လှူဒါန်းချင်နေသည့် အုတ်ကျောင်းလေးပြီးမြောက်ပြီဖို့ Jane သခင်ကြီးဟာ ပီတိတွေဖြာနေရသည်။ ရေစက်ချ အလှူပြီးတော့ ဓလေ့အတိုင်း ဝက်သားပြောင် နဲ့ ထမင်းကို တစ်ရွာလုံးမီးခိုးတိတ်ကျွေးမွေးသည်။လုပ်ချင်တာတွေပြီးမြောက်သွားတော့ စိတ်ထဲ ကုသိုလ်တရားကျန်ခဲ့ပြီး အေးချမ်းနေသည်။
"သခင်ကြီး"
သောက်နေတဲ့ရေနွေးကြမ်းတောင် လည်ချောင်းထဲထခုန်မတတ်။
"ဘာတုန်း အလန့်တကြားနဲ့ကွာ"
လူယုံညာလက်ရုံးကြီး ဂျောင် ဟာ အမောခဏဖြေပြီးမှစကားကိုဆက်သည်။
"လာလီ ဆရာတော်ဘုရားဆီတစ်ေန့ကရောက်လာပါတယ်"
ဟုပြောပြီး သခင်ကြီးကိုတစ်ချက်ကြည့်ကာ ဆက်နားစွင့်နေပုံရတော့မှ
"မင်းသမီးလေးတော့မပါလာပါဘူး မနေ့ကပြန်သွားတယ်လို့ကြားပါတယ်"
"အဲ့တာကျုပ်နဲ့ဘာဆိုင်တုန်း အုတ်ဝယ်ယူမှုကိစ္စပြီးကတည်းက ကျုပ်တို့ကဏ္ဍ ပြီးသွားပြီ"
ဟုပြောလိုက်သော်လည်း အိမ်သူသက်ထား မစ္စkim ဟာ အပြေးတစ်ပိုင်း အိမ်ထဲကထွက်လာပြီး
" တကယ်လားဂျောင် ကျွန်မဖြင့်သမီးလေးကိုလွမ်းလိုက်တာ ဖြောင်းဒုံကိုသွားတွေ့ပြီး လာလီကိုသမီးလေးကို အိမ်ခေါ်လာဖို့ပြောရမယ်"
ဇနီးသည်ဟာ သမီးစိတ်နဲ့ တချောင်ချောင်ဖြစ်နေခဲ့သည်မဟုတ်ပါလား။မိမိကသာ လွမ်းစိတ်ကို ဖုံးဖိနိုင်တာလေ။
"သွားတွေ့စရာမလိုဘူးရှင်မ ဒီမယ် ဂျောင် နောက်ကို သူတို့အကြောင်း ကျုပ်အိမ်တော်မှာ ဘာမှလာမပြောပါနဲ့ မကြားချင်ဘူး"
သစ္စာစောင့်သိသူ ပီပီ သခင်ကမကြားချင်ဘူးဆိုတာနှင့်
"ဒါဆိုလည်း သခင်မကြီးကိုပဲပြောပါရစေ ကျွန်တော်တို့ ဖြောင်းဒုံကိုသွားသင့်ပါတယ် မသွားရင်လည်း ကလေးအတွက်လက်ဆောင်ဖြစ်ဖြစ်ပါးသင့်ပါတယ်"
"ဘယ်လို ဂျောင် ကျုပ်နားကြားများမှားသလား"
ထထွက်ဖို့ပြင်နေတဲ့ သခင်ကြီးဟာခြေလှမ်းတွေ တုံ့ခနဲရပ်ပြီး အံ့ဩတကြီးမေးလာသည်။
"မင်းသမီးလေး သားဦးလေးမွေးပါတယ် အဲ့အတွက် ဆရာတော်ဘုရားဆီအမည်လာတောင်းတာလို့သိရပါတယ် အခုဆရာတော်ဘုရားလည်း ဖြောင်းဒုံကို ဒီမနက်ကြွသွားပါတယ်"
