C 11

562 61 2
                                    

တစ်မျှော်တစ်ခေါ်လှမ်းထားတဲ့အုတ်တန်းရှည်ကြီးကို ရူဘီရပ်ကြည့်နေမိသည်။
   "အမေနဲ့လိုက်လာတာလား မင်းသမီး"
   "လက်ကိုလွှတ်ပါ လူတွေနဲ့"
    "ရပါတယ် ခင်ဗျားက ကျုပ်မိန်းမ"
   လက်ဖျားကိုဆွဲကာရင်ဝယ်ပိုက်လာသူရဲ့ ရင်ခွင်ထဲသို့ ရူဘီ မှီနွဲ့လိုက်သည်။
   "လာလီ ရှင်သင်္ချာတစ်အားတော်တယ်သိလား စာကြီးပေကြီးတတ်တွေတောင် အဲ့လိုမတွက်နိုင်လောက်ဘူး"
  "မင်းသမီး အတွက်ကျုပ်ကြိုးစားခဲ့တာပါ"
  "အိမ်မှာဆို မယ်မယ်နဲ့ကျွန်မနဲ့ပဲကလေးတွေကိုခေါ်ပြီး စာကြီးပေကြီးသင်ပေးရတာ မယ်မယ်က သင်္ချာသင်ပြီး ကျွန်မက အင်္ဂလိပ်စာသင်ရတာ"
   "သတိရနေတာလား မင်းသမီး"
ပြန်မဖြေတော့ဘဲ ငေးနေသော ရူဘီ့မျက်နှာလေးကိုကြည့်ကာ မေးဖျားလေးဆွဲယူရင် ခပ်ဖွဖွနမ်းသည်။ပြီးတော့
   "မင်းသမီး ဒီဘက်ကနေ လေးဆယ့်ငါးဒီဂရီစောင်းပြီး ဟိုးကိုလှမ်းကြည့်လိုက် ဘာမြင်လဲ"
  "တောင်တန်းတွေ ပြီးတော့ စိမ်းနေတဲ့တောအုပ် ဒါနဲ့တောင်တန်းအကျကိုမြင်ဖူးနေသလိုပဲ မဟုတ်မှ ချန်းဂူ?"
   "မင်းသမီးရဲ့ မိဘတွေက အဲ့မှာရှိနေတာပါ ကျုပ်က မင်းသမီးကိုအဝေးကြီးခေါ်လာတာမဟုတ်ပါဘူး ဒီတံတားပေါ်လျှောက်ရဲလား"
  "လျှောက်ရဲတာပေါ့ သူများတွေတောင်လျှောက်နေတာပဲ"
  "အဟွန်း အခုတော့မလျှောက်ပါနဲ့ဦးသပ်တွေစုံအောင်မရိုက်ရသေးဘူး တစ်ကယ်တော့ဒီချောက်က အရမ်းမနက်ပေမဲ့ တံတားဆောက်ဖို့ပျင်းနေကြလို့ဒီနေရာက အသုံးမဝင်သလိုဖြစ်နေတာ ဒီတံတားပြီးသွားရင် ချန်းဂူကို နေ့ချင်းပြန်သွားလို့ရပြီ ကျုပ်တို့ထွက်ပြေးလာတုန်းကလို တစ်ညအိပ်နှစ်ရက်မကြာတော့ဘူး"
  သေချာရှင်းပြနေသော လာလီဟာ ရူဘီ့ဘဝရဲ့အားကိုးရာ ရူဘီ့အရှင်သခင်။ အမြဲတမ်းပြောဖြစ်ခဲ့တဲ့စကားတစ်ခွန်းဟာ 
ရူဘီလူရွေးမမှားခဲ့ဘူး။

..........................

