C 13

612 54 4
                                    

ဖြောင်းဒုံရောက်တဲ့အခါ လူတွေဟာအလဲလဲအကွဲကွဲ။သခင်ကြီးဟူသော ဂုဏ်ပုဒ်တွေဟာဘယ်နေရာဘယ်ဒေသမှာကျန်ခဲ့လဲတောင်စဉ်းစားမရခဲ့။အခုလည်းမြင်ကွင်းကနည်းနည်းတော့အမောဆို့ပါသည်။ ဘာလဲဟ ဘာတွေလဲ။သခင်ကြီးစဉ်းစာချိန်တောင်မရ။အနီးနားက ရွာသားက လှမ်းဆွဲတာကြောင့်သူတို့နဲ့ရော‌ေယာင်ကာ ဒူးထောက်ထိုင်လိုက်ရသည်။
   "ဘယ်မှာလဲ သူဌေးသားမက်ဆိုတဲ့ကောင်ထွက်ခဲ့စမ်း"
မြင်းပေါ်ကလူက သေနတ်ကိုမြောက်ကာ မြင်းကိုဟိုဘက်ဒီဘက် ဇတ်ကြိုးလှည့်ရင်းအော်ပြောလာသည်။
   "မင်းတို့သူ့ကိုဝှက်ထားရင် တစ်ရွာလုံးသတ်ပစ်မယ်"
ရွာသားအားလုံးဟာ မြေကွက်လပ်မှာ ဒူးထောက်လက်မြောက်ကာ ရှိနေရပြီး ဓားပြသုံးယောက်က ဟန်ကြီးပန်ကြီး သေနတ်တကားကားနဲ့ ဩဇာသီးရောင်းနေခြင်း။
    "လူချောကိုမထွက်ခိုင်းနဲ့နော် သေရင်သေပါစေ ငါတို့ကာကွယ်ရမယ်"
ပြူးကြီးအပြောကို တစ်ရွာလုံးက ထောက်ခံကာ ခေါင်းငြိမ့်ကြသည်။ဒါကိုမြင်သွားတဲ့ ဓားပြတစ်ယောက်က
   "ဟို မျက်လုံးကဇကောဝိုင်းလောက်ရှိတဲ့ကောင် ဘာတွေမိန်းမလိုမိန်းမရတွတ်ထိုးနေတာလဲ"
   "မဟုတ်ပါဘူး"
    "ငါမြင်တာတောင်ငြင်းတဲ့ကောင် ဟေ့ကောင်တွေအဲ့ကောင်ကိုခေါ်ခဲ့ကွာ အရှေ့ကို"
    "ထစမ်း"
ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ လူကပြောတော့ကျန်နှစ်ယောက်က မြင်းပေါ်မှဆင်းကာ ပြူးကြီးကို လူအုပ်ကြားထဲကနေဆွဲခေါ်သည်။ကြက်မကတော့ လင်တော်မောင်ကိုခေါ်ရကောင်းမလားဆိုပြီး ထပွဲရှာသည်။
   "ကျုပ်ယောက်ျားကို ထိဖို့မစဉ်းစားနဲ့နော်"
  "ဟာ ဒီဟာမက ဘာလဲ လင်မယားနှစ်ယောက်လုံးပစ်သတ်လိုက်လို့ အတူတူမြေမြုပ်ခံနေရမယ်"
   "ကြက်မ အသာနေစမ်းပါဟာ အလကားနေအသားအနာမခံချင်စမ်းနဲ့"
  ပြူးကြီးစကားကိုမျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့
    "ဒါဆို တော်ကျတော့ရော.......‌"
ကြက်မကတုန့်ပြန်သည်။မျက်စိစပါးမွှေးစူးသွားဟန်တူသည့် ဓားပြခေါင်းဆောင်ဟာ
   "ဟာ ဓာတ်ရှင်ရိုက်နေတာကျနေတာပဲ ရှုပ််တယ် အဲ့ကောင်မပါရှေ့ဆွဲထုတ်လာခဲ့"
ကြက်မရောပြူးကြီးရောအရှေ့ရောက်တော့ ဓားပြခေါင်းဆောင်ဟာမြင်းပေါ်ကဆင်းပြီး ပြူးကြီးနားထင်ကိုသေနတ်နဲ့ထောက်ကာ
   "ဘယ်မှာလဲ သူဌေးသားမက်"
   "ကျုပ်မသိဘူး"
     "ဒီကျည်ဆံတွေမင်းဦးနှောက်ထဲဝင်သွားမယ်ဆိုရင်တောင် အဆုံးထိ မသိဘူးပဲဖြေနေမှာလား"
   "ကျုပ်တကယ်မသိတာပါ"
    "မင်းတို့က ယုံချင်အောင်လည်းငြင်းကြဟ တစ်ရွာတည်းနေပြီးမသိဘူးဆိုတော့"
    "ဒိုင်း!!!"
   "အ‌မလေး ကျုပ်ယောက်ျားသေပါပြီတော့်"
သေနတ်အသံနဲ့ကြက်မအသံဟာတစ်ထပ်တည်း။
ဓားပြခေါင်းဆောင်ဟာ ပြူးကြီးရဲ့ပေါင်ကိုသေနတ်နဲ့ပစ်လိုက်ခြင်း။ ကြက်မဟာ ဘေးကသွေးအိုင်ထဲ ရှိနေသည့်ပြူးကြီးကိုဖက်ကာငိုနေသည်။ သခင်ကြီးစိတ်ထဲလည်းတရွရွ။ဒီကောင် လာလီ ဘာတွေစဉ်းစားနေတာလဲ။သူ့အတွက်နဲ့တစ်ရွာလုံးကိုအသေခံခိုင်းမလို့လား။သူ့ကိုပြန်ပေးဆွဲတော့ရော ငါကလိုက်မရွေးပေးတော့ဘူးတဲ့လား။အံ့ဩစရာ တယ်ခက်တဲ့ကောင်။ ဒင်းမပြောရင်နေ ငါပြောမယ်ဟုစိတ်ကတွေးပြီးထမည်အပြု
