အခန်း-၁၂၇(လိုက်ဖက်ညီမှု)

Start from the beginning
                                    

ဝမ်းဟယ်ရှန်းက ​ပေါ်ယွီ့ကို တွန်းသည် ၊ မရ။​နောက်တစ်ကြိမ် အား​လေးအင်​လေး ထည့်တွန်းလိုက်ခါမှ တွန်းထုတ်လို့ရသွားသည်။​ရှေ့​နေ၀မ်းက ​ခေါင်းယမ်းပြ၏။
" ​ကျေးဇူးကွာ "

​ပေါ်ယွီက ​ကိစ္စမရှိကြောင်း လက်​ဝေ့ယမ်းပြသည်။

​ပေါ်ယွီ သူ ပူပူ​လော​လော အမဲအူကြမ်း​များကို ဆယ်ယူလိုက်သည်။ခေတ္တမျှ တွန့်ဆုတ်​နေပြီး ၎င်းအမဲအူကြမ်း​တွေကို ​ဝမ်းဟယ်ရှန်းပန်းကန်ထဲ ရက်ရက်​ရော​ရော ပုံပေးသည်။
" စားပါ ၊ ဗိုက်ပြည့်အင့်သွားတဲ့အချိန်ကျ အားလုံး အဆင်​ပြေသွားလိမ့်မယ် "

၀မ်းဟယ်ရှန်းဟာ နှလုံးသားထဲကခါးသီးမှု​တွေကို ​ပေါ်ယွီ့ထံ ရင်ဖွင့်လိုက်ရပြီမို့ ​ပေါ့​ပေါ့ပါးပါးရှိလာခဲ့သည်။အမဲအူကြမ်းများကို ​ဆော့စ်အနှစ်ထဲစိမ်၍ အာခံတွင်းထဲ ပလုတ်ပ​လောင်း ထည့်ချလိုက်၏။
" ဒီကငရုတ်သီးအနှစ်က ​ကောင်းချက် "

" ဟုတ်တယ် ၊ ​နောက်တစ်ခါ ကျွန်​တော် ခင်ဗျားကို ဟွားတက္ကသိုလ်ဂိတ်နားက အကင်ဆိုင်​ဆီ ခေါ်သွား​ပေးမယ်။ ကြက်​တောင်ပံကင်​တွေ ၊ အသားကင်​တွေက လုံး၀ရှယ် !!! "
​ပေါ်ယွီ ဟင်းခနဲ သက်ပြင်းချသည်။ဟိုးအရင် သူ အိမ်​ပေါ်ကဆင်းခဲ့စဉ် သူ့ရဲ့စား​သောက်မှုပုံစံက အ​တော်​လေးကို ​ဇောက်ထိုးမိုး​မျှော်ဖြစ်ခဲ့ဖူးသည်။​ပေါ်ယွီက ညကြီးမိုးချုပ် မုန့်စားရသည်ကို အင်မတိအင်မတန် သ​ဘော​ခွေ့ခဲ့​လေသည်။

ထိုအချိန်တုန်းက ဟွားတက္ကသိုလ်၀င်​ပေါက်နားရှိ အကင်ဆိုင် ၊ ယခု ဤ​ဟော့​ပေါ့ဆိုင် ၊ လျှို့ကျိုးမြစ်တစ်၀ိုက်က ဆန်ခရုခေါက်ဆွဲဆိုင်နှင့် ဟွားချန်မြို့တော် ရုပ်ရှင်အနုသုခုမ သိပ္ပံတက္ကသိုလ်ဂိတ်အနီးက နှမ်း​စေ့ကိတ်ဆိုင်တို့ကို ပေါ်ယွီ အမြဲတမ်း ​ချောင်း​ပေါက်မတတ် သွားစားခဲ့​​သည်။

" ငါက ဟွားတက္ကသိုလ်က​နေ ဘွဲ့ရခဲ့တာ။ တက္ကသိုလ်​ရှေ့က အဲဒီအကင်ဆိုင်မှာ ခဏခဏ စားခဲ့ဖူးပါ့။ အရသာက မဆိုးပါဘူး "

ဝမ်းဟယ်ရှန်းဟာ ​ပေါ်ယွီနှင့် ဘီယာခွက်ချင်း ချွင်ခနဲ တိုက်လျက် ​မော့​သောက်လိုက်သည်။အရက်​လေး ခပ်​ထွေ​ထွေဖြစ်လာ​သောအခါ ကုတ်အင်္ကျီကို ချွတ် ၊ ​ဘေးမှာပုံချလို့ နက်ကတိုင်ကိုပါ ဖြည်လိုက်၏။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now