Chapter (20)

1.5K 159 13
                                    

ဆယ်မင်းဆက်တမျှော်မျှော်လုပ်နေသည့်သီတင်းကျွတ်ကျောင်းပိတ်ရက်က ရောက်လာလေပြီ။ ဆယ်မင်းဆက်သည် နဂိုတည်းကအကုန်စီစဥ်ထားပြီးသားပင်။
သူသည်ကိုကိုနှင့်ခရီးလွန်နေမှာစိုးသဖြင့် မာမီနှင့်ကိုကြီးကို သီတင်းကျွတ်လပြည့်နေ့မရောက်သေးသော်လည်း ကြိုကန်တော့ထားသည်။ ဆယ်မင်းဆက်က အငယ်ဆုံးဖြစ်တာမို့ သီတင်းကျွတ်ဆို အလုပ်လည်းရှုပ်သလို မုန့်ဖိုးလည်း အများကြီးရသည်။ အလုပ်ရှုပ်တာက ဒယ်ဒီ၏မိဘများဖြစ်သည့် အဘိုးအဘွားတွေအပြင် ရှိသမျှအစ်ကို၊အစ်မ၊ ဦးလေးနှင့်အဒေါ်များထိအကုန်စေ့အောင် လက်ဆောင်များဝယ်ကာသွားကန်တော့ရ၍ဖြစ်သည်။

သို့ပေမဲ့လည်း လူတိုင်းကမုန့်ဖိုးပြန်ပေးသဖြင့် သူ့အနေနှင့်တွက်ချေကိုက်သည်။
ကိုကို့ အမေနှင့်ဦးလေးထွန်းကိုပါ ကိုကိုနှင့်အတူသူသွားကန်တော့ဖြစ်သေးသည်။

ဒါကပဏာမ ဆွေပြမျိုးပြ အဆင့်ရယ်ပါ။ ဆယ်မင်းဆက်က အန်တီနုနု၏သားမက်ဖြစ်ဖို့ ကြံရွယ်ထားသည့်သူမို့ ရသမျှအမှတ်အပြည့်ရအောင်ယူဖို့ လိုအပ်သည်။


ကိုကိုနှင့်အတူ ခရီးထွက်ရမည့်နေ့ကိုရောက်လာပြီ။ မနေ့ညက သူတစ်ညလုံးအိပ်မပျော်ဘဲ အလူးလူးအလှိမ့်လှိမ့်။ စိတ်လှုပ်ရှားမှုက ပထမဆုံးတက္ကသိုလ်စတက်ရသည့်အချိန်က ခံစားချက်နှင့်ဆင်တူသည်။ ထိုနေ့ကလည်း တညလုံးအိပ်မပျော်ခဲ့ပေ။ မျှော်လင့်ချက်တွေသယ်ဆောင်ထားသော မနက်ခင်းရောက်ချိန်မှာတော့ တုံ့ဆိုင်းမနေတော့ဘဲ အိပ်ရာထဲကအမြန်ထကာ ရေချိုးပြင်ဆင်တော့သည်။ လေကာအင်္ကျီအမဲရောင်နှင့်
ဂျင်းဘောင်ဘီတို့ကို သပ်ရပ်စွာဝတ်ဆင်ပြီး အောက်ထပ်ဆင်းလာချိန်မှာ မာမီ့ကိုတွေ့လိုက်ရသည်။

သူသည် မာမီပြင်ပေးထားသည့်မနက်စာကို စားရင်းအိမ်အပေါက်ဝကိုတမျှော်မျှော်လုပ်နေသေးသည်။ ကိုကိုက ၆နာရီမှလာခေါ်မယ်ပြောထားရက်နှင့် သူမျှော်နေမိခြင်းပင်။ အချိန်တွေမြန်မြန်ကုန်အောင် စောင့်ဆိုင်းနေသလိုမျိုးပေါ့။

"ဆယ်လေး အဝတ်အိတ်ကဒါပဲလား နည်းလှချည်လား"

"ဟုတ်တယ် ပေါ့ပေါ့ပါးပါးပဲထည့်လိုက်တာ အများကြီးတွေမသယ်ချင်လို့မာမီ"

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now