ဆေးရုံရဲ့အခန်းတစ်ခန်းထဲမှာမင်းမိန့်သခင်တစ်ယောက်မေ့မျောနေလေသည်။
ထင်ထင်ကသူ့ဘေးကနေသူ့လက်ကိုကိုင်ကာငိုယိုလို့။''ထင်ထင့်အမှားပါ ထင်ထင်ဦးကိုအဲ့အိမ်ကိုခေါ်မသွားသင့်ဘူး ထင်ထင့်ကြောင့်''
မင်းခေါင်ကလည်း
''စိတ်လျှော့ပါမမလေးရယ် ဒါကမမလေးကြောင့်မဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့''
''မဟုတ်ဘူးကိုမင်းခေါင်ရဲ့ ထင်ထင်ဦးကိုအဲ့ဒီကိုခေါ်သွားတာကိုကမှားသွားတာ''
မင်းခေါင်လည်းဘာမှဆက်မပြောတော့ဘဲဘေးကနေသာရပ်ကြည့်နေလိုက်တော့သည်။
''မာမီသိပြီးပြီလားဟင်''
''မပြောရသေးဘူးမမလေး အလကားနေရင်းစိတ်ပူနေမှာစိုးလို့''
''အင်းပါ မပြောပြတာပဲကောင်းပါတယ်''
ထင်ထင် ဦးရဲ့လက်ကိုသူမပါးပေါ်တင်ကာအပေါ်ကနေအုပ်မိုးကာကိုင်ထားမိ၏။
''ဒါဆိုကျွန်တော်မမလေးစားဖို့တစ်ခုခုသွားဝယ်လိုက်ဦးမယ်နော်''
ထင်ထင်ခေါင်းညိတ်မိသလားပင်မသိတော့ပါ။တစ်အောင့်နေတော့အခန်းတံခါးဖွင့်သံနဲ့ပိတ်သံကိုကြားလိုက်ရသည်။
ထင်ထင်မျက်ရည်စတွေကိုသုတ်ရင်းပြားချပ်နေတဲ့ဗိုက်ကလေးကိုကိုင်ကာ
''ကလေးလေး ကလေးလေးရဲ့ဖေဖေမြန်မြန်နိုးလာပါစေနော်''
ထိုစဥ်ဦးဆီကညီးညူးသံနဲ့လှုပ်ရှားသံတွေကြားလိုက်ရသည်။
''အား ကျွတ်ကျွတ်''
''ဟင် ဦး ဦးသတိရလာပြီ ထင်ထင်ဆရာဝန်ကိုသွားခေါ်လိုက်မယ်နော်''
ထိုအခါဦးကသူမလက်ကိုဆွဲထားကာ
''မခေါ်နဲ့ဦး ငါဘာဖြစ်သွားတာလဲ''
''ဦးသတိလစ်သွားတာ ဆရာဝန်ပြောတာတော့စိတ်ဖိစီးလွန်သွားလို့တဲ့ ပြီးတော့ဦးကဦးနှောက်ကိုအတင်းဖိအားပေးသလိုဖြစ်သွားလို့တဲ့''
မင်းမိန့်သခင်အိပ်နေရာကနေအားယူပြီးထတော့ထင်ထင်သူ့အားကူပြီးထူပေးလိုက်၏။
YOU ARE READING
My Little Doll[completed]
RomanceCompleted မြင်မြင်ချင်းချစ်မိသွားတဲ့ကောင်မလေးကိုအရယူမယ့်လူကြီးရဲ့ချစ်တတ်မှုပေါင်းသောင်းခြောက်ထောင်