Part.9

2.9K 71 0
                                    

''မင်းပြောတော့မင်္ဂလာပွဲကလကုန်မှဆို ခုကျဘာလို့လဝက်ဖြစ်သွားတာလဲ''

သူနဲ့ထက်မြတ်ဆိုင်တစ်ဆိုင်မှာထိုင်ရင်းစကားပြောနေတာဖြစ်သည်။

''ဟုတ်တယ် ဒါပေမယ့်ငါအဲ့အချိန်ထိမစောင့်နိုင်တော့လို့''

''မင်းတို့ကမဟုတ်လည်းလက်ထပ်ထားပြီးသားတွေပဲ မင်္ဂလာပွဲကိုအေးဆေးမှလုပ်လည်းရနေတာကို''

''မဟုတ်ဘူးကွ ငါကထင်ထင့်ကိုတခမ်းတနားနဲ့မင်္ဂလာဆောင်ပေးချင်တာ သူပျော်နေတာလေးကိုမြင်ချင်လို့ကွ ပြီးတော့တစ်ချို့တွေကငါတို့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးထားကြမှန်းမှမသိတာ အဲဒါကြောင့်မင်္ဂလာပွဲကိုအမြန်ဆုံးလုပ်ချင်တာ လူတွေထင်ထင့်ကိုကဲ့ရဲ့ကြမှာကိုငါမခံနိုင်လို့''

''အေးပါကွာ မင်းပဲအချစ်တတ်ဆုံး မင်းပဲချစ်နိုင်သူကြီး''

သူပြုံးရင်းရှေ့ကကော်ဖီခွက်ကိုလှမ်းယူလိုက်ပြီးပါးစပ်နားမှာတေ့တုန်းဆိုင်ထဲကိုဝင်လာတဲ့အမျိုးသမီးကြောင့်သူမျက်မှောင်ကျုံ့သွားပြီးကော်ဖီခွက်ကိုပြန်ချလိုက်၏။
ထိုအမျိုးသမီးကကြည်နူးရိပ်ပါပဲ။

သူ့ကိုမြင်တော့ကြည်နူးရိပ်ကလည်းသူ့ဆီကိုရောက်လာကာခုံမှာဝင်ထိုင်ရင်း

''မောင် မတွေ့တာကြာပြီနော်''

''ကျွတ် မင်းငါ့ကိုအဲလိုလာခေါ်စရာအကြောင်းမရှိဘူးနော် ငါကကာမပိုင်မိန်းမရှိပြီးသား လူအထင်လွဲအောင်လို့အရှက်မရှိလျှောက်ခေါ်မနေနဲ့''

ထိုအခါထက်မြတ်က

''သူအရှက်မရှိတာအရင်ကတည်းကလေ''

ဟုဝင်ပြော၏။

''နင့်ပါးစပ်ပိတ်ထား မိန့် မိန့်အိမ်ထောင်ကျသွားပြီမှန်းရိပ်သိပါတယ် အဲဒါကြောင့်လေ ရိပ်ကမိန့်နဲ့မိတ်ဆွေသဘောမျိုးနဲ့ပဲပတ်သက်မှာပါ မရဘူးလားဟင်''

''မရဘူး ရည်းစားဟောင်းနဲ့သူငယ်ချင်းလိုနေရအောင်ငါအဲလောက်လူမှုရေးမရှိဘူး ပြီးတော့မင်းဟိုတစ်လောကငါ့မိန်းမကိုခေါ်ပြီးဘာတွေပြောလိုက်တာလဲ''

My Little Doll[completed]Where stories live. Discover now