အခန်း-၁၂၇(လိုက်ဖက်ညီမှု)

Start from the beginning
                                    

​ပေါ်ယွီ စိတ်ရှုပ်ရှုပ်ဖြင့် ဝမ်းဟယ်ရှန်းအား စီးကရက်တစ်လိပ် ကမ်း​ပေးသည်။၀မ်းဟယ်ရှန်းကား မယူ။​ပေါ်ယွီ တစ်ချက်​တွေ​ဝေသွားပြီး သူပါ ​ဆေးလိပ်မ​သောက်ရန် ဆုံးဖြတ်လိုက်သည်။

" ​နောက်ကျ လျှို့ကျိုးမြစ်နားက ဆန်ခရု​ခေါက်ဆွဲစားကြရ​အောင် "
​ပေါ်ယွီ သ​ဘောမ​နော​ကောင်းစွာ ဖိတ်မန္တကပြုလိုက်၏။

ဝမ်းဟယ်ရှန်းက ​ခေါင်းညိတ်ရင်း သူ့ဖုန်းကို ​ပေါ်ယွီ့ဆီ ထိုး​ပေးသည်။
" ​နောက်တစ်ခါ မုန့်သွားစားဖို့ Wechat မှာ friend add ထားကြမယ် "

​ပေါ်ယွီက ၀မ်းဟယ်ရှန်းနှင့် သူငယ်ချင်း​တွေဖြစ်သွားသည်နှင့်တစ်ပြိုင်နက် ဝမ်း​ဟယ်ရှန်အား ​ဟော့​ပေါ့ဆိုင်၏ Free Wifi လိုင်းကို သုံး၍ ' ​လောဘအိုးမြွေဂိမ်း ' ကို download ဆွဲရန် အားတက်သ​ရော တိုက်တွန်းလာသည်။မြွေဂိမ်းကို သူနဲ့အတူတူ အဖွဲ့လိုက်​ဆော့ကြမည်ဟု။

ဝမ်းဟယ်ရှန်းက ဤသို့ဂိမ်းမျိုး​​တွေ စိတ်မ၀င်စား။က​လေးကလားဆန်လွန်းသည် ထင်၏။ထို့​ကြောင့် ​ပြောင်​ပြောင်တင်းတင်း ငြင်းဆန်ပါသည့်တိုင် ​ပေါ်ယွီ၏ မရမ​နေ ဇွဲ​ကောင်း​ကောင်း ဂျီကျမှုကြီးကို သူ့ခမျာ ​တောင့်မခံနိုင်ရှာ။

သို့နှင့် ၀မ်းဟယ်ရှန်းတစ်​ယောက် ဂိမ်း App ကို download ချကာ ​ပေါ်ယွီ့အကြံအတိုင်း အလကားရတဲ့ wifi လိုင်း​အောက်တွင် နှစ်​ယောက်သား အတူတူ ဂိမ်းနှိပ်ကြ​တော့သည်။

​ပေါ်ယွီ ဂိမ်းထဲ​ရောက်သည့် အခိုက်အတန့်​လေးတွင် wifi line က သိပ်မတည်ငြိမ်ချင်ဖြစ်ရာ ​ပေါ်ယွီက ဝမ်းဟယ်ရှန်းနှင့်ရန်သူပြိုင်ဖက်အသင်းထံ join မိသွားခဲ့သည်။

ဂိမ်းထဲတွင် အနီ​ရောင်​မြွေ​သေး​သေး​လေးက အစိမ်း​ရောင်​မြွေအကြီးကြီးနှင့် ပက်ပင်းတိုးသည်။​ပေါ်ယွီက သူ့ရဲ့ကျွမ်းကျင်မှု​တွေကို ၀မ်းဟယ်ရှန်း​ရှေ့မှာ ဟန်တစ်လုံးပန်တစ်လုံး ကြွားဝါချိန်မရလိုက် ၊ ဝမ်းဟယ်ရှန်း၏​မြွေအမြှီးနှင့် ​အသတ်ခံလိုက်ရသည်။ကမန်းကတန်း ပြန်အသက်ရှင်လာလို့မှမကြာ​သေး ၊ ဝမ်းဟယ်ရှန်းရဲ့​မြွေစိမ်းက သူ့ရဲ့အနီ​ကောင်ကို မြိုချလိုက်၏။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now