Extra

1.7K 153 32
                                    

Spring
Bar and Restaurant

နီယွန်မီးရောင်များဖြင့် ဆိုင်းဘုတ်သည် ဝံ့ကြွားစွာဖြင့်သက်ဝင်လျက်ရှိသည်။ သည်ဆိုင်ဖွင့်နိုင်ဖို့အတွက် နွေဦးနှင့်ဆယ်မင်းဆက်တို့နှစ်ယောက် တော်တော်လေးအပင်ပန်းခံပြီး ကြိုးစားထားသည်။

ဆိုင်အပြင်အဆင်သည် နွေဦး၏ ဒီဇိုင်းလက်ရာဖြစ်သည်။ Barဆိုင်ဒီဇိုင်းနှင့်ပတ်သက်ပြီး နွေဦးတွင်အတွေ့အကြုံများစွာရှိသည်။ နွေဦးတစ်သက်လုံးစုထားခဲ့သမျှ၊ မိဘဆီကရသည့်အမွေစသည်တို့ကို အကုန်ထည့်သုံးထားသောဆိုင်ဖြစ်ပြီး ဆယ်မင်းဆက်အတွက်လည်း ထိုနည်း၎င်းပင်...

သူတို့ဆိုင်ဖွင့်ပွဲက ဆောင်းရာသီအစမှာပြုလုပ်ခြင်းဖြစ်သည်။ သို့မှသာ နွေဦးရာသီရောက်ချိန်တွင် ဆိုင်ကအတော်အသင့်စည်ကားသက်ဝင်နေပြီး ပုံမှန်လည်ပတ်နိုင်ရန်ဖြစ်သည်။

ဆိုင်နာမည်ကို Spring...နွေဦး ဟုသာပေးရန် ဆယ်လေးပြောလာချိန်တွင် နွေဦးသည်အလွန်တရာပျော်ရွှင်သွားခဲ့သည်။ ထိုစဥ်ကလှိုက်တက်လာသော ကြည်နူးပီတိစိတ်နှင့်ပျော်ရွှင်ခြင်း ထိုခံစားချက်များကို သူသည်ဘဝတစ်သက်တာလုံးမေ့မည်မဟုတ်ပေ။

"ဆိုင်တူတူဖွင့်ကြမယ်လေ" ဆိုသည့်စကားကိုခေါင်းညိတ်လက်ခံပြီးတော့ နွေဦးကပျော်ရွှင်နေခဲ့တာ...

ပုံဖော်မိတဲ့အနာဂတ်တွေ...သူနဲ့ဆယ်လေးရဲ့အနာဂတ်တဲ့လေ။ နှစ်ယောက်အတူဆိုသော ဖြစ်တည်မှုမှန်သမျှကို သူသဘောကျတယ်...ဆယ်လေးဘက်က ချည်တွယ်နှောင်ဖွဲ့ရစ်ပတ်သမျှ ကြိုးတွေအကုန်လုံးကို သူသိပ်သဘောကျတယ်။

တစ်ပါးသူတွေအတွက် နေထိုင်စရာ ခိုလှုံရာအိမ်ရိပ်မြုံတွေ ဖန်တီးပေးခဲ့တဲ့သူက အခုဆိုသူကိုယ်တိုင်အတွက်အိမ်ကို ဖန်တီးတည်ဆောက်နိုင်တော့မယ်...ဆယ်မင်းဆက်နဲ့အတူ...

"ကိုကို"

"အင်း..."

"ကိုကို"

"ဟင်"

"ကိုကို"

"ဆယ်မင်းဆက် မူးနေတာလား"

"ဟုတ်တယ် မူးယစ်ရီဝေနေတာ ကိုကို့ကြောင့်"

ဆယ်မင်းဆက်မျက်နှာက အပြုံးရေးရေးကိုချိတ်ဆွဲပြီး စသလိုလို အတည်လိုလိုနဲ့...

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now