အခုမှအသက်လေး ၂၀ကျော်ရုံရှိသေးအတင်းအိမ်ထောင်ချပေးချင်နေသည့် မယ်မယ့်ကို ရူဘီမကျေနပ်ပါ။သို့သော်မပြောရဲ။ ဂျွန်ဆိုတဲ့လူက သဘက်ခါ ရွာကိုလာမည်ပြောသည်။ ဆိုးလ်ကနေရွာကိုလာရင် တစ်ညအိပ်လောက်တော့ကြာဦးမှာပဲ။
"ဟယ်အင်း "
"ရှင် မင်းသမီးလေး"
"ရူဘီ ခဏလောက်အပြင်သွားမလို့ ဒေါ်လေးဘို့ဆွန်းကို ခေါ်ပေးဦး"
"ခြေထောက်ကနာနေတာကို မင်းသမီးရယ် ဘယ်သွားချင်သေးလို့လဲ"
"စံပယ်အိုးပုတ်ကလေးတွေပွင့်နေပြီပြောလို့ သွားခူးချင်လို့"
"ကောင်းပါပြီ"
ဟယ်အင်း ထွက်သွားတော့ ရူဘီ့ခေါင်းထဲရောက်လာတာ ဘုန်းကြီးကျောင်းသား။လူကဘုဆတ်ဆတ်ပုံရှိပေမဲ့ စိတ်ရင်းလေးတော့မဆိုးရှာပါဘူး။မနေ့ကရူဘီ နွားဝှေ့ခံရမလိုဖြစ်ပြီး ခြေခေါက်သွားလို့ သူက ပြန်လိုက်ပို့တာလေ။ဘဝမှာတစ်ခါမှယောက်ျားသားနဲ့နီးနီးကပ်ကပ်မနေခဲ့ဖူးတဲ့ရူဘီ့မှာအတုန်တုန်အယင်ယင်။အိုး မတွေးတော့ဘူး။ပန်းသွားခူးဖို့ပဲပြင်တော့မယ်။
.............
Kim အိမ်တော်ခြံဝိုင်းအတွင်းရှိ ပန်းခြံတစ်နေရာဝယ်
"ဒေါ်လေး ဘို့ဆွန်း အဲ့ဘက်နားကအပွင့်လေးတွေများများခူးပေးခဲ့ပါ"
"ဟုတ်ကဲ့ မင်းသမီးလေး"
မာဘို့ဆွန်းဦးဆောင်သောအပျိုတစ်သိုက်က ပန်းခူးနေပြီး ရူဘီနဲ့ဟယ်အင်းက ကွပ်ပျစ်ပေါ်ထိုင်ပြီး စိတ်ရှည်ရှည်နဲ့သီနေတာ။
"ပန်းကလေးတွေကသိပ်ကိုနူးညံ့ပြီး ချစ်စရာကောင်းတယ်"
ရူဘီ့အပြောကို ဟယ်အင်းကခေါင်းငြိမ့်ကာ ထောက်ခံလာသည်။
"ဪ မင်းသမီးလေး"
"ပြောလေ ဟယ်အင်း"
"မင်းသမီးလေးနွားဝှေ့ခံရမလိုဖြစ်တဲ့နေ့က ဘုန်းကြီးကျောင်းသားက မင်းသမီးလေးကိုပွေ့ပြီးပြန်ပို့ပေးတာလေ"
ရူ့ဘီမျက်နှာလေးရဲသွားသည်။
"အဲ့တာဘာဖြစ်တုန်း"
"အခု ဘုန်းကြီးကျောင်းသားကရွာထဲမှာရေပန်းစားနေတာတော့"
ဟယ်အင်းဆိုလိုသည်ကို ရူဘီနားလည်လိုက်သည့်အခါ ဘယ်ဘတ်ရင်အစုံဟာ ဆစ်ခနဲဖြစ်သည်။အို ဘယ်လိုခံစားချက်ကြီးလဲ။ ဒီတိုင်း ဒီတိုင်းပါပဲ။
"စားတော့လည်း ဘာဖြစ်သလဲ ဟယ်အင်း သူမျက်နှာပွင့်တော့လည်း စားကောင်းသောက်ကောင်းစားရတာပေါ့ စကားမများဘဲ မြန်မြန်သီပါ များများလေးရအောင်"
"ဟုတ်ကဲ့ မင်းသမီးလေး"
လူဆိုတဲ့အမျိုးကရှက်တာကို ဟန်ကိုယ့်ဖို့ထိန်းကြတယ်မလား။ရူဘီလည်းထိုနည်းတူစွာ ဟယ်အင်းကိုစကားစ ဖြတ်ပေးလိုက်တော့ ပန်းတွေကိုကြိုးစားပန်းစားသီနေလေသည်။ရှင့်ကို ကျွန်မသဘောမတွေ့လိုက်တာ ဘုန်းကြီးကျောင်းသားရယ်။ရှင်ကျွန်မကို မစိုးမိုးပါနဲ့။
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
