ညကတစ်ညလုံးအိပ်မပျော်ခဲ့ဘဲမနက်မိုးလင်းခါနီးမှသူမှေးခနဲအိပ်ပျော်သွားလေသည်။
သူအိပ်ပျော်နေတုန်းနားထဲမှာတစ်ယောက်ယောက်လှုပ်ရှားနေသံကြား၍သူမျက်လုံးကိုအားယူကာဖွင့်ကြည့်လိုက်တော့ထင်ထင်တစ်ယောက်ကြမ်းပြင်မှာထိုင်ကာဗီရိုထဲကသူမအဝတ်အစားတစ်ချို့ကိုအိတ်လေးတစ်လုံးထဲခေါက်ထည့်နေလေ၏။
''အဲဒါဘာလုပ်နေတာလဲထင်ထင်''
သူအိပ်နေရာမှထကာကုတင်ပေါ်မှာခြေချထိုင်ရင်းမေးလိုက်၏။
''ထင်ထင်အိမ်ခဏပြန်မလို့''
သူမကဖြေပြီးတာနဲ့အဝတ်အစားတွေကိုထပ်ထည့်နေပြန်သည်။
''အိမ်ခဏပြန်တာကိုအဲ့အဝတ်အစားတွေကဘာလုပ်ဖို့လဲ''
''ထင်ထင်အိမ်မှာခဏလောက်နေမလို့ တစ်လနှစ်လလောက်''
''ဘာ''
သူ့ခြေလှမ်းကြဲကြီးတွေနဲ့ထင်ထင့်နားကိုသွားကာသူမအားလက်မောင်းတစ်ဖက်ကနေဆွဲထူကာထစေလိုက်၏။
''မင်းဘာပြောလိုက်တယ် ပြန်ပြောစမ်း''
''အိမ်မှာခဏပြန်နေမလို့လို့ပြောနေတာလေ ဘာလို့ထပ်ခါခါမေးနေတာလဲ''
''မပြန်ရဘူး မင်းဘယ်မှမသွားရဘူး''
''သွားမှာပဲ ထင်ထင်အိမ်ပဲပြန်ချင်တယ် အိမ်မှာသာဆိုမေမေနဲ့မမကထင်ထင့်ကိုဂရုစိုက်ကြမှာ''
''ဒီကလူတွေကရောမင်းကိုဂရုမစိုက်လို့လား''
''စိုက်ပါတယ် ဒါပေမယ့်မိဘနဲ့တော့ဘယ်တူမလဲ အထူးသဖြင့်ဦးပဲ ထင်ထင့်ကိုအပေါ်ယံပဲဆက်ဆံတာလေ မေမေနဲ့မမဆိုထင်ထင့်ကိုတစ်ကယ့်စိတ်ရင်းနဲ့ဂရုစိုက်ကြမှာ''
''ထင်ထင် မင်းငါ့ဒေါသကိုလာမဆွဲနဲ့နော် ကောင်းကောင်းပြောနေတုန်းမင်းအဝတ်အစားတွေကိုဗီရိုထဲပြန်ထည့်လိုက်''
''မထည့်ဘူး ထင်ထင်ကတော့ရအောင်ပြန်မှာပဲ''
''ထင်ထင် မင်းတော်တော်ဆိုးတဲ့မိန်းကလေးပဲ မင်းဘာလို့အဲလောက်ပြောရခက်နေတာလဲ ဟမ်''
''ဦးကသာခက်နေတာပါ ကိုယ့်မိဘအိမ်ပြန်မှာကိုဘာလို့လာတားနေတာလဲ''
BẠN ĐANG ĐỌC
My Little Doll[completed]
Lãng mạnCompleted မြင်မြင်ချင်းချစ်မိသွားတဲ့ကောင်မလေးကိုအရယူမယ့်လူကြီးရဲ့ချစ်တတ်မှုပေါင်းသောင်းခြောက်ထောင်