နေ့ခင်းဘက် ရူဘီ့အဆောင်သို့မယ်မယ်ကလာကာ ရူဘီ လက်ထပ်ရမည့်အကြောင်းပြောသည်။
"မယ်မယ်နဲ့သမီးဖေကြီးလည်းဒီလိုပဲအိမ်ထောင်ပြုခဲ့တာ ဂျွန်က သမီးကိုစောင့်ရှောက်နိုင်မှာပါ ဆွေမကင်းမျိုးမကင်းဆိုတော့ သမီးအစ်ကိုဆိုလည်းဟုတ်တယ်"
"ရူဘီ လက်မထပ်ချင်သေးဘူးမယ်မယ် လက်ထပ်ရမယ်ဆိုလည်းရူဘီ မြင်ဖူးတွေ့ဖူး ပြီးတော့ ရူဘီနှစ်သက်တဲ့လူပဲဖြစ်စေချင်တယ်"
"ခက်လိုက်တာရူဘီလေးရယ် ဂျွန်က ဆိုးလ်မှာနေတယ်ဆိုပေမဲ့ သမီးနဲ့လက်ထက်ရင် ဒီမှာပဲလာနေတော့မှာ ဒီကနေပဲသူစီးပွားရေးလုပ်မယ် ဖေကြီးနေရာဆက်ခံမယ်တဲ့"
"မယ်မယ် ယုံလို့လား သူတို့လိုစာကြီးပေကြီးတတ်သူတွေက ဒီလိုနေရာမှာဇာတ်မြှုပ်မယ်ထင်လို့လား"
(စာကြီးပေကြီးတတ်=ခေတ်ပညာတတ်ဘွဲ့ရ ကိုဆိုလိုခြင်း)
"ရူဘီရယ် မယ်မယ်က!!!"
မယ်မယ့်စကားမဆုံးခင်
"ညီမရေ "
ဖေကြီးခေါ်သံကြီးကိုကြားလိုက်ရသည်။တကယ်ကိုကျေးဇူးတင်မိသည်။ဖေကြီးက ရူဘီ့ရဲ့ကယ်တင်ရှင်ပဲ။မဟုတ်ရင်မယ်မယ့်ရဲ့တရားတွေနာရတော့မလို့။
"ကဲ သမီးဖေကြီးခေါ်နေလို့မယ်မယ်သွားလိုက်ဦးမယ် ရူဘီလေးစဉ်းစားထားစေချင်တယ်ကွယ်"
"ဟုတ်ကဲ့ပါ မယ်မယ်"
မယ်မယ်ထွက်သွားမှ ရူဘီ ခေါင်းခါမိသည်။ မချစ်ဘဲမယူနိုင်ပေါင်။
..................
ရွာထဲရှိ ရေချိုးကန်မှာကြာပန်းတွေနှင့် ကြည်လင်စိမ်းမြသောရေက ပနံတင့်သည်။ထို့ထက်ပိုပြည့်စုံသွားသည်က ရေချိုးရင်းရေဆော့နေသည့် မင်းသမီး။
"မင်းသမီးလေး အအေးပတ်ပြီးဖျားမယ် ကိုယ်လက်သန့်စင်တာရပ်ပြီး ကန်ပေါ်တက်လာပါတော့"
"ဟုတ်တယ် သခင်မလေးကြာနေပြီ"
Kim အိမ်တော်ရဲ့ဖူးဖူးမှုတ်သမီးလေးဖြစ်တဲ့အလျောက် အခြွေအရံတွေကထုနဲ့ထည်နဲ့။အဲ့အတွက်လည်းရူဘီ့မှာစိတ်ကျဉ်းကြပ်မှုက အုပ်လိုက်ကျင်းလိုက်
"နာယောင်းကလည်း ငါကရေဆော့ချင်သေးလို့ဟာကို"
နှုတ်ခမ်းဆူကာပြောလိုက်ပေမဲ့ ပတ်ပတ်လည်အခြွေအရံတွေထဲကအသက်အကြီးဆုံးနဲ့ ခေါင်းဆောင်ဖြစ်တဲ့ မာဘို့ဆွန်းက
"နေထိုင်မကောင်းဖြစ်မယ် မင်းသမီးလေး အခုတောင်အကြာကြီးရေစိမ်နေခဲ့တာမလား"
ဟုပြောလာတော့ ရေကန်ထဲမှဆောင့်အောင့်ကာတက်လာတော့ ရေလဲဖို့လုံချည်နဲ့ခြုံပဝါကအသင့်
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
