Chapter (36)

1.4K 154 8
                                    

နွေဦးသည် ဆယ်လေးတင်ထားသည့် ig storyကိုဝင်ကြည့်ကာ အသည်းပုံemojiများပို့ပေးလိုက်သည်။ ဆယ်လေးက သူနှင့်နှစ်ယောက်တွဲပုံများကို မကြာခဏတင်တတ်သည်။ နွေဦးပါးပြင်ပေါ်က အမှတ်လေးကိုဖိနမ်းရင်းရိုက်ထားသည့် ဓာတ်ပုံကိုတင်ထားခြင်းပင်။ သူတို့နှစ်ယောက်ပုံစံက ဓာတ်ပုံထဲမှာလိုက်ဖက်စွာဖြင့် ကြည့်ကောင်းနေသည်။ ဒါပေမဲ့ သူသည်ဆယ်လေးကို နှစ်ယောက်တွဲပုံများ လိုင်းပေါ်သိပ်မတင်ရန် တားမိသည်။ ဆယ်လေးကဘာဖြစ်လို့လဲဆိုသည့်မေးခွန်းများမေးရင်တော့ သူမဖြေနိုင်ပေ။ ထို့ကြောင့် storyလောက်တင်ခြင်းကို သူခွင့်ပြုထားလိုက်သည်။

လိုင်းပေါ်ကိုတင်လျှင်လူအများ မြင်မည်။ သူ့အသိုင်းအဝိုင်း၊ သူ့အတိတ်ကအချစ်ရေးကို သိသူများကမြင်မည်။ ထိုအရာကို မလိုချင်ဖြစ်နေသည့် နွေဦး၏စိတ်ကို တရားချမရခြင်းဖြစ်သည်။

ဆယ်လေးကို သူ့ဘဝတစ်ခုလုံး အလုံးစုံပေးနိုင်သည်အထိချစ်သည်။ ထိုအရာကတော့ ဘယ်တော့မှလျော့ပါးသွားမှာမဟုတ်သည့် ခိုင်မြဲမှု။

သို့ပေမဲ့ သူ့ရင်ထဲကအကြောက်တရားနှင့် အကယ်၍ဆိုသည့်အရာများကို မတွန်းလှန်နိုင်သေးပေ။

နွေဦးက အတွေးများသည်။ သူ့အတွေးနှင့်သူလုံးထွေးနေပြီး ထိုအရာကိုမျိုသိပ်ထားသည်။ ထိုအရာကို ထုတ်မပြောသင့်မှန်း သူသိနေလို့ပင်။

ဆယ်လေးအပေါ် အလွန်မတရားရာကျနေပြီ။ ဒီလောက်ထိသူ့အပေါ်ချစ်မြတ်နိုးနေသူအပေါ် ကံတရားနှင့်ဖြစ်ရပ်တွေကို မယုံကြည်တော့ပါဘူးဟုဖြေလျှင် သူတကယ်ပဲမကောင်းသည့်သူဖြစ်သွားလိမ့်မည်။

စိတ်ဒဏ်ရာရထားသူက တခြားသူအပေါ်စိတ်ဒဏ်ရာပေးနိုင်သည်။ ထိုအရာမျိုးတော့ နွေဦးအဖြစ်မခံနိုင်။

နွေဦးယုံသည်။ သူကတကယ်ပဲ တဖြည်းဖြည်းချင်း သူ့ကိုယ်သူကုစားနိုင်သွားမည် ဟူ၍...




သို့ပေမဲ့ဆယ်လေးက သူ့စိတ်အတွင်းထဲသိမ်းဆည်းထားသည့်အရာတွေကို ရိပ်မိသိရှိသွားလေသည်။ နွေဦးကထိုအရာကို ဝန်မခံချင်ဘဲရှိနေခဲ့သည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now