Part.10

3.1K 71 1
                                    

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာမို့ထင်ထင်တစ်ယောက်တည်းအိမ်မှာပျင်းနေရသည်။အန်တီကလည်းအပြင်သွားတာကြောင့်ထင်ထင့်မှာစကားပြောဖော်မရှိ။ဦးကလည်းအရင်ကမှစနေ တနင်္ဂနွေနေ့တွေဆိုရင်ဟိုတယ်မသွားဘဲထင်ထင်နဲ့အတူအဖော်ပြုပေးသေးသည်။ခုတော့ဦးတစ်ယောက်အလုပ်မအားဘူးဆိုပြီးအပြင်ပဲနေ့တိုင်းထွက်နေတော့တာပင်။

''မမလေး သူဌေးကမမလေးအတွက်မုန့်ပို့ခိုင်းလိုက်လို့ပါ''

အသံနဲ့အတူမင်းခေါင်သူမအနားရောက်လာပြီးလက်ထဲကအိတ်အားလာပေးလေ၏။
ထင်ထင်လက်ထဲကဖုန်းကိုချပြီးအိတ်ကိုလှမ်းယူရင်း

''ဦးကရော ဟိုတယ်မှာလား''

''ဟုတ်ပါတယ်မမလေး''

''အဲဒါဆိုထင်ထင့်ကိုဦးဆီလိုက်ပို့ပါလား ထင်ထင်လည်းဟိုတယ်ကိုမရောက်ဖူးသေးတော့သွားကြည့်ချင်လို့''

''မရဘူးနော် မရဘူး''

မင်းခေါင်ကအကြောက်အကန်ငြင်းနေတာကြောင့်ထင်ထင်မျက်မှောင်လေးကျုံ့သွားရကာ

''ဘာလို့လဲ''

''ဟို ဒီနေ့က ဟို နိုင်ငံခြားဧည့်သည်တွေရောက်နေတာလေ သူဌေးကိုယ်တိုင်ဧည့်ခံနေရတော့မမလေးကိုဂရုမစိုက်နိုင်မှာစိုးလို့ပါ''

ထင်ထင်မယုံသင်္ကါရုပ်လေးနဲ့ကြည့်နေတုန်းခြံရှေ့ကဘဲလ်သံကြောင့်မင်းခေါင်အသက်ရှူချောင်သွားရသည်။

''ဘယ်သူလဲမသိဘူး''

''ကျွန်တော်ကြည့်လိုက်မယ်''

ပြောပြောဆိုဆိုနဲ့မင်းခေါင်ကCCTVကနေကြည့်လိုက်တော့စွဲညှို့ဖြစ်နေလေရဲ့။

''မမလေးရဲ့အစ်မရောက်နေတာ​ဗျ''

''ဟယ် အတော်ပဲ မြန်မြန်ဖွင့်ပေးလိုက်နော်''

မင်းခေါင်လည်းremoteလေးကိုနှိပ်လိုက်လေသည်။
ခဏကြာတော့စွဲညှို့အိမ်ထဲရောက်လာပြီးလွယ်ထားတဲ့ပိုက်ဆံအိတ်လေးကိုဆွဲချွတ်ကာစားပွဲပေါ်ပစ်တင်ရင်းထင်ထင့်ဘေးကဆိုဖာမှာခြေပစ်လက်ပစ်ဝင်ထိုင်လိုက်၏။

''မမရောက်လာတာနဲ့အတော်ပဲ ထင်ထင်တစ်ယောက်တည်းပျင်းနေတာ''

''နင့်ယောကျ်ားမရှိဘူးလား''

My Little Doll[completed]Kde žijí příběhy. Začni objevovat