Chapter (4)

1.7K 190 8
                                    

"ငြိမ်းကို"

အသံကိုမှတ်မိလိုက်တာမို့ သူ့နာမည်ကိုခေါ်တာမဟုတ်ပေမဲ့လည်း ဆယ်မင်းဆက်လှည့်ကြည့်လိုက်သည်။

ရီဝေဝေမျက်လုံးများနှင့်သည်လူ့ကို ဘုကြည့်ကြည့်ပေးလိုက်သည်။ သူ့ကိုငြိမ်းကိုလို့ အထင်မှားနေခြင်းကို သူသည်မဖြေရှင်းမိ။ ထိုသူက နောက်ရက်ဆိုင်ကိုလာတော့လည်း သူ့ကိုtipတွေအများကြီးထပ်ပေးသွားပြန်သည်။

ချိုသာသောအပြုံး၊ တည်ကြည်သောရုပ်သွင်ပြင်နှင့်ထိုသူက သူ့ကိုကြည့်နေသည့်အခါ သူသည်ငြိမ်းကိုမဟုတ်ကြောင်း မဖြေရှင်းချင်တော့ပေ။

Barဆိုင်မှာဒီတိုင်းတွေ့တဲ့ကောင်လေးကို သိပ်ကိုကူညီချင်နေတဲ့လူ။

ဆယ်မင်းဆက်သည် သူ၏ရုပ်ရည်အပေါ်တအားကြီးဂုဏ်ယူခဲ့ခြင်းမရှိပေမဲ့ အခုတော့သူ့ကိုယ်သူချောကြောင်း လက်ခံလိုက်တော့သည်။

ထိုသူက အလကားသက်သက်သူ့ကို အားပေးကူညီနေခြင်းက ရှင်းရှင်းလေး။

ထိုသူက သူ့ကိုကြိုက်နေတာ။

ဆယ်မင်းဆက်ကို ငြိမ်းကိုလို့ဆက်တိုက်အထင်မှားနေပြီး အခုလည်းclubမှာသူ့ကိုလာနှုတ်ဆက်နေပြန်သေးသည်။

ခုနကမှ ထိုလူကလူတစ်ယောက်နှင့်နမ်းရှိုက်နေတာမဟုတ်လား။ အချိန်ကောင်းတွေပိုင်ဆိုင်ခဲ့ပြီး ငြိမ်းကိုဖြစ်နေသည့်သူ့ကိုမြင်တော့လည်း လာပြီးရောနေပြန်သေးသည်။

ဒီလူက စားဘဲကြီးအစစ်ပဲ။

"ဟိုတစ်နေ့ကBarရောက်တော့ညီလေးကို ရှာမိသေးတယ်..ညီလေးကအလုပ်မလာဘူးဆိုလို့လေ"

ထိုသူက တည်ငြိမ်စွာပြောလာသည်။ ဒါပေမဲ့ ဆက်မင်းဆက်မျက်နှာကတော့ မဲ့ကျသွားသည်။ ငြိမ်းကိုအမှတ်နှင့် သည်လူကသူ့ကိုကစားချင်နေပုံရသည်။ Barမှာမတွေ့ရင်တောင် တကူးတကမေးနေသေးသည်။ ငြိမ်းကိုအစစ်ကအခုရက်ပိုင်း ခွင့်တွေယူထားတာ။ မဟုတ်ရင် ထိုလူမေးလို့ မန်နေဂျာကိုထိုက်မင်းဆွေတစ်ယောက် ငြိမ်းကိုအစစ်ကိုခေါ်ပေးလိုက်ရင် အမှန်တိုင်းပေါ်သွားမှာဖြစ်သည်။

ဒုက္ခရောက်နေသည့်သူကို ကူညီရင်းချဥ်းကပ်နေသည့် ထိုလူ့၏အကြံအစည်များကို ဆယ်မင်းဆက်သည် မသိချင်ယောင်ဆောင်ကာ အလိုက်သင့်လေးနေမိသည်။ ဒီအရာကပျော်စရာကောင်းသည်ကိုး။ အခုတလောပျင်းနေတာ သူ့အတွက်ထိုလူကပျော်မြူးစရာလေးဖြစ်လို့နေသည်။ စားဘဲကြီးတစ်ယောက် ဆယ်မင်းဆက်ကိုဖြူစင်သူလေးအဖြစ် အမှတ်မှားနေပုံက ရယ်ရသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now