Chapter (25)

1.4K 159 21
                                    

ဆယ်မင်းဆက်သည် နောက်ထပ် ကိုကိုနှင့်ကိုစောနေသွေးတွေ့တာကို နှောင့်ယှက်မိပြန်သည်။ နှစ်ယောက်တည်းအပြင်သွားတယ်ဆိုတာကိုကြားတာနှင့်တစ်ပြိုက်နက် ဘာမှမစဥ်းစားမဆင်ခြင်ဘဲ လိုက်သွားမိသည်။

ထိုကြောင့်ကိုကိုနှင့်စကားများသလိုဖြစ်ရပြီး သူသည်Alwaysမှာ သူငယ်ချင်းတွေနှင့်အတူတူ သောက်နေရပြီ။
သူဒီနေ့ ကိုစောနေသွေးကိုပါ စိန်ခေါ်ခဲ့သေးတာ။


ကိုကိုနှင့်ကိုစောနေသွေး နှစ်ယောက်တည်း ကျွဲဆည်ကန်ဘက်ပစ္စည်းသွားကြည့်ကြသည် ဟူသောသတင်းကြောင့်ဆယ်မင်းဆက်သည် ကျောင်းချိန်တွေရှိရက်နှင့်
ပစ်ပြီး ထိုဆိုင်ကိုလိုက်သွားခဲ့သည်။ သူ့ကိုယ်သူသိသည်။ သူအခုတလော စိတ်ငြိမ်အောင်စုစည်းတည်ဆောက်လို့မရ။ ကိုစောနေသွေးဆိုသည့် ထိုလူကိုတွေးမိလျှင် ပိုပြီးစိုးရိမ်စိတ်ပူရသည်။

ထိုလူကအချိန်မရွေး ကိုကို့ကိုသူ့ဘက်ပါအောင်ဆွယ်နိုင်သည်။ သူကတော့ ကိုကို့ဆီရှေ့တစ်လှမ်းတောင် လှမ်းမရသူ။ ပြီးတော့ သူသည် စောနေသွေးကိုမုန်းသည်။ ကိုကို့ဘေးနားမှာ ကပ်နေပြီးကိုကို့နှလုံးသားကို ခိုးယူဖို့အတွက်အချိန်နှင့်အမျှ ကြံစည်အားထုတ်နေတာကို မနှစ်မြို့။ တစ်ဘဝလုံးစာရည်ရွယ်ထားတယ်ဆိုပြီး မဆုတ်မနစ်ကြိုးစားနေတာတွေလည်း မလိုချင်။ ထိုလူက ကိုကို့အနားနေနေသရွေ့ သူအမြဲတမ်းရင်ပူနေရမှာပဲ။

ဆိုင်ကသုံးထပ်အဆောက်အဦဖြစ်ပြီး အိမ်ဆောက်ပစ္စည်းနှင့်ကျောက်ပြားများ၊ အိမ်တွင်းအလှဆင်ပစ္စည်းမျိုးစုံကို ရောင်းချသည့်ဆိုင်ဖြစ်သည်။ ကျယ်ဝန်းသောနေရာမှာ ပစ္စည်းများကိုစုံလင်အောင်ခင်းကျင်းပြသထားသည်။

သူရောက်သွားတော့ ကိုကိုကအံ့သြသလိုမျိုးကြည့်လာသည်။ မဆီမဆိုင် ဒီနေရာထိဘာမှမဆိုင်ဘဲရောက်လာသည့်သူ့ကို ကိုကိုကမည်သို့မည်ပုံတွေးနေမလဲ မသိပေမဲ့သူဂရုမစိုက်နိုင်။

ကိုကိုနှင့် ကိုစောနေသွေးက ipadတစ်လုံးကိုင်ကာ ပစ္စည်းများကိုကြည့်လိုက် အပြင်ကကျောက်ပြားတွေနှင့် ယှဥ်ကြည့်လိုက်ဖြင့် အမှန်တကယ်ကိုအလုပ်များနေသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now