ဘုန်းကြီးကျောင်းသားလုပ်ရတာမကောင်းတာရှိတယ်။အဲ့တာမနက်အစောကြီးထရတာပဲ တုံ တုံ တုံဆိုတဲ့အသံကိုမုန်းနေပြီ။မနက်လေးနာရီဗျာ အိပ်ကောင်းတုန်းရှိသေးတာကို။ Anne နဲ့တုန်းကဆို ထချင်တဲ့ချိန်မှထ တာ။ ပြီးရင်စားပွဲပေါ်မှာလည်းမနက်စာက အဆင်သင့်ပဲ။အခုများတော့။
ဟူး လွမ်းလိုက်တာ Anne ရာ။မင်းဘယ်များရောက်နေလဲ။ လွမ်းချင်းချနေလို့မဖြစ်သေး မကြာခင်ဘထွေးအသံကြီးနဲ့ လာအော်နေမှ လိပ်ပြာလွင့်ရချည်ရဲ့။
အိပ်ယာမှထကာ သိမ်းဆည်းပြီး မျက်နှာသစ်လိုက်သည်။ပြီးနောက်အဝတ်အစားလဲသည်။လည်ပင်းမှာစည်းထားတဲ့ပုဝါစက အရောင်မထပ်စေရဘူး။ဒါကိုက Li ရဲ့စတိုင် ဖြစ်သည်။သစ်ပင်အောက်မှာထင်းခွဲနေတဲ့ဘထွေးကိုတွေ့လို့
အနားသွားကာ
"ဗျို့ ဘထွေး ကျွန်တော်ခွဲပေးမယ်လေ"
"အမလေး နေပါ မင်းသားရယ် မင်းသာခွဲရင်ဒီကနေ့ဆွမ်းချက်ရမှာမဟုတ်ဘူး ပြီးတော့မင်းလက်တွေက ပုဆိန်ကြမ်းကြမ်းကြီးကိုကိုင်နိုင်လို့လား"
"ကိုင်နိုင်ပါတယ်ဗျ ကျွန်တော်အဲ့လောက်လည်းမနုပါဘူး"
"သွားပါကွာ ဆွမ်းချက်ဖို့ဆန်သာဆေးပေးစမ်းပါ။"
"ဟုတ်"
ဘထွေးနဲ့မလှမ်းမကမ်းမှာရှိတဲ့ရေတွင်းဆီသို့ ဆန်ထည့်ထားတဲ့အိုးကိုမကာ သွားလိုက်သည်။ရေခပ်နေရင်း ဒီနေ့ Kim အိမ်တော်မှာထမင်းကျွေးမယ့်အကြောင်းသတိရသွားသဖြင့်
"ဘထွေး ဒီနေ့ Kim အိမ်တော်မှာထမင်းရှယ်ကျွေးမှာဆို"
"အေးလေ မင်းသမီးလေးမွေးနေ့အလှူလေ"
"ဘယ်နနှစ်ပြည့်တာလဲဗျ"
"ငါလည်းမသိဘူး Lali ရေ ငယ်တာတော့ငယ်သေးတယ်"
"ကျွန်တော်တစ်ခါမှမမြင်ဖူးသေးဘူး"
"ဘာကိုတုန်း"
"မင်းသမီးကိုလေ"
"ဟား ဟား ဟား"
အစပ်အဆက်မရှိထရယ်သော ဘထွေးကြောင့် li ကြောင်သွားရသည်။
"ဘာရယ်တာလဲဗျ ကျွန်တော်ပြောတာရယ်စရာပါလို့လား"
"မပါပါဘူးကွာ ငါကသဘောကျလို့ရယ်တာပါ မပူနဲ့ဒီနေ့တွေ့ရလိမ့်မယ် မွေးနေ့တိုင်းမင်းသမီးလေးက သခင်မကြီး နဲ့အတူတူ ဆရာတော်ကို လာဦးတိုက်နေကျ"
အမယ်ဒီလိုဆိုတော့လည်း Lali တို့ကံကောင်းတာပဲ။။ ။
***********************
8နာရီ မနက်ခင်း။
"အေး ကျန်းမာလို့သက်ရှည်ပါစေကွယ် ယခုမွေးနေ့မှစ နှစ်တစ်ရာတိုင် အလှူဒါနလက်နဲ့မကွာပြုနိုင်ပါစေ"
"ပေးတဲ့ဆုနဲ့ပြည်ရပါလို၏ ဆရာတော်ဘုရား"
"မယ်မင်းကဘယ်နနှစ်ပြည့်တာတုန်း"
" ၂၂ နှစ်ပါဘုရား"
"ဪ အေးအေး"
ဆရာတော်ဘုရားကို မယ်မယ်နှင့်အတူ ဦးတိုက်ပြီးနောက် ဆရာတော်ဘုရားကိုကပ်လှူစရာရှိတာလှူလိုက်သည်။
"ဆရာတော်ဘုရား တပည့်တော်မတို့ကိုပြန်ခွင့်ပြုပါဘုရား"
လို့ မယ်မယ်ကလျှောက် တော့ ခွင့်ပြုသည်။မယ်မယ် အရှေ့ကအရင်ထသွားပြီးလို့ ရူဘီထမည်အပြု ကျောင်းပေါ်တက်လာသောသူနှင့်ဆုံသည်။သို့သော် သူကမသိဟန်ပြုကာ ဆရာတော်ဘုရားသိမ်းခိုင်းသည်များကိုသွားသိမ်းသည်။ဟိုနေ့က တစ်စွန်းတစ်စပဲမြင်လိုက်ရတာ။အနီးကပ်မြင်ရတော့အတော်ချောသည့်လူဆိုတာ ရူဘီလက်ခံရသည်။ငေးငိုင်နေသော ရူဘီ့ကိုမယ်မယ်က ခေါ်မှသာအသိကကပ်လာသည်။
"ရူဘီလေး မယ်မယ်တို့ပြန်ကြမယ်လေ"
"လာပါပြီ မယ်မယ်"
အစေခံတစ်သိုက်နဲ့ သခင်မကြီးနောက်ကလိုက်သွားသော အရိပ်ကလေးဟာ ဘာနဲ့မှမတူရူးခါစေလောက်သောအလှတရားရှိသည်။ သခင်ကြီး ဖွက်ထားတာတောင်နည်းသေးတယ်လို့ Laliထင်မိသည်။ဆေးမကူဘဲ ပန်းနုရောင်သန်းနေသော နှုတ်ခမ်းလေးဟာ ဖိကပ်နမ်းပစ်ချင်စရာ။
လူမသိအောင်တချက်ပြုံးလိုက်ပြီးလုပ်စရာရှိတာသာလုပ်နေလိုက်သည်။
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
