C 10

931 72 4
                                        

      "ဘယ်လို လူချောရ ငါနားမလည်ဘူး"
    "ခင်ဗျားကိုရှင်းပြနေရတာနဲ့တင်နေ့ဝက်ကျိုးနေပြီ ဒုက္ခပဲ ကိုဝက်ကြီးရာ"
ချောက်ကမ်းပါးဘေးသို့ လာလီဒီနေ့ရောက်ရှိနေခြင်းဖြစ်ကာ တခြားရွာမှ ကိုဝက်ကြီးကိုပစ္စည်းသွားသယ်ခိုင်းနေခြင်း။
သူတစ်ယောက်ပဲရွာမှာလှည်းပိုင်ရှိတာလေ။
      "မင်းပြောတဲ့ ဆယ်အိတ်ဆိုတာကိုငါမှ မရေတွက်တတ်တာ"
  "ကျုပ်ပေးတဲ့ဒီ တုတ်ချောင်းလေးတွေသာယူသွား ခင်ဗျား လှည်းပေါ် သူတို့တစ်အိတ်တင်ရင် တစ်ချောင်းလွှတ်ချ တုတ်ချောင်းတွေကုန်ရင် ခင်ဗျားလှည်းပေါ်အကုန်ရောက်လို့ပေါ့ဗျ"
  "ဖြစ်ပါ့မလား ငါမှားမှာကြောက်တယ်"
ဖင်ကုတ်ခေါင်းကုတ်ပြောနေသောဝက်ကြီးအား ကြက်မကြည့်မရတော့။
   "အမလေး ကြောက်နေရအောင် နင့်မယားမဟုတ်ဘူး ငါနဲ့သာနေရာချင်းလဲလိုက်ချင်တယ် ငါ့မှာလှည်းမရှိလို့သာငြိမ်နေရတာ"
  "ဒေါ်ကြက်ကြီးကလည်း လှည်းရှိမှလားဗျ သယ်ချင် စကပ်‌ခါးတောင်းကျိုက်သယ်လည်းရတာပဲကို"
   "သေနာလေးတွေ ကလေးက ကလေးလိုနေစမ်း"
ဂွမ်နီတို့တစ်သိုက်ကလည်း ကြက်မဆို ချစ်စနိုးစ ကြသလို။ ကြက်မဟာလည်း ပြန်အော်ဆဲလိုက်ရမှ။
     "ကျုပ်ပြောသလိုသာလုပ်ခဲ့ပါ ကိုဝက်ကြီးရာ ခင်ဗျား အဲ့လိုတုတ်ကလေးတွေလွှတ်ချ ကုန်လို့ရှိရင် တစ်ခါပြန်လာပို့ ရွာတစ်ခါ ရောက်ရင် လက်တစ်ချောင်းလို့မှတ် လက်ညိုး လက်ခလယ် လက်သူကြွယ် ဆိုရင်ရပြီ"
"လူချော မင်းပြောတဲ့ ဘာမြေ..."
"ဘိလပ်မြေ"
  "အေးအေး အဲ့တာက ဘာလုပ်ဖို့တုန်း"
သူကြီးအမေးကို လာလီခေါင်းညိတ်ပြလိုက်ပြီး
   "သူကြီးတို့ လုပ်ကြရမယ်နောက်တစ်ဆင့်အတွက်ပေါ့ ကျုပ်သေချာရှင်းပြပါမယ် အခုတော့ ကိုဝက်ကြီး ကျုပ်ပြောတာလေး နေမစောင်းခင်အပြီးလုပ်ထား‌ေပးဗျာ "
   "အေးပါလူချောရ"
ကိုဝက်ကြီးက လှည်းကောက်တပ်ကာသွားမည်ပြင်တော့
   "ပြူးကြီး မင်းပါလိုက်သွားပေးလိုက်ပါလား အဖော်ရတော့ပိုမြန်တာပေါ့"
သူကြီးက ပြူးကြီးကိုပြောတာဖြစ်သော်ငြားလည်း ကြက်မက ကဗျာကယာဝင်ပြောသည်
  "ကိုဝက်ကြီးဒါဆိုကျုပ်ယောက်ျားကို ကူသယ်ခပေးရမှာနော်"
"ဒေါင်!!!"
"အမလေးလေး သေပါပြီအာပုကျီးရဲ့"
"သေဟေ့ ငွေစကားပဲပြောနေ"
  သူကြီးက အနားကဗန်းနဲ့ရိုက်လိုက်လို့ကြယ်လမြင်သွားတဲ့ကြက်မက ခေါင်းကိုတပွတ်ပွတ်နဲ့
    "သူကြီးက ပါဝါတွေ ကိုလာတွေပြနေတယ် သူကျငွေစကားမပြောတာကျနေရော"
ဟု ပွစိပွစိပြောနေရာ
  "ဟဲ့ ကြက်မ ငါအကုန်ကြားတယ်နော်"
   ဟုပြောလိုက်မှ သူကြီးကိုမချိသွားဖြဲလုပ်ပြကာ ကြက်မငြိမ်သွားသည်။

H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡Where stories live. Discover now