...................
"သိပ်စိတ်မပူပါနဲ့ မကြက်မရယ် ကိုပြူးကြီးက မာပါတယ်"
ဆေးဆရာအိမ်ရောက်နေသော ပြူးကြီးအား လူနာမေးလာကြသူဟာအများအပြား။ပြူးကြီးအခြေအနေစိတ်ချရပါပြီဆိုမှ သူကြီးကအစရွာသားတွေအဆုံး သခင်ကြီးဆီ အာရုံရောက်လာကြသည်။
"Janeသခင်ကြီး ကဘယ်လိုဖြစ်လာရတာလဲဗျာ"
"အေးလေ ရုတ်တရက်ဆိုတော့ ခရီးသွားပဲထင်လိုက်လို့ အင်္ကျီကလည်း ဖရိုဖရဲဆိုတော့ Jane သခင်ကြီးရယ်လို့မထင်မိလိုက်ဘူး"
ရွာသားတွေဟာတစ်ယောက်တစ်ပေါက်။
"ကျုပ်လှည်းလမ်းမှာနွံနစ်လို့ပါ"
ဟုတ်တယ် လှည်းနွံနစ်လို့ဖရိုဖရဲဖြစ်လာတာ။သရဲကြောက်လို့မဟုတ်ဘူး။(-_-)
"သခင်ကြီးကလည်း ကျွန်တော်တို့ဇရပ်ပေါ်ကပြေးလာလို့ လမ်းမှာချော်လဲ....."
"ဂျောင်"
တယ် မိုက်လိုက်တဲ့ဂျောင် ဘယ်သူ့ကိုအခုသိက္ခာချချင်နေတာတုန်း။ဂျောင် ဟူသော အသံဝါဝါကြီးနဲ့ပိတ်အော်လိုက်တဲ့အခါ ဂျောင်ဟာလည်းမလှုပ်ရဲတော့။ရွာသားတွေကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ လာလီ့ကိုစေ့စေ့ကြည့်လိုက်တော့ သကောင့်သားဟာလည်း စတွေ့စ ကလိုပင်အချိုးကမပြေ။
"မောင်မင်း ကဘာလို့လူစွမ်းကောင်းထလုပ်ရတာလဲ မတော်လို့အပစ်ခံရရင် ရူဘီလေးဘယ်လိုလုပ်မလဲ"
"......."
"မေးကတည်းကဖြေလိုက်တော့ရော ဘာဖြစ်မှာမို့လို့လဲ မင်းကိုပြန်ပေးဆွဲသွားရင် ကျုပ် လိုက်ရွေးမှာပါ ကျုပ်မြေးရဲ့အဖေကို လစ်လျူမရှူပါဘူး"
"ကျွန်တော့်မှာ နိုင်ကွက်ရှိလို့ပါ သခင်ကြီး"
"ရူဘီလေးရောဘယ်မှာလဲ ရွာရောက်ကတည်းကကျုပ်မတွေ့ဘူး ပြောတော့ရွာထဲရှိသမျှလူအကုန်ဆို"
"ရွာကိုဓားပြတိုက်မယ်သတင်းရလို့ မင်းသမီးကို ဒီမနက်ပဲအစောင့်အရှောက်အချို့နဲ့ ချန်းဂူကိုပို့လိုက်ပါတယ်"
"ကလေးရောလား"
"ဟုတ်ပါတယ်"
ကြည့်စမ်း ဘယ်လောက်ဒေါသထွက်ချင်စရာကောင်းလဲ။ကိုယ့်မှာတော့ သမီးဇော မြေးဇောနဲ့ ပြေးလာလိုက်ရတာ လူလုံးပင်မလှ။ဒင်းကတော့ သွေးနုသားနုမိန်းမနဲ့ကိုယ့်ရင်သွေးရက်သားလေးပဲရှိသေးတာကို တခြားတစိမ်းတွေနဲ့စိတ်ချလက်ချထည့်ပေးပြီး ရွာအတွက်သူရဲကောင်းလုပ်ဖို့ကျန်နေခဲ့သတဲ့။ဒါကြောင့်လည်းရွာသားတွေက ကာကွယ်ပေးနေတာနေမှာ။စိတ်ထဲ ဒေါသအကြီးကြီးထွက်နေသော်လည်း သခင်ကြီးသိချင်နေတာရှိသည်။လာလီကတကယ်မြွေခေါ်ခိုင်းနိုင်တာလား။သကောင့်သားကို စိတ်ဆိုးပေမဲ့ခဏအောင့်ထားပြီး မေးလိုက်သည်။
"နို့ ဒါနဲ့ မြွေတွေကမင်းခေါ်လို့ရောက်လာတာလား အိတ်အပြည့်ကြီးလား"
ဒီမေးခွန်းက ရွာသားတွေနဲ့သူကြီးသိချင်ဟန်။မျက်လုံးပြူးလေးများဖြင့်ရွာသားများဟာ လာလီ့ကိုကြည့်နေကြသည်။
"မဟုတ်ပါဘူး ဟိုဘက်ရွာက မုဆိုးကြီး ဘတ် ဆီကိုအကူအညီတောင်းပြီး လေးငါးဆယ်ကောင်လောက်ထည့်ထားတာပါ ပြီးတော့ အဲ့လေးငါးဆယ်ကောင်ကိုကျွန်တော်လည်းမနိုင်ဘူး"
လာလီ့အဖြေကို တစ်ရွာလုံးကခေါင်းတငြိမ့်ငြိမ့်။သူကြီးယူရှင်းဟာလည်း ခေါင်းကုတ်ရင်း
"အေး ထင်တော့ထင်သားကွ မင်းဖြင့်မြွေနိုင်တယ်လို့ငါ တစ်ခါမှမကြားဖူးခဲ့ပါဘူး"
ဟုပြောရာ ဂွမ်နီတို့ကလေးတစ်သိုက်ဟာလည်း ပြောချလိုက်တာ အားရပါးရ။
"ကျွန်တော်တို့က သူကြီးအဲ့လိုမှ ဉာဏ်ကောင်းချင်ယောင်ဆောင်ပါ့မလားတွေးနေတာ ရိုးရာမပျက်ဖျာခင်းတာပဲနော်"
"ဒီဟာလေးတွေကတော့"
ပစ်ပေါက်ရန်ဘာရှိမလဲဟုအနီးအနားမှာရှာနေစဉ် ပြေးဆင်းသွားကြသောကလေးတွေဟာတလွှားလွှား။
#next part coming
#ဒီအပိုင်းဟာ လက်ရှိupထားသမျှထဲမှာ စာလုံးရေအများဆုံးအပိုဒ်ပါပဲ။စောင့်နေကြသူများအတွက် ကျေးဇူးတုံ့ပြန်လိုက်တာပါ။စိတ်ကျေနပ်ဖို့မျှော်လင့်ပါတယ်။
YOU ARE READING
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡
Fanfiction"ခင်ဗျားတို့သိထားရမှာ ကျုပ်ကဆုတောင်းကောင်းနဲ့လာတဲ့သူ"