"မောင်မင်းစောစောက ဘာလို့မပြောလဲ"
"သခင်ကြီးပဲ မပြောနဲ့ မကြားချင်ဘူးဆို"
"ဒါမျိုကျ ကြားချင်ချင် မကြားချင်ချင် ဇွတ်ပြောပြရမယ်ဆိုတာနားမလည်တာလား အခုချက်ချင်း ဖြောင်းဒုံရွာကိုသွားမယ် ကျုပ်မြေးလေးကိုကျုပ်အရင်တွေ့ချင်တယ် ဘွားဘွားကြီး လက်ဆောင်တွေပြင်လိုက်ပါ"
မစ္စကင် ပြုံးမိသည်။ သိတာပေါ့ သူ့သမီးကိုဘယ်လောက်ချစ်တယ်ဆိုတာ။မြေးဦးလေဆိုတော့ အနှစ်ကလေးပေါ့။
"ကျွန်မလိုက်ရမလား အစ်ကိုJane"
"ခရီးပန်းပါတယ်ရှင်မရာ ကျုပ်သွားပြီး ဖြောင်းဖြ ပြောဆိုပြီး အိမ်ကိုခေါ်ခဲ့တော့မှာမို့ မင်းကစောင့်သာနေပါ"
"ကောင်းပါပြီတော်"
"သွားမယ် ဂျောင်"
"သခင်ကြီးသွားမယ်ဆို လမ်းမှာစားဖို့ရိက္ခာအနည်းငယ်"
"မောင်မင်းပြောတော့ နေ့ဝက်ဆိုရောက်ရောဆို"
"အဲ့တံတားက ပိုကောင်းအောင်ပြန်ပြင်နေလို့ လမ်းဟောင်းအတိုင်းတော့လမ်းကသွားရမှာပါ"
"ဟာ.....ဘယ်ကသွားရသွားရကွာ ကြာတယ် သွားမယ်"
စိတ်မြန်လက်မြန်နဲ့သခင်ကြီးဟာ အခုတော့တောလမ်း လေးမှာ။
"ဟ ဘာဖြစ်တာတုန်း ဂျောင်"
"လှည်းဘီး နွံထဲကျသွားတာထင်တယ် သခင်ကြီး"
ရုတ်တရက် တစ်ခြမ်းအိကျသွားသောလှည်းက သခင်ကြီးရဲ့စိတ်ရှည်မှုတွေကိုစမ်းသပ်နေလေသလား။အမြန်ရောက်ချင်ပါတယ်ဆို အလျင်လိုကာမှ ပျဉ်အိုနဲ့တိုး နေပေပြီ။
"ထုတ်လို့ရလား ဂျောင်"
"တော်တော်လေးနစ်သွားတာသခင်ကြီး ကျွန်တော်တို့အားနဲ့ဆို အတော်ကြိုးစားရလိမ့်မယ်"
လူအပိုဆိုလို့လက် ဆောင်ပစ္စည်းထမ်းရန်ပါလာတဲ့ နှစ်ယောက် သာရှိသည်ကိုဝေ့ဝဲကြည့်ကာ ဂျောင်က ပြောလာသည်။
"ဒါဆို ဒီည ဒီမှာနားရတော့မှာပေါ့"
မှောင်စပြုလာတဲ့ကောင်းကင်ကိုကြည့်ကာ စိတ်ပျက်လက်ပျက်ပြောမိသည်။
အနီးအနားမှာလည်း ဇရပ်အိုတစ်ခုရှိတာကြောင့် သွားထိုင်မလို့ပြင်တုန်း
"သခင်ကြီး"
"ဘာတုန်းဟ"
"ဘယ်သွားမလို့လဲ"
"ဟိုမှာ ဇရပ်တွေ့လို့သွားနားမလို့လေ"
"ဟို ဟိုလေ သခင်ကြီး အဲ့ဇရပ်က..."
