေး"
Anne ကမျက်ရည်တွေလည်ကာ တွန်းလွှတ်သည်။Laliမှာလည်း နားမလည်ခြင်းတွေကိုမေးခွန်းမထုတ်အားဘဲ Anneပေးတဲ့ပုဝါထုတ်ကိုကိုင်ကာ လှည့်ကြည့်လှည့်ကြည့်နှင့်ပြေးရတော့သည်။Anneလည်းလွမ်းဆွေးမနေအား ထိုနေရာမှထကာ တခြားသို့ပြေးရသည်။အကြောင်းအရင်းမှာမူ Anneမှာဓါးပြအဖွဲ့ဝင်ဖြစ်ပြီး ဓားပြတိုက်ရာတွင် လူမိကာ လိုက်ဖမ်းခံနေရသောကြောင့်ဖြစ်သည်။Anneနဲ့ Laliက ညီအစ်ကိုတွေဆိုပေမဲ့ Anne ကအကြမ်းပတမ်းသမား။ Laliကတော့ထိုသို့မဟုတ် နုညံ့သည်။အမြဲကြည့်လိုက်ရင် စာပေနဲ့ပဲအချိန်ကုန်နေတာ။နူးညံ့သောလက်ချောင်းများဟာလည်းကဗျာဆန်စွာ။ထို့ကြောင့် လူကြမ်း Anneကပဲ ညီဖြစ်သူကိုရှာဖွေကျွေးမွေးခဲ့သည်။ မပူမပင်ရအောင်ထားသည်။ရေတစ်ပုံးပင်မဆွဲခိုင်းခဲ့။အခုတော့မဖြစ်မနေမို့သာလမ်းခွဲကာပြေးခဲ့ရသည်။နောက်ဆံတင်းတင်း စိတ်မချခြင်းများစွာဖြင့်။
*****************
Li လမ်းလျှောက်ခဲ့တာ ဘယ်လောက်ကြာပြီမသိ။Anneကပြေးတော့ဆိုလို့သာပြေးလာခဲ့တာ တကယ်ကို ဘုမသိဘမသိ။Anne က တကယ်ကိုအစ်ကိုကြီး အဖရာပီသပါတယ်။မိဘတွေမရှိတော့တည်းက ရှာဖွေကျွေးမွေးလာတာ။အခုဘယ်လိုဖြစ်တယ်မသိ။
"အ,,,"
တွေးနေတာတွေကိုရပ်သွားစေတာကတော့ခြေထောက်မှာလာဆူးနေတဲ့ သစ်ကိုင်းခြောက် အစအန။လက်မှာလည်းသစ်ကိုင်းခြစ်ရာတွေနဲ့။ Anneရေ မင်းမရှိတဲ့ဘဝကမလွယ်ဘူးကွာ။ငါဘယ်လိုရှင်သန်ရပါ့မလဲ။ဒါပေမဲ့စိတ်ချပါ ငါယောက်ျားပါ ကျော်ဖြတ်နိုင်မှာပါ။#normal fic JL ver ပါ
Liနဲ့Anne ကို boyနေရာထားထားပါတယ်။
#ချစ်ခင်ပေးကြပါဦး။
#အရေးအသားလိုအပ်ချက်ရှိရင်ဖြည့်စွက်နားလည်ပေးကြပါလို့🤐
![](https://img.wattpad.com/cover/356677388-288-k560488.jpg)
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"