Final Part

5.3K 95 2
                                    

''မြန်မြန်မောင်းစမ်းပါရှင် ​နှေးလိုက်တာလိပ်ကျလို့''

''ငါလည်းမောင်းနေတာပဲလေ''

''စကားများနေသေးတယ် မောင်းပါဆို ဟိုမှာကျွန်မညီမကက​လေးတောင်မွေးပြီးနေလောက်ပြီ''

''သူမမွေးခင်အရောက်သွားတော့ရောမင်းကဘာလုပ်ပေးနိုင်မှာမို့လို့လဲ''

''တော်တော်လျှာပါးတဲ့ယောကျ်ား''

''စကားပြောဆင်ခြင်နော် ငါအရင်ကမင်းခေါင်မဟုတ်တော့ဘူး''

''အောင်မာ စကားကြီးစကားကျယ်နဲ့ ရှင့်ဘာသာရှင်ဘာကောင်ကြီးဖြစ်ဖြစ်ကျွန်မကဂရုကိုမစိုက်တာနော်''

တစ်ကယ်တော့မင်းခေါင်ရဲ့မိဘတွေကမင်းခေါင်ကိုသူတို့နဲ့အတူပြန်လာနေဖို့လာခေါ်သွားတာလအနည်းငယ်ကြာပြီပင်။
သူကမင်းမိန့်သခင်ရဲ့ဟိုတယ်မှာရှယ်ယာဝင်လိုက်တာမို့သူကအရင်လိုမင်းမိန့်သခင်ရဲ့ညာလက်ရုံးမဟုတ်တော့ပေ။

သူတို့ဆေးရုံကိုရောက်သွားတော့အားလုံးမွေးခန်းရှေ့မှာစုပြုံနေကြလေသည်။
အင်းလေ ထင်ထင့်ကလေးကနှစ်ဖက်စလုံးအတွက်သားဦး ​မြေးဦးလေးကိုး။သည်းသည်းလှုပ်ကြတော့မှာပေါ့။

''မေမေ''

''စွဲညှို့ လာပြီလား''

''ထင်ထင်မွေးပြီလားမေမေ''

''မမွေးသေးဘူး ပေးထားတဲ့due dateထက်ဗိုက်ကစောနာလာတာတဲ့ ထင်ထင်ကရိုးရိုးလည်းမမွေးနိုင်လို့အခုခွဲမွေးနေရတယ်''

သူတို့အားလုံးဂနာမငြိမ်ကြဘဲတောင်လျှောက်လိုက်မြောက်လျှောက်လိုက်နှင့်မွေးခန်းရှေ့မှာခြေချင်းလိမ်နေကြ၏။

ထိုအချိန်တွင်မွေးခန်းတံခါးပွင့်လာပြီးသူနာပြုမဆရာမလေးကအနှီးထုပ်လေးတစ်ခုကိုပိုက်ကာအခန်းထဲမှထွက်လာလေသည်။

''မွေးပါပြီရှင် ​ယောကျ်ားလေးပါနော် က​လေးရောမိခင်ရောကျန်းမာပါတယ် ၉ပေါင်နဲ့6အောင်စရှိပါတယ်''

မင်းမိန့်သခင်ကသူနာပြုထဲကကလေးကိုလက်လွှဲယူကာ

''ဟာ ငါ့သားကဖွေးဖွေးတုတ်တုတ်ကြီးဟေ့ ဒက်ဒီနဲ့မာမီ ကြည့်ပါဦး မာမီတို့မြေးကို မေမေ မေမေ့မြေးကိုလာကြည့်ဦး''

You've reached the end of published parts.

⏰ Last updated: Feb 18 ⏰

Add this story to your Library to get notified about new parts!

My Little Doll[completed]Where stories live. Discover now