ဖြောင်းဒုံရွာရဲ့ စွန့်ပစ်ခံချောက်ကမ်းပါးလေးဟာ အခုတော့သောင်းသောင်းဖျဖျ စည်ကားလို့။
"ဟဲ့ ယူရီတို့ အပျိုမတစ်သိုက် ငါဒီမှာ ရောင်စုံဆန်မုန့်တွေလုပ်လာတယ်"
"ဟယ် ဒေါ်လေး မင်ဂျီက မီးယပ်ကိုင်လို့နေမကောင်းဘူးဆို"
"အမလေး ကောင်းသွားပြီ ကောင်းလိုက်တာမှဒေါင်ဒေါင်မြည်ပဲ "
"ဟီးဟီး ဟုတ်ပါပြီ ဒေါ်လေးရယ် ကြောက်လိုက်တာ"
အပျိုမလေးတစ်သိုက်ဟာရယ်မောကာ ကြောက်ချင်ယောင်ဆောင်ပြီးထွက်ပြေးသွားသည်။မပြေးလို့လည်းမရ။ဒေါ်မင်ဂျီက စကပ်ကြီးကိုတဖြန်းဖြန်းခါပြရင်းပြောနေသည်လေ။ ဒေါ်ဟိုလင်းကလည်း ဗန်းလေးကိုင်ကာ အားကျမခံရောက်လာတော့ ကြက်မက
"ဒေါ်လေး ဟိုလင်း ကျုပ်တို့စားဖို့ဘာမှမပါဘူးလား"
"အောင်မယ် ကျုပ်ကလူချောလေးအမေလေ ညည်းတို့ကတောင်ကျုပ်ကိုပြန်ကျွေးရဦးမှာ"
"ဒါလည်းဟုတ်တာပဲ"
"ဟဲ့ကြက်မ ညည်းယောက်ျားပြူးကြီး ခါးနာတယ်လည်းပြောသေး အခုကျသဲဗန်းထမ်းနေပါလား"
"ဟုတ်လား ဒေါ်လေး ကျုပ်သွားကြည့်ဦးမယ်"
ပြူးကြီးက ဂွမ်နီတို့တစ်သိုက်နဲ့အပြိုင်သယ်နေခြင်း
"ကိုပြူးကြီး တော်ခါးနာနေတာကို ဘာလို့အတင်းလုပ်နေတာတုန်း"
"မင်းလုပ်နေတာငါကထိုင်နေရမလား ငါလည်းလုပ်မှာပေါ့"
"တော် ခါးနာနေတယ်ဆိုလို့ပါတော်"
"ခါးနာလည်းလုပ်ရမှာပဲ"
"ညောင်းရင်ခဏနား ပြီးမှပြန်လုပ်"
"မနားဘူးဟေ့ ငါကဆက်တိုက်လုပ်ရမှကျေနပ်တဲ့ကောင်"
"ဪ အရှည်သဖြင့်စဉ်းစားပြီး ဖြည်းဖြည်းလုပ်မှပေါ့ရှင်"
"ဖြည်းဖြည်းမလုပ်နိုင်ဘူး"
"တော့်နှယ်လည်းခက်တယ်"
ကြက်မကပြောကာ သူမသယ်နေတဲ့နေရာဆီသို့ပြန်သွားသည်။ထိုအခါမှ ဂွမ်နီတို့က မျက်စပစ်ကာ
"ဟီးဟီး ဦးပြူးကြီးကစိတ်ကြီးတယ်နော်"
လာလီ နေ့လည်ခင်းရောက်တော့ ချောက်ကမ်းပါးဘက်ကိုထွက်လာခဲ့သည်။ထင်တဲ့အတိုင်းပါပဲ ချောက်ကမ်းပါးထဲ လှေကားချပြီး သဲချောင်းထဲကသဲကိုယူရသည်မို့မတွင်ကျယ်။လာလီခေါင်းကိုအသာခါပြီး သစ်ပင်အရိပ်အောက်ထဲဝင်ကာလှဲလိုက်သည်။သိပ်မကြာ ဝက်ကြီးက လာလီ့ကိုတွေ့သွားပြီးချွေးတလုံးလုံးနဲ့ရောက်လာသည်။
"လူချော ကျုပ်တို့ ဘယ်လောက်ရပြီလဲ ဘယ်လောက်လိုသေးလဲ"
"မျှော်လင့်မနေနဲ့ဦး"
လာလီကမျက်စိပင်မဖွင့်ဘဲ ပြောသည်။
"ဟင် နေ့လည်တောင်ရောက်နေပြီ ကျုပ်တို့လူအများကြီးသယ်ကြတာလေ"
"လူပဲများတာလေ သယ်တာမှ တစ်ယောက်ကိုဘယ်လောက်ရလို့တုန်း အခုကသဲတစ်အိတ်တောင်မပြည့်သေးဘူး လှည်းတစ်စီးစာရဖို့ အိတ်ငါးဆယ်လောက်ပြည့်မှရမှာ အခုကတစ်အိတ်တောင်မရသေးတာ အဝေးကြီးကျန်သေးတယ်"
"အများကြီးလိုသေးတာလား"
တစ်စ တစ်စနဲ့ရွာသားတွေဟာ ချောက်ကမ်းပါးကနေတက်လာပြီး လာလီအိပ်နေရာသို့ဝိုင်းလာသည်။
"ဒါဆို ကျုပ်တို့ အများကြီးသယ်ရဦးမှာပေါ့"
"ဘယ်လောက်လိုတာတဲ့လဲ"
"အဲ့တာကြောင့်ညည်းကိုပြောတာဗန်းအပြည့်ထည့်ပါလို့"
"၇ရက်နဲ့ပြီးပါ့မလား"
တစ်ယောက်တစ်ပေါက်ဖြစ်လာတဲ့ရွာသားတွေကြောင့်လာလီဟာ ထထိုင်လိုက်ပြီး
"ကျုပ်ဝက်ကြီးကိုရှင်းပြပြီးသား ဖယ်ကြဗျာ ခင်ဗျားတို့ဝိုင်းအုံကြည့်နေတာနဲ့ကျုပ်အိပ်မရတော့ဘူး အိမ်ပြန်အိမ်တော့မယ်"
ဟုဆိုကာ ထထွက်လာလိုက်သည်။လာလီခေါင်းတည်ပေးလိုက်သည့်ဝက်ကြီးခင်မျာ အမဲမဖြတ်ခံရရုံတမယ်ဆွဲလွဲမေးခံနေရသည်။ ဟူး တကယ်အိပ်မှဖြစ်တော့မယ်။ခေါင်းနောက်တယ်။
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
