မင်းမိန့်သခင်အိပ်ရာကနိုးတဲ့အချိန်မှာဘေးမှာထင်ထင်ရှိမနေပေ။
သူကိုယ်ပေါ်ကစောင်ကိုဖယ်ကာကုတင်ပေါ်ကဆင်းမယ်လုပ်တော့အိပ်ရာထက်မှာသွေးစတစ်ချို့ကိုတွေ့လိုက်ရ၏။သူထင်ထင်အရမ်းများလန့်သွားမလားဆိုတဲ့စိုးရိမ်စိတ်ကရင်မှာကြီးစိုးလာကာကုတင်အောက်မှာပုံကျနေတဲ့သူ့အဝတ်အစားတွေကိုကောက်ဝတ်လိုက်ပြီးအခန်းထဲမှထွက်ခဲ့၏။
အောက်ကိုရောက်တော့အဝတ်ဇလုံကြီးသယ်လာတဲ့အိမ်အကူကိုတွေ့တော့
''မာမာ နင့်မမလေးရော''
''မမလေးမနက်အစောကြီးကတည်းကအပြင်ထွက်သွားတယ်''
''ဘာ နင်ဘာလို့မတားတာလဲ ဘာလို့သွားခွင့်ပြုလိုက်တာလဲ''
သူဒေါသတကြီးအော်တော့အိမ်အကူမလေးကအထစ်ထစ်အငေါ့ငေါ့နဲ့
''မမလေးက အစ်ကိုလေးကိုပြော ပြောပြီးပြီဆိုလို့ပါ''
ထိုစဥ်ဒေါ်ထိပ်ထားဦးအိမ်ပေါ်ထပ်ကဆင်းလာပြီး
''ဘာဖြစ်နေကြတာလဲ သား အစောကြီးနိုးနေပါလား ထင်ထင်ရော''
''ထင်ထင်အိမ်ကထွက်သွားတယ်မာမီ''
''ဟင် သူကဘယ်သွားတာလဲ''
''ကျွန်တော်လည်းမသိဘူး ကျွန်တော်သူ့ကိုလိုက်ရှာလိုက်ဦးမယ်''
သူ့ခမျာဆံပင်ဆုတ်ဖွားအဝတ်အစားဖရိုဖရဲနဲ့မျက်နှာတောင်မသစ်နိုင်ဘဲအိမ်မှအမြန်ထွက်လာခဲ့၏။
သူစိုးရိမ်မိတာကထင်ထင်ညကအဖြစ်အပျက်ကိုအရမ်းလန့်ပြီးသူ့ကိုလည်းကတိမတည်လို့မုန်းသွားမှာကိုပင်။''မာမာ နင့်မမလေးကဘယ်အချိန်ကထွက်သွားတာလဲ''
''မနက်ငါးနာရီလောက်ကပါမေမေကြီး''
''ဟင် ဒီကလေးဘယ်သွားတာတုန်း ကဲကဲ နင်လုပ်စရာရှိတာသွားလုပ်တော့သွား''
''ဟုတ်မေမေကြီး''
_/\_♥_/\_
''အီးဟီး အဟင့် ဟင့်''
မနက်စောစောစီးစီးအိမ်ကိုရောက်လာပြီးရောင်ကတည်းကထိုင်ငိုနေသောထင်ထင့်ကိုကြည့်ကာဒေါ်ဒေစီရောစွဲညှို့ပါအတော်လေးစိတ်ရှုပ်နေပြီဖြစ်သည်။ဘာမေးမေးလည်းမဖြေ။
YOU ARE READING
My Little Doll[completed]
RomanceCompleted မြင်မြင်ချင်းချစ်မိသွားတဲ့ကောင်မလေးကိုအရယူမယ့်လူကြီးရဲ့ချစ်တတ်မှုပေါင်းသောင်းခြောက်ထောင်