Part.8

5.1K 97 0
                                    

မနက်နေရောင်ခြည်ကထင်ထင့်မျက်နှာတည့်တည့်သို့ကျရောက်လာချိန်မှာထင်ထင်အိပ်ရာမှလွန့်လူးကာနိုးလာ၏။
ခေါင်းကလည်းနောက်ကျိနေကာလူကလ​ည်းပင်ပန်းသလိုဖြစ်နေသည်။

''ခေါင်းကိုက်လိုက်တာ''

သူမဘေးကိုလှည့်ကြည့်မိချိန်မှာသူမဘက်ကိုမျက်နှာမူကာအိပ်ပျော်နေတဲ့ဦးကိုတွေ့လိုက်ရသည်။
ဦးရဲ့လက်ကသူမရင်ဘတ်ပေါ်ရောက်နေတဲ့အပြင်သူမခန္ဓာကိုယ်မှာလည်းဘာအဝတ်အစားမှရှိမနေတော့ပေ။

''ဟင်''

သူမရဲ့အတွေးထဲမှာညကပြောခဲ့တဲ့စကားတွေဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကတစ်ခုချင်းပေါ်လာ၏။
သူမနဲ့ဦးဒုတိယအကြိမ်....။

သူမဦးရဲ့လက်ကိုဖယ်လိုက်ချိန်မှာဦးပါအိပ်ရာကလန့်နိုးလာ၏။

''ကလေး နိုးနေပြီလား''

''ဦး ညက''

သူမဆက်မမေးဘဲစကားကိုထိုနေရာမှာပဲရပ်လိုက်၏။
ဦးကအိပ်နေရင်းမှနားထင်ကိုလက်နဲ့ထောက်ကာကိုယ်တစ်စောင်းအနေအထားနဲ့ထင်ထင့်အားစီးမိုးကြည့်ရင်း

''လင်မယားတွေအတူတူအိပ်ကြတာဘာဆန်းလို့လဲ''

''ဦး ဘယ်လိုကြီးပြောလိုက်တာလဲ''

''ဟော ခုကျသူမဟုတ်သလိုပဲ ညကကျသူပဲ''

ထင်ထင်လက်ဖျားလေးနဲ့ဦးနှုတ်ခမ်းကိုလှမ်းပိတ်လိုက်၏။
သူထင်ထင်လက်လေးကိုဖယ်ပြီးဆုပ်ကိုင်ကာ

''ကလေးအကုန်မှတ်မိတယ်မလား''

ထင်ထင်ပန်းရောင်သမ်းသွားတဲ့မျက်နှာလေးနဲ့တစ်ဖက်ကိုလွှဲကာ

''ဦးဘာဖြစ်နေတာလဲ ထင်ထင်ရှက်နေပါတယ်ဆို''

''ကလေးရယ် ကိုယ်တို့ကလင်မယားတွေပါ ဒါဘာမှရှက်စရာမဟုတ်ဘူးလေ''

''ဟင့်အင်း မသိဘူး ဦးဆက်မပြောပါနဲ့တော့ ထင်ထင်တစ်ကယ်ရှက်လာပြီ''

''ကဲဟုတ်ပါပြီဗျာ မပြောတော့ဘူး အိပ်ရာထတော့ ပြီးရင်ကိုယ်အလုပ်သွားဖို့ပြင်ဆင်ပေး''

''ထင်ထင်ကဘာပြင်ဆင်ပေးရမှာလဲ''

''အဝတ်အစားတွေထုတ်ပေးရမယ် အင်္ကျီဝတ်ပေးရမယ် နက်ခ်တိုင်ချည်ပေးရမယ်''

My Little Doll[completed]Where stories live. Discover now