Part.15

2.5K 66 0
                                    

ထင်ထင်ဖြစ်ကြောင်းကုန်စင်အားမိခင်ဖြစ်သူကိုရင်ဖွင့်ရင်းမိခင်ရင်ခွင်ထဲမှာငိုနေမိသည်။
ဘာလို့ခုလိုတွေဖြစ်လာရသလဲထင်ထင်မသိတော့ပါ။ဦးကထင်ထင်နဲ့ပတ်သက်တာတွေကိုပဲမေ့သွားသည်တဲ့။ဒါဖြစ်နိုင်လို့လား။

''မငိုပါနဲ့သမီးရယ် မောင်မင်းမိန့်သခင်ကပြန်ပြီးသတိရလာနိုင်ချေရှိသေးတယ်လို့ဆရာဝန်ကပြောတယ်မလား''

''ထင်ထင်ကြောက်တယ်မေမေရယ် ဦးကထင်ထင့်ကိုလုံးဝမမှတ်မိတော့ရင်ရော''

''အဲဒါဆိုသူသမီးကိုနောက်တစ်ကြိမ်ပြန်ချစ်လာအောင်လုပ်ပေါ့''

ထင်ထင်ဒေါ်ဒေစီ့ရင်ခွင်ထဲကနေခွာကာ

''ပြန်ချစ်အောင်လုပ်ရမယ်''

''အင်း သူအရင်ကသမီးကိုချစ်ခဲ့ဖူးတာပဲ ဦးနှောက်ကမေ့သွားပေမယ့်နှလုံးသားကတော့မေ့မှာမဟုတ်ပါဘူး ဒါနဲ့စွဲညှို့ပြောတာ ကြည်နူးရိပ်ကိုသူ့မိဘတွေကနိုင်ငံခြားကိုပြန်ခေါ်သွားပြီဆို''

''ဟုတ်တယ် သူ့သမီးလုပ်ရပ်တွေအတွက်ထင်ထင်တို့ကိုတောင်းပန်သွားတယ် အိမ်ကိုလည်းရတဲ့စျေးနဲ့အပြီးရောင်းသွားတယ်ကြားတာပဲ''

''ကြောက်စရာကောင်းလိုက်တဲ့ကံတရားပဲနော် သူများအပေါ်မကောင်းကြံခဲ့တော့သူ့ဘဝဖြစ်သွားတာကိုကြည့်ပါဦး အင်း တစ်ကယ်ကိုတရားရစရာကောင်းတာပဲ''

''မေမေ ထင်ထင်အဲ့အိမ်ကိုမပြန်ချင်တော့ဘူး''

''မရဘူးသမီး သမီးပြန်ရမယ် ဒီမှာနေချင်တယ်ဆိုရင်တောင်စိတ်ပြေလက်ပျောက်ရက်ပိုင်းလောက်နေပေါ့ နော်''

''ဟုတ်ကဲ့ပါ''

''မငိုနဲ့တော့နော် တစ်ခုခုဆိုဗိုက်ထဲကကလေးမျက်နှာကိုပြေးမြင်လိုက်ပေါ့''

''ဟုတ်ကဲ့ပါမေမေ''

ထင်ထင်ဗိုက်ချပ်ချပ်လေးအားလက်လေးနဲ့ခပ်ဖွဖွကိုင်ရင်းစိတ်ထဲမှ

''ကလေးလေး ကလေးလေးရဲ့ဖေဖေ မေမေ့ကိုပြန်မှတ်မိပါစေနော်''

ဟုဆုတောင်းနေရုံသာ။

☃☃☃

ဒီနေ့ဦးဆေးရုံကဆင်းပြီဟုဦးရဲ့မာမီကထင်ထင့်အားဖုန်းလှမ်းဆက်၏။ပြီးတော့အိမ်ကိုပြန်လာခဲ့ပါတဲ့။
ထင်ထင် မေမေနဲ့မမကိုတိုင်ပင်တော့နှစ်ယောက်လုံးကပြန်သွားပါဟုတစ်ညီတစ်ညွတ်တည်းပြောလာတာမို့ထင်ထင်အိမ်သို့ပြန်ရန်ဆုံးဖြတ်လိုက်သည်။

My Little Doll[completed]Where stories live. Discover now