မျက်မှောင်ကုပ် ကာကြည့်နေတဲ့ သခင်ကြီးကိုကြည့်ကာ ဂျောင် ပြောသင့်မပြောသင့်တွေဝေနေပြီးမှ တံတွေးတစ်ချက်မြိုချကာ
"အဲ့ဇရပ်မှာ သရဲခြောက်တယ်ကြားဖူးတယ် ဘုန်းကြီးတစ္ဆေတဲ့"
ဟ..ခက်ပြီကော။Jane သခင်ကြီးရဲ့လူမသိတဲ့အားနည်းချက်ဟာသရဲကြောက်တာပဲ။ဘယ်လိုလုပ်ရပါ့မလဲ။ကြောက်ပြလိုက်ရင်လည်း ကိုယ့်ကို အရိုအသေမဲ့ဦးမယ်။ရင်ထဲအသဲထဲကလည်းကြောက်နေတယ်။ဒါပေမဲ့ ဟန်ကိုယ့်ဖို့ရမယ်မလား။
"အဲ့တာဘာဖြစ်တုန်း ပရလောကသားဆိုတာသူ့ကိုမနှောင့်ယှက်ရင် ကိုယ့်ကိုလည်းမနှောင့်ယှက်ပါဘူး လာ ငါရှိတယ် ဘာမှမဖြစ်ဘူး"
ဟုပြေကာ ထွက်သွားတဲ့သခင်ကြီးကြောင့် ဂျောင် ခေါင်းကုတ်ကာလိုက်ရတော့သည်။ဇရပ်ပေါ်တွင်
"မနက်လင်းရင်တော့လှည်းကြုံရှိမှာပါ အကူအညီတောင်းရင် ရလောက်တယ်သခင်ကြီး ဖြောင်းဒုံကိုရောက်ဖို့သိပ်လည်းမလိုတော့တာမို့ မနက်ဖြန် ညနေဆိုရောက်လောက်ပါတယ်"
"အေးပါကွ ဒါနဲ့အေးတယ်နော် ဂျောင် မီးဖိုလိုက်စမ်းပါကွာ"
သခင်ကြီးကတတ်နိုင်သည်။ကြောက်နေလို့ကြက်သီးထတာကို အေးလို့ကြက်သီးထတဲ့အသွင်ကူပြောင်းပြောသည်။
မီးဖိုက မီးလေးဟာတလူလူတောက်နေသလို ညရဲ့အမှောင်နဲ့ တိတ်ဆိတ်မှုဟာလည်း တရိပ်ရိပ်။ထိုအချိန်
"ဂျိ ကျိ ဂျိ"
ဇရပ်ရဲ့ခေါင်မိုးကိုလက်သည်းနဲ့ကုတ်တဲ့အသံမျိုး။
"ကျိ ဂျလိ ကျိ"
သခင်ကြီးကြောက်စိတ်က ငယ်ထိတ်တက်လာလေပြီ။
"ဂျ ဂျောင်"
တုန်ချင်နေသောအသံကိုအားတင်းကာ ခေါ်လိုက်ရသည်။သကောင့်သားကမနိုး။
"ဟေ့ကောင် ဂျောင် ထစမ်းပါ"
"ဗျာ သခင်ကြီး"
"မင်းအသံကြားလား"
"ဘာအသံတုန်း"
"တဂျိကျိနဲ့လေ"
အသံတိတ်ကာ နားစွင့်တော့
"ဂျိ ကျိ ကျလိ ဗိုက်ဆာတယ်"
ဟူသော အသံကြီး သခင်ကြီးက ကြားလားဟူသောသဘောနဲ့ မေးငေါ့ပြတော့ဂျောင်က မျက်လုံးပြူးကာ ခေါင်းကိုအခါ ငြိမ့်သည်။
"ဂျလိ ဂျစ် ကျစ် ငါဗိုက်ဆာတယ်"
အသံကြီးက ဩရှရှ နက်နက်ကြီး။မဟုတ်မှ ဘုန်းကြီးတစ္ဆေများ.......
"အား...သရဲ သရဲ"
အော်ပြီး ပြေးလိုက်ကြတာ ဇရပ်ပေါ်ကလှေကားတွေဘယ်လိုကျော်ခွမိလဲတောင်မသိတော့ဘူး။
နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ပဲ။အိပ်ပျော်ပြီးကျန်ခဲ့တဲ့နှစ်ယောက်ဘယ်လိုနေမလဲ ဂျောင်မသိ။ သခင်ကြီးနဲ့ ဂျောင်ဟာ မတိုင်ပင်ထားရပါဘဲ လှစ်လှစ်ပါအောင်ပြေးလိုက်ကြတာ ဖနောင့်နဲ့တင်ပါးတစ်သားတည်းလိုပဲ။လက်ဖဝါးချင်းလည်းတွဲထားကြတာ ကျစ်ကျစ်ပါလို့။
#next part coming
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
