C 1

555 55 2
                                    

သစ်ကိုင်း‌ခြောက်ကျေးဇူးနဲ့ကောင်းကောင်းမလျှောက်နိုင်တော့သည့် ခြေထောက်ဟာထော့နဲ့ထော့နဲ့။ဒါပေမဲ့ Li ပုံစံဟာ စတိုင်တပြားသားမှမလျော့သွား မိုးပြာနုရောင် ရှပ်ကို စတိုင်ပန်မီးခိုးနဲ့တွဲဝတ်ထားပြီး လည်ပင်းမှာပတ်ထားသည့် ပုဝါစဟာလည်း ကျကျနန။ စမ်းတဝါးဝါးနဲ့ယောင်လည်နေတုန်း ပုခုံးတစ်ဖက်ကိုဆွဲတာခံလိုက်ရသည်။
   "မင်း ဘယ်သူလဲ ဘယ်ကလဲ"
   မေးလာသောသူဟာ ရုပ်ကြမ်းကြီးနဲ့မို့ လန့်သွားတာတော့အမှန်။ဒါပေမဲ့ဟန်ကိုယ့်ဖို့ဆိုတာရှိသေးတယ်မလား။
   "ကျုပ်က ရွာတစ်ရွာကိုရှာနေတာ ခင်‌ဗျားကရောဘယ်သူလဲ"
  "ငါက ချန်းဂူ ရွာက မင်းကဘယ်ရွာကိုရှာတာလဲ"
   "ချန်းဂူ!!!!"
  "အေး"
Li ဟာမေးထောက်ကာခဏလောက်စဉ်းစားပြီးမှ
   "ချန်းဂူ ဆိုတာ ကောင်းကင်ဘုံလို့အဓိပ္ပာယ်ရတယ် အာ ကျုပ်ရှာနေတဲ့ရွာပဲ ခဗျားနဲ့ လိုက်ခဲ့လို့ရလား"
    "ရတာက ရတယ် မင်းကလူဆိုးလားလူကောင်းလားမသိ ပြီးတော့ Kim အိမ်တော်က  Jane သခင်ကြီးသိရင် ကျုပ်ကိုသတ်မလားပဲ"
   "ခင်ဗျားက‌ဗျာ ကျုပ်ရုပ်ကျုပ်ရည်နဲ့ လူဆိုးဖြစ်ပါ့မလား လုပ်စမ်းပါဗျာ ကျုပ်ကိုခေါ်သွားပေးပါ"
ထိုလူဟာ အတန်ကြာစဉ်းစားပြီးမှ
     "ကောင်းပြီ လိုက်ခဲ့‌"

*************************

လမ်းတော်တော်ကြာလျှောက်လာပြီးတဲ့နောက်မှာ အနည်းငယ် ရှေးဆန်စွာ ရေးထိုးထားတဲ့ ရွာဆိုင်းဘုတ်က ကနုတ်အနားသတ်တွေနဲ့။ "ချန်းဂူရွာ" ။ဖြစ်တည်နေပုံက မှော်ဆန်သည်ပြောမလား စိတ်ကူးယဉ်ဆန်သည်ပြောမလား ‌အတော်ထူးခြားသည်။ရွာအရှေ့ဘက်မှာ တောင်တွေကာရံထားပြီး တောင်ဘက်မှာရေကန်အကြီးကြီးတည်ရှိသည်။ လှလိုက်တဲ့ရေကန်ကြီး။ Liတအံ့တဩငေးမောနေတာကို ထိုလူက ဂုဏ်ယူသည့်အပြုံးနှင့်ကြည့်လာပြီး
   "ဘယ်လိုလဲ ငါတို့ရွာကလှရဲ့လား"
  "ချန်းဂူ ဆိုတဲ့အတိုင်းတကယ်ကောင်းကင်ဘုံလိုပါပဲဗျာ ရွာထဲမှာလည်းအိမ်ကြီးအိမ်ကောင်းတွေချည်းပဲ ချမ်းသာကြပုံရတယ်"
    "ဒါပေါ့ ရွာအ‌‌ေရှ့ဘက်မှာတောင်တွေကာရံထားပြီး တောက်ဘက်မှာ မင်းအခုကြည့်နေတဲ့မိ‌ေကျာင်းကန်ကြီးရှိတယ် မိကျောင်းကန်သာပြောတာပါ တစ်ခါမှတက်မလာဖူးပါဘူး မြောက်ဘက်မှာတော့ ချောက်ကမ်းပါးရှိပြီး အနောက်ဘက်မှာ အဆုံးဆမဲ့တဲ့ဆူးပန်းခင်းရှိတယ်  အဲ့ဒါ‌ေတွ‌‌ေကြာင့်ငါတို့ရွာကိုဘယ်သူမှလာမထိပါးရဲဘူး ဓားပြမလာဘူး ငါတို့ Jane သခင်ကြီးကလည်း သိပ်ကို သဘောထားပြည့်ဝပြီး အုပ်ချုပ်မှုကောင်းတယ် စီးပွားရေးလည်းသူပဲစီမံပေးတယ် ဘက်လိုက်တာ ခွဲခြားတာတွေမရှိဘူး ရွာသူရွာ‌သားတွေကို သူ့သားသမီးလိုပဲဆက်ဆံတော့ ‌ရွာမှာ အတော့်ကိုပျော်စရာပဲ"
  "ညွှန်းလှချည်လား နောင်ကြီးရာ ဒါနဲ့ ခင်ဗျားပြောတဲ့ Kim အိမ်တော်က ဘယ်မှာတုန်း"
   "မပူနဲ့မင်းကိုအဲ့ကိုခေါ်သွားမှာ"
   "ဟမ်!!"
   "မဟမ်နဲ့ ရောက်ပြီ"

H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡Where stories live. Discover now