အပိုင်း ၁၇၃၊၁၇၄

Start from the beginning
                                    

 "မဟုတ်တော့ဘူး ကျေးဇူးပါ"

"ဟင်။ ဘာလို့မလုပ်ရမှာလဲ"
လဲ့ယောင်းယောင်း၏ ငြင်းပယ်မှုကြောင့် နန်ကုန်းကျင်းရှီ အံ့သြသွားသည်။ ဒါပေမယ့် သူ့ယပ်တောင်ကို ပိတ်လိုက်တာနဲ့ သူ့ကိုယ်သူ အမြန်ပြန်ပြင်လိုက်သည်။ သွားပေါ်ပြီး ပြုံးပြပြီး ရယ်လိုက်ကာ “ငါသိပြီ! အရက်အလွန်အကျွံသောက်ရင် နောက်နေ့ ခေါင်းကိုက်မှာကြောက်လို့မလား။ ဟားဟား။ ဒါက ကျိုးကြောင်းဆီလျော်တဲ့ စိုးရိမ်စရာပဲ။ အရင်တုန်းက ပထမအကြိမ် မူးရင် ခေါင်းပေါက်ကွဲသွားသလို ခံစားရတယ်။ အဲ့တုန်းကဆို ငါသေတော့မယ်ထင်ခဲ့တာ! ဒါပေမယ့် တဖြည်းဖြည်းနဲ့ အရက်သောက်တာကို သဘောကျလာတယ်။ အင်း...မင်းမသောက်ချင်ဘူးဆိုတော့ ငါတို့နောက်တစ်ခေါက်မှသွားကြတာပေါ့ "

ထို့နောက် နန်ကုန်းကျင်းရှီသည် သူ၏ ၀တ်ရုံကို ရုတ်သိမ်းလိုက်ပြီး ထိုင်ချလိုက်သည်။ ရှောင်ထျန်က လက်ဖက်ရည်ကို သူ့ဆီပို့ပေးဖို့ အချိန်ကျပြီ။

နန်ကုန်းကျင်းရှီ၏ မျက်လုံးများက လဲ့ယောင်းယောင်းဆီကို ထပ်မံ စိုက်ကြည့်လာပြန်သည်။ သူ ပြုံးနေသည်။

“ရှောင်ကျူးဇီ၊ မင်းအနောက်ဘက်က ရေကန်ကို တစ်ခါမှ မရောက်ဖူးဘူးမလား။ အနောက်ဘက်က ရေကန်က အရမ်းပျော်ဖို့ ကောင်းတယ်လို့ ငါမင်းပြောပါရစေ"
"ပျော်စရာကောင်းတယ်! ညရှုခင်းက အံ့မခန်းပဲ။ အရေးအကြီးဆုံးကတော့ မြစ်ကမ်းနံဘေးမှာ သရေစာတွေ အများကြီးရှိတယ်။ သူတို့က အလွန်အရသာရှိလှတယ်။ အချို၊ အချဉ်၊ အစပ် နဲ့ မင်းစဉ်းစားလို့ရတဲ့ အခြားအရာတွေရှိတယ်။ နောက်တော့ မင်းကံကောင်းသွားလိမ့်မယ်!"
"တကယ်လား?!"

ဒါကိုကြားတော့ လဲ့ယောင်းယောင်း စိတ်ထဲမှာ မခံစားနိုင်လောက်အောင်ပဲ။ နောက်ဆုံးတော့ သူမဟာ အနောက်ဘက်ကရေကန် ကို တစ်ခါမှ မရောက်ဖူးဘူး။ အရင်တုန်းကတော့ သရေစာတွေက အရမ်းကောင်းတယ်လို့ လူတော်တော်များများဆီက သူမ ကြားခဲ့ဖူးတယ်။ ဒါပေမယ့် သူမ သွားခွင့်မရခဲ့ဘူး။

လဲ့ယောင်းယောင်း စိတ်လှုပ်ရှားနေချိန်တွင် ရှည်လျားကျဉ်းမြောင်းသော အေးစက်တဲ့ မျက်ဝန်းတစ်စုံကို သူမ သတိမထားမိခဲ့ပေ။ လန်ဂျင်းယွိ၏ မျက်လုံးများ တဖျပ်ဖျပ်ခတ်နေသည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now