Part.1

9.2K 124 0
                                    

"သူဌေး အဲ့မိန်းကလေးပဲလေ သူဌေးလက်ထပ်ရမယ့်သူက''

ဘေးကတပည့်ဖြစ်သူမင်းခေါင်စကားကြောင့်သူကားထဲကနေဘားရဲ့ဝင်ပေါက်ကိုလှမ်းကြည့်လိုက်တော့ယောကျ်ားတစ်ယောက်နဲ့အတူဘားထဲကထွက်လာတဲ့မိန်းကလေးကိုတွေ့လိုက်ရသည်။သူမပုံစံကအတော်လေးမူးနေပုံပါပဲ။ဘေးကအမျိုးသားလည်ပင်းကိုသိုင်းဖက်ကာဘာတွေပြောနေမှန်းမသိ။

'အဲ့လိုမိန်းမလား အဲ့မိန်းမကိုငါ့မိဘတွေကဘာတွေသဘောကျနေတာလဲ အံ့သြစရာပဲ'

'သူကသူဌေးရဲ့မိဘတွေရှေ့ဆိုအရမ်းယဥ်ကျေးသိမ်မွေ့ပြနေတာလေ'

'အဟင်း ငါ့မိဘကိုပဲအဲလိုလုပ်လို့ရမယ် ငါ့ကိုလာလုပ်လို့မရဘူးမှတ်ထား မင်းခေါင် အဲ့မိန်းမကိုvideoရိုက်ထားစမ်း ငါ့ရဲ့ချစ်လှစွာသောမိဘနှစ်ပါးကိုပြန်ပြရအောင်'

'ဟုတ်ကဲ့'

မင်းခေါင်လည်းအင်္ကျီအိတ်ကပ်ထဲကဖုန်းကိုထုတ်ကာသူမအားvideoရိုက်နေလိုက်သည်။သူvideoရိုက်နေစဥ်မှာပဲထိုမိန်းကလေးကသူ့ဘေးကအမျိုးသားနဲ့kissingပေးလိုက်တော့သူတို့အတွက်ပိုပြီးခွင်(ဂွင်)တည့်သွားတာပင်။

'ပြီးပြီလား ပြန်မယ်'

'ဟုတ်ကဲ့'

သူတို့ကားလေးကထိုဘားနဲ့မလှမ်းမကမ်းမှာရပ်ထားရင်းမှနောက်ကြောင်းပြန်လှည့်ခဲ့၏။
အလုပ်ကိစ္စနဲ့နိုင်ငံခြားမှာရောက်နေတဲ့သူ့အားမာတာမိခင်ကအလောတကြီးပြန်ခေါ်၍သူ့မှာအမြန်ပြန်လာရတာပင်။ဒီရောက်တော့သိလိုက်ရတာကသူ့အားမိန်းမပေးစားဖို့ပါတဲ့။

ဒီခေတ်ကြီးမှာဒါမျိုးတွေရှိနေသေးတာအတော်လေးအံ့သြစရာပင်။အထူးသဖြင့်သူ့လိုအလုပ်အကိုင်အတည်တကျဖြစ်နေပြီးအသက်အရွယ်အရရင့်ကျက်တည်ငြိမ်နေပြီဖြစ်တဲ့29နှစ်အရွယ်သူ့လိုလူမှာပိုတောင်မဖြစ်သင့်သေးတယ်။သူ့အသက်အရွယ်နဲ့ဆိုမိန်းမကောင်းတစ်ယောက်ကိုသူ့အရည်အချင်းနဲ့သူရှာလို့ရနေပြီမဟုတ်လား။

ဘယ်လိုပဲဖြစ်ဖြစ်ဒီကိစ္စကမနက်ဖြန်ဆိုရင်
အားလုံးပျက်စီးသွားတော့မှာပင်။

^^^^^♥^^^^^

'စွဲညှို့ စွဲညှို့ ထစမ်း ဘယ်အချိန်ရှိနေပြီလဲ ညည်းကိုငါညကဒီနေ့အိမ်ကိုမထိပ်ထားဦးတို့လာမှာလို့ပြောထားတယ်လေ ခုထစမ်း ဟိုကလာတော့မှာတဲ့ သူ့သားမင်းမိန့်သခင်ပါပါလာမှာတဲ့ ထစမ်းပါဟဲ့'

My Little Doll[completed]Where stories live. Discover now