Chapter (27)

1.6K 180 6
                                    

နွေဦးတို့မိသားစုသည် ပြင်ဦးလွင်ကိုမတက်ခင် မစားရတာကြာပြီဖြစ်သော ဒေါ်တောမုန့်တီကို တကူးတကသွားစားဖြစ်ကြသည်။ မနက်စောစောထပြီး ခရီးမသွားခင်တက်ကြွနေသည့်စိတ်က အစားသောက်ကောင်းကြောင့်ပါ ပိုပြီးပျော်ရွှင်ရသည်။

အခုလိုမျိုး အမေနှင့်အတူခရီးမသွားရတာ ကြာနေပြီဖြစ်သည်။ မာဖလာကိုလည်ပင်းမှာ ခပ်ဖွဖွလေးချည်ထားပြီး စကပ်ကိုမှခြေမျက်စိထိအရှည်မဟုတ်ဘဲ ခြေသလုံးတစ်ဝက်ကျော်တိုအောင်ဝတ်ထားသော အမေကခရီးထွက်ဖို့ သေချာကိုပြင်ဆင်ထားသည်။

"အမေက ဒေါ်နုနုဝေဆိုတဲ့အတိုင်း ကြာလေနုလေပဲနော်..."

နွေဦး၏စကားကို အမေကကျေနပ်ခြင်းပြည့်သော ရယ်သံနှင့်တုံ့ပြန်သည်။ သူ့အမေက တကယ်ပဲလှသည်။ နွေဦးကို "နွေဦး"ဆိုသော နာမည်ပေးခဲ့သည့်အမေ့၏ စိတ်ထားကလည်း နူးညံ့သိမ်မွေ့သည်။

နွေဦးကတော့ အမေနှင့်မတူ။ စိတ်ဆတ်ပြီးတဇွတ်ထိုးဆန်သည်။ မိမိကိုပြောထားသည့်အတိုင်းမဖြစ်လျှင်၊ ထိုကတိကိုမတည်လျှင် လွယ်လွယ်ဒေါသထွက်တတ်ပြီး အကျိုးအကြောင်းရှင်းပြခြင်းကို လက်မခံတတ်ပေ။ တစ်ခါတစ်ရံ ဤသို့ခေါင်းမာခြင်းက ဆက်ဆံရေးတွေအတွက် အဆင်မပြေချေ။

သူငယ်ချင်းများက နွေဦးကို နာမည်နှင့်လူမလိုက်ဖက်ဟု မှတ်ချက်ပေးတတ်သည်။ နွေဦးလေပြည်လေးလို ညင်သာသိမ်မွေ့ရမည့်အစား ဝုန်းဒိုင်းကြဲတတ်တာက သူ့ပုံစံဖြစ်သည်။

ဒေါ်တောမုန့်တီဆိုင်က နာမည်ကြီးမို့ မှာထားတာတွေရအောင် သူတို့ခဏတော့စောင့်ရသည်။ ဦးလေးထွန်းက စားနေတုန်းအဆင်ပြေစေရန် အမေပတ်ထားသည့် မာဖလာကိုခဏချွတ်ထားပါလားဟု အကြံပေးကာ ကိုယ်တိုင်ချွတ်ပေးပြီးသိမ်းပေးသည်။ ဦးလေးထွန်းက
အမေနှင့်အကျင့်စရိုက် တူသူဖြစ်သည်။ နှစ်ယောက်လုံးက အေးဆေးနူးညံ့သူတွေချည်း။

နွေဦးသည် မျက်နှာချင်းဆိုင်မှာရှိနေသည့် သူ့အမေနှင့်ဦးလေးထွန်းကာ ကြည့်ပြီး ပီတိဖြာနေမိသည်။

မုန့်တီကို အမေနှင့်ဦးလေးထွန်းက အမဲသားမစားသဖြင့် ကြက်မြစ်ကြက်သည်းနှင့်မှာသည်။ ထို့ကြောင့်နွေဦးလည်း အမဲကြောနှင့်မမှာတော့ဘဲ အမေတို့နည်းတူမှာ လိုက်သည်။ မုန့်ပွဲတွေစောင့်ရင်းဘယာကြော်တစ်ခုကို ထိုင်ဝါးကာ လိုင်းသုံးနေလိုက်သည်။ ထိုစဥ်သူ့ထံမက်ဆေ့ရောက်လာသည်။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now