Part.5

3.6K 95 1
                                    

လေယာဥ်ပေါ်ကခြေချလိုက်သည်နှင့်မြန်မာနိုင်ငံရဲ့အငွေ့အသက်လေးတွေကိုရိပ်ခံစားလိုက်ရသည်။

''ရိပ်ပြန်လာပြီမောင် မောင်ရိပ်ကိုစောင့်နေသေးရဲ့လား''

အပြုံးနုနုလေးတွေနဲ့သူမ​ခြေလှမ်းတွေကဖျတ်လက်တက်ကြွနေတာပင်။

''ရိပ်''

''မေလေး''

သူမအားလာကြိုတဲ့သူငယ်ချင်းမလေးအားသူမပြေးဖက်လိုက်၏။

''နင်လာမှကြိုပါ့မလားလို့''

''လာရမှာပေါ့ဟာ ငါ့မှာဒီသူငယ်ချင်းလေးပဲရှိတာကို လာသွားရအောင်''

''အင်း''

ပြောင်းလဲသွားသောမြန်မာနိုင်ငံရဲ့ပတ်ဝန်းကျင်ကိုကားပေါ်ကနေကြည့်ပြီးရိပ်ပြုံးမိသည်။

''တော်တော်ကိုပြောင်းလဲသွားတာပဲနော် အင်းလေ ခြောက်နှစ်တောင်ကြာသွားတာကိုး''

''အင်းလေ ငါကနင်ပြန်မလာတော့ဘူးတောင်ထင်နေတာရိပ်ရဲ့''

ရိပ်ဘာမှပြန်မပြောဘဲကားထဲကနေအပြင်ဘက်ကိုကြည့်ကာနှုတ်ဆိတ်နေလိုက်သည်။

မေလေးကသူမအားသူ့အိမ်ကိုခေါ်လာ၏။

''လာရိပ် အိပ်ထဲဝင် ငါ့အမျိုးသားကအလုပ်သွားတယ် ငါ့ကလေးတွေကတော့ကျောင်းသွားကြတယ် ခဏထိုင်ဦး ငါနင့်အတွက်အအေးသွားဖျော်ပေးမယ်''

''နေပါဦးမေလေးရဲ့ ငါမေးစရာရှိတယ်''

''ဘာလဲ မိန့်အကြောင်းလား''

''အင်း''

''နင်အမေရိကထွက်သွားကတည်းကမိန့်ကအားလုံးနဲ့အဆက်အသွယ်ဖြတ်သွားတာလေ ထက်မြတ်ကိုမှတ်မိသေးတယ်မလား သူနဲ့ကျောင်းတုန်းကအရမ်းခင်ခဲ့တဲ့သူလေ သူ့ကိုသွားမေးရင်လည်းနင်စုံစမ်းခိုင်းမှန်းသိလို့ထင်တယ် မပြောပြဘူး''

''သူခုထိတစ်ယောက်တည်းဖြစ်နေဦးမယ်လို့နင်ထင်လား''

''မထင်ပါဘူး ဒီလောက်နှစ်တွေကြာနေပြီဟာ သူကဘာလို့နင့်ကိုစောင့်နေဦးမှာလဲ''

''ငါကတော့မောင်ငါ့ကိုစောင့်နေဦးမယ်လို့ထင်နေတယ်''

''ရူးပါ့ရိပ်ရယ်''

My Little Doll[completed]Where stories live. Discover now