မင်းမိန့်သခင်ရဲ့ကားလေးကထင်ထင့်တို့ကျောင်းရှေ့မှာထိုးရပ်သွားသည်နှင့်ထင်ထင်ကားပေါ်ကဆင်းဖို့ပြန်လိုက်သည်။
''နေဦး''
ဦးကထင်ထင့်လက်ကိုဆွဲထားရင်းမှ
''အစားအသောက်အသွားအလာဆင်ခြင်ပါ လမ်းကိုလည်းဖြေးဖြေးလျှောက်''
သူ့စကားကြားတော့ရှေ့ကကားမောင်းတဲ့မင်းခေါင်ကပြုံးစိစိနှင့်။
''ထင်ထင်သိတယ် ထင်ထင်ကလေးမဟုတ်ဘူး ဦးစိတ်မပူပါနဲ့''
''ကလေးမဟုတ်လို့ပြောနေရတာ ကလေးဆိုရင်ဖြဲခြောက်လို့လည်းရတယ် စကားနားမထောင်ရင်တုတ်နဲ့နာနာလေးရို-က်လို့ရတယ် မင်းကိုဘာမှလုပ်လို့မရလို့ပေါ့''
''လုပ်လို့ရရင်လုပ်ချင်သေးတာလား''
''မင်းတော်တော်ကလန်ကဆန်လုပ်တာပဲ အရင်ကလည်းအဲလိုပဲလား''
''ဟုတ်တယ်''
ပြောပြီးတာနဲ့ထင်ထင်ကားပေါ်ကဆင်းကာကားတံခါးကိုဆောင့်အောင့်ပိတ်ပစ်လိုက်၏။
''ထင်ထင်သွားပြီကိုမင်းခေါင်''
''ဟမ် ဪ ဟုတ်မမလေး''
မင်းခေါင်ကိုကျနှုတ်ဆက်သွားပြီးသူ့ကျနှုတ်ဆက်မသွားသောထိုကလေးမအားမင်းမိန့်သခင်မှုန်ကုပ်ကုပ်နဲ့ကြည့်နေ၏။သူမကတော့တစ်စက်လေးမှလှည့်မကြည့်ဘဲကျောင်းထဲဝင်သွားပြီဖြစ်သည်။
''သွားတော့လေ ဘာလုပ်နေတာလဲ''
''ဟုတ်ကဲ့သူဌေး''
ဟိုတယ်သို့ရောက်သော်...
''သူဌေး သူဌေးရဲ့သူငယ်ချင်းကိုထက်မြတ်ရောက်နေတယ်ရှင့်''
သူဟိုတယ်ထဲရောက်တာနဲ့သူ့အတွင်းရေးမှူးကလာပြော၏။
''ဪအေး သူအခုဘယ်မှာလဲ ငါ့ရုံးခန်းထဲမှာလား''
''ဟုတ်တယ်ရှင့်''
''အေးအေးဟုတ်ပြီ လုပ်စရာရှိတာသွားလုပ်တော့''
သူအတွင်းရေးမှူးကောင်မလေးကိုပြောပြီးသူ့ရုံးခန်းရှိရာသို့ရောက်လာခဲ့၏။
သူရောက်သွားတော့ထက်မြတ်ကကော်ဖီတွေမုန့်တွေနဲ့အတော်လေးဇိမ်ကျနေလေရဲ့။
![](https://img.wattpad.com/cover/363214262-288-k212455.jpg)
VOUS LISEZ
My Little Doll[completed]
Roman d'amourCompleted မြင်မြင်ချင်းချစ်မိသွားတဲ့ကောင်မလေးကိုအရယူမယ့်လူကြီးရဲ့ချစ်တတ်မှုပေါင်းသောင်းခြောက်ထောင်