Part.19

2.9K 58 0
                                    

မင်းမိန့်သခင်ကိုတင်ဆောင်လာတဲ့ဆေးရုံကားလေးကလမ်းမပေါ်မှာရွေ့လျားပြေးလွှားနေသည်။

''မမ ကျွန်တော်အဖမ်းခံရမှာလား''

ဥက္ကာရဲ့အစ်ကိုကအစ်မဖြစ်သူလက်ကိုအားကိုးတကြီးကိုင်ကာမေးလိုက်သည်။

''ဘာမှမဖြစ်ပါဘူး သူလည်းဘာမှမဖြစ်လောက်ပါဘူး နင်ဘာမှမစိုးရိမ်နဲ့ ငါသူ့မိသားစုကိုဒူးထောက်ပြီးတောင်းပန်ရတောင်းပန်ရ ငါတောင်းပန်ပေးမယ်''

''မမရာ''

ဥက္ကာကတော့မင်းမိန့်သခင်ကိုကြည့်ကာနှုတ်ဆိတ်၍နေလေသည်။

''ခင်ဗျားသိပ်အချစ်ကြီးလွန်းပါလားဗျာ ခင်ဗျားနေရာမှာကျွန်တော်သာဆိုရင်ခုလိုမျိုးစိတ်အပူလွန်ပြီးလုပ်မိလုပ်ရာတွေလျှောက်လုပ်မိမှာမဟုတ်ဘူး ခင်ဗျားကတော့ခင်ဗျားမိန်းမအတွက်နဲ့ဘာကိုမှမမြင်ဘူးနော်''

သူစိတ်ထဲကနေသာတီးတိုးရေရွတ်နေလိုက်သည်။

ခဏအကြာမှာကားလေးကဆေးရုံရှေ့မှာရပ်သွားပြီးသူနာပြုမလေးတွေကသူ့အားဆေးရုံထဲခေါ်ဆောင်သွား၏။

''ငါတို့သူ့မိသားစုကိုဆက်သွယ်မှရမယ် ဥက္ကာ သူ့ဖုန်းကနင့်ထဲမှာလား''

''ဟုတ်တယ်မမ''

''ဖုန်းဖွင့်ကြည့်လိုက်ပါလား ငါတို့အချက်အလက်တစ်ခုခုတွေ့ချင်တွေ့မှာပေါ့''

သူဘောင်းဘီအိပ်ကပ်ထဲကဖုန်းလေးကိုထုတ်လိုက်တော့wallpaperမှာထင်ထင့်ပုံလေးကနေရာယူထားလေသည်။
သူပြုံးရင်းဖုန်းကိုဖွင့်လိုက်တော့passwordမခံထားတာမို့အလွယ်တကူပဲပွင့်သွားလေ၏။

သူဖုန်းcontactထဲဝင်လိုက်တော့ထိပ်ဆုံးမှာမင်းခေါင်ဆိုတဲ့နာမည်ကိုတွေ့တာကြောင့်သူထိုဖုန်းကိုပဲဆက်လိုက်သည်။

''ဟဲလို''

''ဟဲလို သူဌေးပြောပါ''

''ဟိုဟာ ကျွန်တော်ကကိုမင်းမိန့်သခင်ရဲ့မိတ်ဆွေပါ အခုသူဆေးရုံရောက်နေလို့ကျွန်တော်လှမ်းဆက်သွယ်လိုက်တာပါ''

''ဗျာ ဘယ်ဆေးရုံမှာလဲခုက''

''××××မှာပါ''

''ခုလာခဲ့မယ်နော်''

My Little Doll[completed]Where stories live. Discover now