C 7

360 49 7
                                    

ရူဘီ့မှာဒုက္ခတစ်ခုရှိသည် အဲ့တာက လာလီဟာ အိပ်လိုက်စားလိုက်နေတုန်းကလည်း အိမ်အပြင်မထွက် ဟော အခုထွက်ပြန်တော့လည်းအိမ်မကပ် ခက်တော့နေပြန်ပြီ။ကိုယ်ကသူ့အားကိုးပြီးလိုက်လာခဲ့တာလေ။မနက်ကတော့ ရွာထဲကို မွေးစားအမေခိုင်းလို့ အသွား ကြက်မ(မီနာ)နဲ့တိုးလို့ နှုတ်ဆက်တော့
"အမလေး မင်းသမီး ကိုကျုပ်ပြောရဦးမယ်တော့ လူချောကိုချောက်ကမ်းနားမှာတွေ့ခဲ့တယ်တော့ "
"ဟင် လာလီက အဲ့ကိုဘာသွားလုပ်တာလဲ"
"ကျုပ်လည်းမပြောတတ်ပါဘူး မင်းသမီးရယ် ပန်းပဲဖိုမှာလည်း လေးထောင့်ပုံစံဆိုလား ဘာလား အဲ့တာမျိုးကို အခွက်နှစ်ဆယ်မှာထားတယ်တဲ့"
"ဟင် ဟုတ်လား"
ကြက်မရဲ့အာပေါင်အာရင်းသန်စွာပြောနေသမျှ ရူဘီမှာသာ ပါးစပ်ဟောင်းလောင်းဖြင့်နားထောင်နေရသည်။တကယ်လည်းရူဘီဘာမှမသိ။
"သစ်လုံးတွေလည်း ဘကြီး စော ဆီကနေ ဆယ်လုံးလောက်ဝယ်ထားတယ်တဲ့"
"ဟုတ်လား"
ရူဘီဒါတော့တကယ်အံ့ဩသွားသည်။ဘယ်ကပိုက်ဆံရှိလို့လာလီကဝယ်ရတာလဲ။ပန်းပဲဖိုမှာ ပုံစံအပ်ရင်လည်း ပိုက်ဆံကပေးရမှာပဲမလား။နောက်ပြီးချောက်ကမ်းပါး။အဲ့ချောက်ကမ်းပါးက အရမ်းဇောက်မနက်ပေမဲ့အသွားအလာမရှိ။သဲချောင်းလေးတစ်ခုဖြစ်ပြီး ရေလည်းအဲ့လောက်မစီးတော့။ပြောရရင်ရွာသားတွေက ပစ်စလက်ခက် ဥပေက္ခာပြုထားတဲ့နေရာ။တကယ်ပဲရှင်ဘာတွေကြံနေတာလဲ လာလီ။ သိချင်စိတ်ဟာ အိမ်ပြန်ရောက်တာတောင်ရူဘီ့ကိုတွန်းထိုးနေသည်။လာပလေ့စေဦး။

....................................

ညနေ နေလုံးဝင်ခါနီးမှ လေတချွန်ချွန်နဲ့အိမ်ကိုပြန်လာတဲ့အိမ်ဉီးနတ်။
"လာလီ"
ရူဘီမစောင့်နိုင်သလို ပုံစံဖြင့် ကွပ်ပျစ်ပေါ်ဆင်းကာ သူ့ကိုခေါ်မိတော့
"မင်းသမီးရယ် ဖြေးဖြေးလုပ်ပါ ချော်ချက်လဲနေမှဖြင့် ကျုပ်ထွက်‌မပြေးပါဘူး ဒီမှာထိုင်မှာပါ"
"ကျွန်မတကယ်အကောင်းပြောမလို့"
"ညမှပြောလို့မရဘူးလား တ‌စ်နေ့လုံးကျုပ်လမ်းလျှောက်နေရတော့ ညောင်းနေပြီ"
ဟုပြောကာကွပ်ပြစ်ပေါ်ထိုင်သည်။
"သား လူချောလေး နောက်ကျလှချည်လားကွယ်"
ဒေါ်ဟိုလင်းက အိမ်နောက်မှ ထွက်လာကာ ပြောသည်။
"ဟုတ်တယ်အမေရ ကျုပ်ကိစ္စလေးတွေရှိနေလို့ပါ"
"ပင်ပင်ပန်းပန်းမလုပ်စမ်းပါနဲ့လူချောရယ် အမေ့သားနဲ့သမီးကို အမေရှာကျွေးနိုင်ပါတယ်"
ပြုံးနေသော လာလီ့ကိုကြည့်ကာ ရူဘီဝင်ပြောမည်ပြုတော့
"အဲ့လိုလည်းမဟုတ်သေးဘူးလေအမေရာ ကျုပ်ကမိန်းမခိုးလာတာလေ ကျုပ်မှာတာဝန်တွေရှိတယ်"
အတည်အတံ့ပြောနေတဲ့သူ့မျက်နှာကြောင့် ရူဘီ့ရင်ထဲ နှလုံးပီတိဂွမ်းဆီထိနေလေပြီ။
"ကဲပါ လောလောဆယ်တော့ဗိုက်ဆာပြီ အမေဘာချက်လဲ"
"ဝက်သားနှပ်နဲ့ကင်မ်ချီကျီဂဲ"
"ဟား ဗိုက်ခွေးနမ်းတော့မှာပဲ လာအမေ
မင်းသမီးရောလာ လက်ဆုံစားကြတာပေါ့"
ဒေါ်ဟိုလင်းလက်ကိုဆွဲကာအရင်တက်သွားသောလာလီရဲ့နောက်ကျောကိုကြည့်ရင်း ရူဘီပြုံးကာ ထမင်းစားရန် အိမ်ပေါ်ဦးတည်လိုက်သည်။

H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡Donde viven las historias. Descúbrelo ahora