Chapter (21)

1.4K 150 15
                                    

မနေ့ညက ဟော်တယ်မှာပဲညစာစားကာ အပြင်ကိုလမ်းလေးဘာလေးခဏလျှောက်ပြီးမှ အိပ်ကြသည်။ ဆိုင်ကယ်စီးပြီးပင်ပန်းခဲ့ကြတာမို့ late night talkတွေအများကြီးမပြောနိုင်ဘဲ တစ်ချိုးတည်းအိပ်ပျော်သွားကြခြင်းပင်။

ကလောမြို့၏နံနက်ခင်းက အေးချမ်းဆိတ်ငြိမ်မှုအပေါင်း ခညောင်းလို့နေသည်။ ဆောင်းဝင်နေပြီမို့ မြူတွေဆိုင်းနေသည်။ ဟိုးအဝေးကဟိုးတဝါးမြင်နေရသည့်တောင်တန်းများက စိတ်ကိုတမူထူးခြားစွာ ဖမ်းစားထားပါ၏။

ဘေးခုတင်မှာအိပ်ပျော်နေသောကိုကိုကလူးလွန့်ကာထလာသည်။ တစ်ကိုယ်ရေစာကြားရုံခပ်တိုးတိုးပေးထားသည့် ဖုန်း alarm သံကို ဆယ်မင်းဆက်အခုမှကြားရတော့သည်။ ကိုကိုက alarmကိုပိတ်ပြီးကုန်းရုန်းထ၏။ ဆယ်မင်းဆက်လက်ထဲမှာ ကော်ဖီတစ်ခွက်ကိုင်ထားသည်။ ကလော၏ပတ်ဝန်းကျင်နှင့်ရာသီဥတုက ဘယ်အချိန်ဖြစ်ဖြစ် ကော်ဖီတစ်ခွက်ကောက်ကိုင်ချင်လောက်အောင် ဆွဲဆောင်လွန်းနေသည်။

ကိုကိုကသူ့အနားကိုရောက်လာသည်။

"စိတ်မရှိရင် ကော်ဖီလေးသောက်လို့ရမလား"

ကိုကိုမနက်နိုးနိုးချင်းပြောလာသည့်စကားက ထိုအရာသာ။ ဆယ်မင်းဆက်လက်ထဲက အငွေ့ထနေသောကော်ဖီခွက်ကိုပဲ အာရုံထားဟန်ရှိသည့်ကိုကို့ကို သူသည်အသာတကြည်ပဲ ကော်ဖီပေးသောက်လိုက်ပါ၏။ ကိုကိုက ဆယ်မင်းဆက်လက်ပေါ်ကနေပဲ ကော်ဖီခွက်ကိုကိုင်ကာ တစ်ငုံသောက်သည်။ သူ့လက်တွေနှင့်နီးကပ်နေသည့်ကိုကို့မျက်နှာအိအိထွေးထွေးလေးကို သူခံစားလို့ရနေသည်။

ရင်ခုန်သံတွေဆူညံလာပြန်သည်။

ကိုကိုက ဆယ်မင်းဆက်ကို ပြုံးပြလာသည်။ ဆယ်မင်းဆက်သည် ကိုကို့ပါးပြင်ကိုသူ့လက်တစ်ဖက်နှင့်ထွေးပိုက်လိုက်သည်။

"နွေးသွားလား"

ကော်ဖီခွက်ကိုကိုင်ထားသည့် သူ့လက်တွေကနွေးနေမှာသေချာပါ၏။ ကိုကိုသည် သူ့ကိုသေချာလေးငေးစိုက်ကြည့်နေသဖြင့် မလွှတ်ချင်လွှတ်ချင်ဖြင့် ထိုလက်ကိုဖယ်ပေးလိုက်သည်။

ကိုကိုတစ်ယောက်ဘာမှမပြောဘဲ ရေချိုးခန်းထဲဝင်သွားလေပြီ။ ဆယ်မင်းဆက်သည် ပြုံးတုံ့တုံ့လုပ်ကာ ကော်ဖီကိုဆက်သောက်နေမိသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now