ကျေးဇူးတင်လွှာ

654 69 17
                                    

နောက်ဆုံးတော့ ကိုကိုနွေဦးနဲ့ဆယ်မင်းဆက်အတွက် happy endingကိုရေးနိုင်ခဲ့ပြီ။ 2.2.2023 မှာစတင်ခဲ့တဲ့ဒီဝတ္ထုက နွေဦးကာလကိုကျော်ဖြတ်ပြီး 2024ရဲ့နွေဦးမရောက်ခင်မှာပဲ အဆုံးသတ်သွားပါပြီ။ main storyပြီးသွားပေမဲ့ extraတွေကတော့ အဆင်ပြေသလိုရေးပြီး တင်ပေးသွားမှာပါ။
အစတည်းက ongoing လိုက်ပေးသူတွေရော၊ တစ်ဝက်ရောက်မှ၊ ဇာတ်သိမ်းရောက်ခါနီးမှ ဖတ်တဲ့သူတွေရော၊ completedဖြစ်သွားလို့လာဖတ်ကြတဲ့သူတွေအကုန် တစ်ယောက်မကျန်ကျေးဇူးတင်ပါတယ်။ အများကြီးကျေးဇူးတင်ပါတယ်။ အချိန်တွေပေးပြီးဖတ်ပေးလို့ စိတ်ရင်းနဲ့ကျေးဇူးတင်ကြောင်း ပြောပါရစေ။

breakup tramaနဲ့နောက်ထပ်relationshipစတင်ဖို့ ခက်ခဲမှုတွေအကြောင်း သေချာရေးပြချင်လို့ ဒီဝတ္ထုကိုရေးခဲ့တာပါ။ နာမည်လှလှလေးနဲ့ themeလှလှလေးဖြစ်သွားပြီး နွေဦးရောက်တိုင်းအမှတ်ရနေမဲ့ ကိုယ့်အတွက်အလှပဆုံးအမှတ်တရတစ်ခု ဖြစ်သွားပါပြီ။ စာဖတ်သူတွေလည်း အဲလိုမျိုးခံစားရမယ်လို့ ယုံကြည်ပါတယ်။ ကိုကို့နာမည်ကို "နွေဦး" လို့ ပေးဖို့အကြံပေးခဲ့တဲ့၊ ဆယ်မင်းဆက်ဆိုတဲ့နာမည်ကိုပေးခဲ့တဲ့ ညီမလေးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။

တစ်နှစ်တာအမှတ်တရတွေအများကြီးရှိပြီး တကယ်တမ်းအဆုံးသတ်သွားတော့ ပျော်ရွှင်ရပေမဲ့လည်း ကိုယ်တော့ဟာတာတာကြီးကျန်ခဲ့တယ်။ ကိုယ်တိုင်လည်း နွေဦးနဲ့ဆယ်မင်းဆက်ကိုမခွဲနိုင်သေးဘူး။

ဒီစာတစ်ခုလုံးရေးရခြင်းက စာဖတ်သူတွေကိုကျေးဇူးတင်ချင်လို့ပါ။ တကယ်ကိုပဲ ကျေးဇူးအများကြီးတင်ပါတယ်။


အားလုံးအတွက်သာယာလှပသောနေ့လေးဖြစ်ပါစေ။

စာဖတ်သူများလည်း ကိုယ်ပိုင်နွေဦးကိုရှာတွေ့ပြီး ပိုင်ဆိုင်ခွင့်ရကြပါစေ။


Sparkle_Shoon
4.1.2024













Sparkle_Shoon
4.1.2024





နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now