    "တော်လောက်ပြီ ခင်ဗျားတို့သေနတ်တွေသိမ်းလိုက်စမ်းပါဗျာ"
   "မင်းကဘာကောင်လဲ ဘာလူစွမ်းကောင်းထလုပ်ချင်ပြန်ပြီလဲ ငါ့သေနတ်က လူမရွေးဘူးနော်"
    "ကျုပ်က ခင်ဗျားတို့မေးနေတဲ့ သူဌေးသားမက်ဆိုတဲ့အကောင်ပဲ ကျုပ်ကိုပစ်လိုက်ရင်ခင်ဗျားအကျိုးယုတ်တော့မှာပေါ့"
   လာလီက လက်ပိုက်ကာ မခန့်လေးစားကြည့်ပြီးပြောနေခြင်းကြောင့် သခင်ကြီးမှာရင်တထိတ်ထိတ်။ရူဘီလေးဟာ သွေးနုသားနုနဲ့။ဒီကောင်တော့ဘာတွေလုပ်ပြန်ပြီလဲ။
    "ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ အဲ့ကောင်ကိုကြိုးတုပ်ပြီးခေါ်စမ်း"
   "အိုး အေးဆေးပေါ့ ကျုပ်အသာတကြည်လိုက်ခဲ့မှာပါ ခင်ဗျားတို့စခန်းမှာ မေဘယ် ပင်ကြီးရှိသလို သစ်ခေါင်းပေါက်ကြီးလည်းရှိတယ်မလား မြွေတွေခိုလို့ကောင်းတဲ့နေရာပဲ"
  "ဒီ ဒီကောင်ဘာတွေပြောနေတာလဲ ငါ့စခန်းကိုဘယ်လိုသိနေတာလဲ"
   "ကျုပ်ကမြွေတွေကိုခေါ်ခိုင်းလို့ရတယ်ဆိုတာ ခင်ဗျားတို့မသိသေးဘူးထင်တယ် ကျုပ်ရွာက လူကို သေနတ်နဲ့ပစ်တဲ့အတွက် ခင်ဗျားတို့ကို မြွေတွေကြားထဲရောက်အောင်ပို့ပေးရသေးတာပေါ့"
   "ဟေ့ ဟေ့ကောင် အာမချောင်နဲ့နော် ငါတို့ကြောက်မယ်ထင်နေလား"
   လာလီဟာဘာမှမပြောဘဲ ပြုံးရုံလေးသာပြုံးပြီး လေချွန်ကာ တီးလုံးအသေးစားလေးလို လုပ်သည်။ပြီးတော့ ပါးစပ်က ဘာတွေ ရွတ်မှန်းမသိ ပွစိပွစိလုပ်လိုက်သေးသည်။ပြီးတော့ ဓားပြတွေမတ်တပ်ရပ်နေတဲ့ ဘေးက ဂုံနီအိတ်ကိုလက်ညှိုးထိုးကာ တစ်စုံတစ်ခုကိုပစ်ထည့်ဟန်လုပ်သည်။
   "ခေါင်းဆောင် ဒီ ဒီကောင်ဘာတွေလုပ်နေတာလဲမသိဘူး"
   "အသာနေစမ်း ဒီကောင်သက်သက်ရှိုးပြနေတာနေမှာပါကွ"
အချင်းချင်းတွတ်ထိုးကုန်တဲ့ဓားပြတွေ။
    "ဟေ့ကောင် သူဌေးသားမက် မင်းသရုပ်ဆောင်တာတွေရပ်လိုက် မင်းခြောက်တိုင်းငါတို့ကကြောက်မယ်ထင်လား"
လာလီဟာ လက်ပိုက်မပျက် အပြုံးမပျက်နဲ့ပင်
   "အဲ့တာဆို ခင်ဗျားတို့ဘေးကဂုံနီအိတ်ကိုဖွင့်ကြည့်လိုက်လေ"
ခေါင်းဆောင်ဟာခဏတွေဝေသွားပြီးမှ
   "ဟေ့ကောင်တွေယုံမနေနဲ့ သူဖြီးဖြန်းနေတာနေမှာ သွားဖွင့်စမ်းကွာ"
   "ဟုတ်ကဲ့"
ဓားပြနှစ်ယောက်ဟာ လက်တွန့်ခြေတွန့်ဖြစ်နေသော်လည်း ခေါင်းဆောင်ကိုကြောက်ရသောကြောင့် အိတ်ကို ဖွင့်မည်ပြုလိုက်သော်လည်း အဝလေးဟရုံရှိသေး လျောခနဲထွက်ကျလာတဲ့မြွေတွေဟာ အထွေးလိုက်အလုံးလိုက်။
   "ဟာ ခေါင်း ခေါင်းဆောင် ‌မ မြွေ မြွေတွေအများကြီးဗျ"
  "နင့်မေ‌ စောက်ကလွှား ပြေးဟေ့ မြွေ မြွေတွေဟ ကယ်ကြပါဦး"
  "ဟား ဟား ဟား ဟား"
အစဉ့်ကလျားပြေးသွားကြတဲ့ ဓားပြတွေကိုကြည့်ရင်း လာလီရယ်လိုက်တာ အားရပါးရပင်။

H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡जहाँ कहानियाँ रहती हैं। अभी खोजें