Chapter (8)

1.8K 177 9
                                    

ဆယ်မင်းဆက်သည် ကျောင်းပိတ်ထားသဖြင့် နေ့ခင်းဘက်များတွင် အချိန်အားနေလေသည်။ practical စာမေးပွဲဖြေရန်နီးကပ်လာပေမဲ့ စာအတွက်စိတ်မပူမိ။ deadline နီးမှကပ်ကျက်လို့ရသည်။

အားလပ်နေတာမို့သူသည် ထက်သူနှင့်အတူပက်စ်ပို့ရုံးကို အတူလိုက်သွားဖြစ်သည်။ အပြန်တွင် အသစ်ဖွင့်သည့် cafeမှာ အတူထိုင်ရန်လည်း တိုင်ပင်စီစဥ်ကြသေးသည်။ ရုံးရှေ့ရောက်သောအခါ သူသည်အပြင်ဘက်မှာပဲစောင့်နေရန် ဆုံးဖြတ်လိုက်သည်။

ပတ်ဝန်းကျင်သည် အေးဆေးကာသာယာ၏။ စိမ်းမြမြသစ်ပင်ကြီးများသည် အရိပ်ကောင်းစွာပေး၏။ မန္တလေးတောင်၏ အရိပ်အောက်ဆို‌သောအသိနှင့်တင် ငြိမ်းချမ်းရသည်။
ကျုံးလမ်းတစ်လျှောက် ကားပြတင်းပေါက်ကနေတစ်ဆင့်ပြင်ပရှုခင်းများကို ငေးကြည့်ရင်းလိုက်လာခဲ့သည်။ လေရူးသည် တဖြူးဖြူး တသော့သော့ တိုက်ခတ်လွန်းသည်။ မန္တလေးမြို့၏နွေဦးရာသီသည် ဘယ်နေရာကြည့်ကြည့် လွမ်းမောဖွယ်ကောင်းလွန်းစွာ လှပနေ၏။

"ဒီနွေဦး လေရူးနဲ့ ငါတော့ရူးတော့မှာပဲ"

ဆယ်မင်းဆက်ဘေးနားကို ရောက်လာသည့်ထက်သူက ထညည်းသည်။ သူ့ သူငယ်ချင်းမျက်ဝန်းများသည် မှိုင်းညှို့လို့နေသည်။

ဒီကောင်လဲ အသဲကွဲနေတာပဲ။

ရူးလောက်အောင်လှသော အချိန်ရာသီမှာ အလွမ်းများကြောင့် တမြေ့မြေ့လောင်ကျွမ်းနေသော သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ဆယ်မင်းဆက်သည် စုတ်တစ်ချက်သပ်မိ၏။

"နွေဦးကိုအပြစ်တင်မနေပါနဲ့ သူ့မှာလှနေတဲ့အပြစ်ကလွဲ ဘာအပြစ်ရှိလို့လဲ"

ဆယ်မင်းဆက်သည် နွေဦးဘက်ကနေ ကာကွယ်ပြောဆိုလိုက်သည်။ လူတို့၏အသည်းပွတ်ကို ခြွေယူနိုင်လောက်သည်အထိ ရူးလောက်အောင်လှလွန်းသည်က အပြစ်မှမဟုတ်တာပဲ။

"လှနေတာကိုက အပြစ်ပဲ"

"အပြစ်က မင်းရဲ့ရွှေရောင့်ဆီမှာရှိတာလေ တကယ်တမ်းအရင်းစစ်ရင် မင်းမှာလည်းရှိတာပဲ"

ထက်သူသည် သက်ပြင်းချလေ၏။ ဆယ်မင်းဆက်သည် အစကတော့ ထက်သူရွတ်ပြတဲ့အချစ်အဘိဓမ္မာများနှင့် ရွှေရောင်
မရှိလျှင် မနက်ဖြန်သဘက်ခါပဲ ငေါက်ငနဲသေသွားနိုင်သည့် ပုံစံများကို စိတ်ညစ်သလိုခံစားခဲ့ရသည်။ သို့ပေမဲ့သူသည် ယခုတော့ ထက်သူကိုအပြစ်မမြင်နိုင်တော့ပေ။

နွေဦးသည် နောက်တစ်ဖန်Where stories live. Discover now