   "ဘယ်လို အုတ်တွေက အရင်မှာတဲ့လူ ရှိလို့ စောင့်ရမယ်ဟုတ်လား"
  "ဟုတ်ပါတယ်သခင်ကြီး"
  "ငွေဘယ်လာက် ပေးရပေးရပေးမယ်လို့ရောမပြောလိုက်ဘူးလား"
  "ပြောလိုက်ပါတယ် သခင်ကြီး"
  "ဒီကောင်ကွာ"
  "ဟို လာလီကပြောပါသေးတယ် ငွေရေးကြေးရေးကြောင့်ပုံပေးလို့မရသလို ယောက္ခမဆိုပြီး အရင်ဦးစားပေးလိုက်ရင် ဖောက်သည်တွေကိုမလေးစားရာကျမှာစိုးလို့ပါတဲ့ စီးပွားရေးနဲ့လူမှုရေး ခွဲခြားသင့်တယ်လို့ပြောပါတယ် သခင်ကြီး"
   "လူမလေး ခွေးမခန့်စကားမျိုးပဲ"
ဒေါသတွေလည်း ထွက်ရပါသည်။
နှစ်မကုန်ခင်လေး ဆရာတော့ဘုရားရဲ့ကျောင်းကို အုတ်နဲ့တိုက်ကျောင်းလေးဆောက်လုပ်လှူဒါန်းချင်ခဲ့တာ။ဒါကြောင့် မေးမြန်းစုံစမ်းတော့ မြေအုတ်က အလုံး တစ်ထောင်ဆိုရင် အတော်ကြာမည့်ဖြစ်ကြောင်း မြေအုတ်ထက်ခိုင်ခံ့ပြီး ကြာရှည်ခံသည့် သဲအုတ်ရှိကြောင်းနှင့် မှာရင်လည်း မြေအုတ်ထက်ပြုလုပ်ရလွယ်လို့ မြန်နိုင်ကြောင်း ဖြောင်းဒုံရွာက သဲအုတ်လုပ်‌‌ ကြောင်းကို မြေအုတ်လုပ်ငန်းလုပ်ကိုင်ကာအသက်မွေးသည့် ဟန်နမ်ရွာကပြောသည်။စိတ်ဝင်တစားရှိလှတာကြောင့် သခင်ကြီး Jane ဟာ ဖြောင်းဒုံရွာကို လူလွှတ်စေခိုင်းလိုက်တော့ ဖြန့်ဖြူးရောင်းချနေသူဟာ တခြားသူမဟုတ် ကိုယ့်သမီးရတနာ လေးကို ခိုးယူသွားသည့် မျက်နှာကြောမတည့်တဲ့ သကောင့်သား လာလီ။ရွာမှာထဲကပေါ်ကြော့ကောင် ဘုန်းကြီးကျောင်းသားမို့ကြည့်မရခဲ့တာ။ကိုယ့်ရင်သွေးရတနာလေးက ဘာတွေယုံကြည်ပြီးလိုက်သွားသည်မသိ။ဒေါသဖြစ်လို့ သမီးဖြစ်သူကိုစွန့်ကြောင်း ပြောလိုက်တော့ သမီးအတွက်ပါဆိုပြီး ဖြောင်းဒုံလိုစုတ်ပြတ်နုံချာနေတဲ့ရွာကို ချမ်းသာအောင်လုပ်ပစ်လိုက်တာပဲကြည့်။ဒီကောင်က ခေါင်းမကောင်းတာလား။ချန်းဂူမှာဒီလောက်သဲသောင်တွေပေါတာ ဖြောင်းဒုံလို ချောက်ထဲဆင်းယူစရာတောင်မလို။ဒါကိုရွာမှာတုန်းကတော့ သဲအုတ်လေး ဘာလေးလုပ်ကြည့်ပါလားလို့ အသံမထွက် အကြံပေးဖော်မရတဲ့ သကောင့်သား။တလောကတော့ဆရာတော်ဘုရားထံလှူဖွယ်ပစ္စည်းတစ်ချို့နဲ့ စီးပွားမစခင်က အကူအညီတောင်းထားတဲ့ငွေစတစ်ချို့ကို လာပြီးအစားပေးသွားသည်ဟုကြားသည်။ တကယ်ဆို သူ့ဆီလာအကူအညီတောင်းတော့ရော လစ်လျူရှုမတဲ့လား။အခုတော့ ဒင်းက မာနပြန်ထားပြီး သူ့ဦးရီးတော်ကိုအကူအညီတောင်းသည်။ရွာလာစဉ်ကလည်း ရူဘီလေးကိုခေါ်မလာသလို ဒင်းဟာလည်းမျက်နှာပြောင်စွာ အိမ်တော်ဘက်ကို ခြေဦးလှည့်မလာခဲ့။တကယ်တော့ ရူဘီလေးကို တွေ့ချင်ပါသည်။ ခေါ်လာခဲ့ပြီး လာတောင်းပန်ရင် ဒူးတွေဘာတွေမထောက်လည်း ခွင့်လွှတ်ပေးမှာပေါ့။အခုတော့ ဒင်းလုပ်ပုံက လူကြီးက ပြန်တောင်းပန်ရမလို။ လိုချင်နေတဲ့အုတ်ရဖို့ သည်းခံရုံသာရှိတော့သည်။စောင့်ရမှာပေါ့။

.............

  "သူကြီးရေ ဟိုဘက်ရွာကကျောင်းဆရာမလေးက အုတ်အလုံး ငါးရာ ဒီနေ့ယူမယ်တဲ့ငွေလည်းချက်ချင်းချေမယ်တဲ့"
  "ဟေ ဟုတ်လား"
အပြေးလေးလာပြောတဲ့ဂွမ်နီကြောင့် သူကြီးမျက်နှာကြီးဝင်းပသွားသည်။
  "အဲ့ဒါဆိုသူတို့ကိုပဲအရင်"
  "အဲ့လိုလုပ်လို့မရဘူးလေသူကြီး အရင်မှာတဲ့လူကပဲအရင်ရသင့်တာပေါ့"
အေးစက်စက် ပြောလာတဲ့ လာလီကြောင့်သူကြီးတွန့်ခနဲ။ မတွန့်လို့လည်းမရ ရွှေကိုယ်တော်က ယောက္ခမက အုတ်အလုံးတစ်ထောင်ဖိုးငွေပုံပေးတာတောင်ဖောက်သည်က အရေးကြီးပါတယ်ဆိုပြီး ချေလွှတ်ထားတာ။
  "အင်း ငါလည်းအဲ့လိုပဲပြောမလို့ပါကွာ"
  "သူကြီး စောနက ပြောတာအဲ့လိုမဟုတ်ပါဘူး သူတို့ကိုပဲ...."
  "ဟေ့ကောင်ဂွမ်နီ ကလေးက လေးလိုနေစမ်း"
မာန်လိုက်သောသူကြီးကိုကြည့်ရင်း လာလီပြုံးလိုက်သည်။ ဒီလိုချစ်စရာရွာလေးမှာ အခြေချနေထိုင်နိုင်တာ ကောင်းမွန်မှုတစ်ခုပါပဲ။

#next part coming

H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡Opowieści tętniące życiem. Odkryj je teraz